• Follow Us on
Latest News

Home ခရမ်းမြို့နယ်၊ လျှပ်စစ်ရုံး လက်လုပ်ဗုံးဖြင့် ပစ်သွင်းခံရ

ခရမ်းမြို့နယ်၊ လျှပ်စစ်ရုံး လက်လုပ်ဗုံးဖြင့် ပစ်သွင်းခံရ

Share this post

ရန်ကုန်၊ နိုဝင်ဘာ ၁၆ (People Media)

 

ရန်ကုန်တိုင်းဒေသကြီး၊ ခရမ်းမြို့နယ်ရှိ မြို့နယ်လျှပ်စစ်ရုံးသည် ယနေ့ ၁၁း၀၀ အချိန်ခန့်က လက်လုပ်ဗုံးဖြင့် ပစ်သွင်းခံလိုက်ရကြောင်း သိရပါတယ်။

 

အဆိုပါ အခြေအနေနှင့်ပတ်သက်ပြီး People Media က ခရမ်းမြို့ ဒေသခံတစ်ဦးကို ဆက်သွယ်မေးမြန်းရာ “အသံတော်တော်ကျယ်တယ်။ ဆိုင်ကယ်နဲ့လာပြီး လက်လုပ်ဗုံးနဲ့ ပစ်သွားတာလို့ သိရတယ်” ပြောပါတယ်။

 

ထိုကဲ့သို့ ခရမ်းမြို့ မြို့နယ်လျှပ်စစ်ရုံး ပစ်သွင်းခံရမှုနှင့် ပတ်သက်ပြီး ထိခိုက်ပျက်စီးမှုအပေါ် People Media အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

 

ခရမ်းမြို့နယ်၌ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ပြည်ခိုင်ဖြိုးပါတီဝင်များ၊ တပ်မတော်မှ ဗိုလ်ကြီးတစ်ဦးတို့သည် လုပ်ကြံသတ်ဖြတ်မှုခံခဲ့ရပါတယ်။

 

#PeopleMedia #ခရမ်းမြို့နယ်လျှပ်စစ်ရုံး

 

(unicode)


……………………………………………….

 


 


 


 


 


 



Share this post