• Follow Us on

Home ခရစၥမတ္အကုန္တြင္ အာဖဂန္မွ အေမရိကန္တပ္ဖြဲ႕မ်ား အိမ္ျပန္ေရာက္မည္ဟု ထရမ့္ေျပာ

ခရစၥမတ္အကုန္တြင္ အာဖဂန္မွ အေမရိကန္တပ္ဖြဲ႕မ်ား အိမ္ျပန္ေရာက္မည္ဟု ထရမ့္ေျပာ

Share this post

၀ါ႐ွင္တန္၊ ေအာက္တိုဘာ ၈
 
အာဖဂန္နစၥတန္ႏိုင္ငံတြင္႐ွိေသာအေမရိကန္တပ္ဖြဲ႔၀င္အားလံုး ခရစၥမတ္အကုန္တြင္ အိမ္ျပန္ေရာက္မည္ဟု အေမရိကန္သမၼတေ ေဒၚနယ္ထရမ့္က ဗုဒၶဟူးေန႔တြင္ေျပာသည္။
 
လာမည့္ႏွစ္အေစာပိုင္းတြင္ အာဖဂန္မွအေမရိကန္တပ္ဖြဲ႔၀င္အေရအတြက္ ၂၅၀၀ အထိေလွ်ာ့ခ်ရန္ အမ်ိဳးသား လံုၿခံဳေရးအႀကံေပး ေရာဘတ္ အိုဘ႐ိုင္ယန္ကေျပာၿပီး နာရီပိုင္းအၾကာတြင္ ထရမ့္ကေျပာျခင္းျဖစ္သည္။
 
ေဖေဖာ္၀ါရီက အေမရိကန္ႏွင့္တာလီဘန္တို႔ၾကားသမိုင္း၀င္သေဘာတူညီခ်က္အရ ၂၀၂၁ ခုႏွစ္၊ ေမအကုန္တြင္ အာဖဂန္မွႏိုင္ငံျခားတပ္ဖြဲ႔မ်ား ျပန္ရမည္ျဖစ္ၿပီး အျပန္အလွန္အေနျဖင့္ အာဖဂန္တြင္ တာလီဘန္မ်ားက အၾကမ္း ဖက္တံု႔ျပန္မႈမ်ားျပဳလုပ္မည္မဟုတ္ဟုကတိျပဳသည္။
 
ထို႔အျပင္ တာလီဘန္မ်ားက အၿမဲတမ္းအပစ္ရပ္ေရးႏွင့္ အာဖဂန္အစိုးရႏွင့္အာဏာခြဲေ၀ေရးတို႔အတြက္ ေဆြး ေႏြးညွိႏႈိင္းရန္လည္း သေဘာတူခဲ့သည္။
 
ႏို၀င္ဘာ၀န္းက်င္တြင္ အာဖဂန္မွတပ္ဖြဲ႔၀င္အေရအတြက္ကို ၄၀၀၀ မွ ၅၀၀၀ အထိေလွ်ာ့ခ်မည္ဟု ထရမ့္ႏွင့္ အျခားအာဏာပိုင္မ်ားကေျပာထားသည္။
 
ထို႔ထက္ေလွ်ာ့ခ်ရန္မူ အာဖဂန္မွအေျခအေနမ်ားအေပၚ မူတည္သည္ဟုေျပာၾကသည္။
 
Ref : US troops in Afghanistan should be ‘home by Christmas’: Trump
 
#Peoplemedia
 
(Unicode)
ခရစ္စမတ်အကုန်တွင် အာဖဂန်မှ အမေရိကန်တပ်ဖွဲ့များ အိမ်ပြန်ရောက်မည်ဟု ထရမ့်ပြော
……………………………………………………
 
၀ါရှင်တန်၊ အောက်တိုဘာ ၈
 
အာဖဂန်နစ္စတန်နိုင်ငံတွင်ရှိသောအမေရိကန်တပ်ဖွဲ့ဝင်အားလုံး ခရစ္စမတ်အကုန်တွင် အိမ်ပြန်ရောက်မည်ဟု အမေရိကန်သမ္မတေ ဒေါ်နယ်ထရမ့်က ဗုဒ္ဓဟူးနေ့တွင်ပြောသည်။
 
လာမည့်နှစ်အစောပိုင်းတွင် အာဖဂန်မှအမေရိကန်တပ်ဖွဲ့ဝင်အရေအတွက် ၂၅၀၀ အထိလျှော့ချရန် အမျိုးသား လုံခြုံရေးအကြံပေး ရောဘတ် အိုဘရိုင်ယန်ကပြောပြီး နာရီပိုင်းအကြာတွင် ထရမ့်ကပြောခြင်းဖြစ်သည်။
 
ဖေဖော်ဝါရီက အမေရိကန်နှင့်တာလီဘန်တို့ကြားသမိုင်းဝင်သဘောတူညီချက်အရ ၂၀၂၁ ခုနှစ်၊ မေအကုန်တွင် အာဖဂန်မှနိုင်ငံခြားတပ်ဖွဲ့များ ပြန်ရမည်ဖြစ်ပြီး အပြန်အလှန်အနေဖြင့် အာဖဂန်တွင် တာလီဘန်များက အကြမ်း ဖက်တုံ့ပြန်မှုများပြုလုပ်မည်မဟုတ်ဟုကတိပြုသည်။
 
ထို့အပြင် တာလီဘန်များက အမြဲတမ်းအပစ်ရပ်ရေးနှင့် အာဖဂန်အစိုးရနှင့်အာဏာခွဲဝေရေးတို့အတွက် ဆွေး နွေးညှိနှိုင်းရန်လည်း သဘောတူခဲ့သည်။
 
နိုဝင်ဘာဝန်းကျင်တွင် အာဖဂန်မှတပ်ဖွဲ့ဝင်အရေအတွက်ကို ၄၀၀၀ မှ ၅၀၀၀ အထိလျှော့ချမည်ဟု ထရမ့်နှင့် အခြားအာဏာပိုင်များကပြောထားသည်။
 
ထို့ထက်လျှော့ချရန်မူ အာဖဂန်မှအခြေအနေများအပေါ် မူတည်သည်ဟုပြောကြသည်။
 
Ref : US troops in Afghanistan should be ‘home by Christmas’: Trump
 
#Peoplemedia

Share this post