• Follow Us on

Home ခရမ်းမြို့နယ်၊ ကျုံတူကျေးရွာ အုပ်ချုပ်ရေးမှူးဖြစ်သူသည် USA 9MM LUGER ပစ္စတိုဖြင့် လုပ်ကြံခြင်းခံခဲ့ရ

ခရမ်းမြို့နယ်၊ ကျုံတူကျေးရွာ အုပ်ချုပ်ရေးမှူးဖြစ်သူသည် USA 9MM LUGER ပစ္စတိုဖြင့် လုပ်ကြံခြင်းခံခဲ့ရ

Share this post

Open Photo

နေပြည်တော်၊ စက်တင်ဘာ ၁၃ (People Media)

 

ရန်ကုန်တိုင်းဒေသကြီး၊ ခရမ်းမြို့နယ်၊ ကျုံတူကျေးရွာအုပ်ချုပ်ရေးမှူးသည် နေအိမ်၌ ရှိနေစဉ် အမည်မသိ လူနှစ်ဦးမှ သေနတ်ဖြင့် လာရောက်လုပ်ကြံခြင်းကြောင့် အုပ်ချုပ်ရေးမှူးဖြစ်သူသည် နေရာ၌ ပွဲချင်းပြီး သေဆုံးခဲ့သည်။

 

အဆိုပါ အုပ်ချုပ်ရေးမှူးဖြစ်သူသည် USA 9 MM LUGER ပစ္စတိုဖြင့် ပစ်ခတ်လုပ်ကြံခံရခြင်းဖြစ်တယ်လို့ ရဲတပ်ဖွဲ့ဝင်တစ်ဦးက People Media သို့ အတည်ပြုပြောဆိုသည်။

 

ဖြစ်စဉ်မှာ စက်တင်ဘာ ၁၂ ရက် နံနက်ပိုင်း၌ အုပ်ချုပ်ရေးမှူးဖြစ်သူ၏ နေအိမ်ရှေ့သို့ ဆိုင်ကယ် ၁ စီးဖြင့် လူ ၂ ဦး ရောက်ရှိလာပြီး အုပ်ချုပ်ရေးမှူးဖြစ်သူကို သေနတ်ဖြင့် ၂ ချက် ပစ်ခတ်ခဲ့သည်။ သေနတ်ထိမှန်ဒဏ်ရာ ကြောင့် အုပ်ချုပ်ရေးမှူးဖြစ်သူသည် ပွဲချင်းပြီး သေဆုံးခဲ့သည်။

 

လက်ရှိအချိန်၌ ခရမ်းမြို့နယ်တွင် ဗိုလ်ကြီးအဆင့်ရှိသူ တပ်မတော်သားတစ်ဦး၊ အုပ်ချုပ်ရေးမှူးနှစ်ဦးနှင့် ပြည်ခိုင်ဖြိုးပါတီဝင်တစ်ဦး လုပ်ကြံသတ်ဖြတ်ခြင်းခံခဲ့ရသော်လည်း ယနေ့ထိ ကျူးလွန်သူကို ဖမ်းဆီးနိုင်ခြင်း မရှိသေးကြောင်း ဒေသခံတစ်ဦးက People Media ကို ပြောဆိုသည်။

 

#PeopleMedia #ခရမ်း

 

(unicode)


……………………………………………………………..

 


 


 


 


 


 



Share this post