• Follow Us on

Home ခရစ္စမတ်အကြိုညတွင် မလေးရှား၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ၁ သိန်းကျော်နေ

ခရစ္စမတ်အကြိုညတွင် မလေးရှား၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ၁ သိန်းကျော်နေ

Share this post

ကွာလာလမ်ပူ၊ ဒီဇင်ဘာ ၂၅ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

မလေးရှားနိုင်ငံတွင် ကြာသပတေးနေ့၌ ကိုရိုနာဗိုင်းရပ်စ်အတည်ပြုလူနာ ၁၅၈၁ ယောက်ထပ်တိုးလာပြီးနောက် ကူးစက်မှု ၁ သိန်းကျော်ရှိနေသည်။

၂ ယောက်က ပြည်ပပြန်များဖြစ်ပြီး ၁၅၇၉ ယောက်သည် ပြည်တွင်းကူးစက်မှုများဖြစ်ကြောင်း မလေးရှားကျန်း မာရေးဝန်ကြီးဌာနညွှန်ကြားရေးမှူးချုပ် ဒေါက်တာ နော ဟီရှမ် အဗ္ဗဒူလာကပြောသည်။

သေဆုံးသူ ၂ ယောက်လည်း ထပ်တိုးခဲ့ပြီး စုစုပေါင်း ၄၄၆ ယောက်ရှိနေသည်။

ကြာသပတေးနေ့အထိ မလေးရှားနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်အတည်ပြုလူနာ ၁၀၀၃၁၈ ယောက်ရှိသည်။

လူဦးရေသန်း ၃၀ ကျော်ရှိသည့်မလေးရှားနိုင်ငံတွင် ၈၂.၈ ရာခိုင်နှုန်းဖြစ်သော ၂၆.၅ သန်းကျော်ကိုကာကွယ် ဆေးထိုးပေးရန် ဒေါ်လာသန်း ၅၀၀ ကျော်သုံးစွဲထားပြီး ၄၀ ရာခိုင်နှုန်းအတွက် ကာကွယ်ဆေးဝယ်ယူထား ပြီးပြီဖြစ်သည်။

ဖိုင်ဇာကာကွယ်ဆေး ၁၂.၈ သန်းဝယ်ယူထားပြီး ဖေဖော်ဝါရီတွင်ရောက်ရှိမည်ဟုခန့်မှန်းရသည်။

အက်စထရာဇီနီကာဆေး ၆.၄ သန်းကိုလည်း ကိုဗက်က်စ်အစီအစဉ်မှတဆင့်ရရှိထားသည်။

Ref : Malaysia’s COVID-19 cases cross 100,000 mark

#PeopleMedia

(unicode)
…………………………………………….









Ref : Malaysia’s COVID-19 cases cross 100,000 mark

#PeopleMedia


Share this post