• Follow Us on

Home ခရမ်းမြို့နယ်၌ ကြားကာလပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ယာယီ)အသစ်ပြန်လည်ဖွဲ့စည်းကြောင်း ခရမ်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ထုတ်ပြန်

ခရမ်းမြို့နယ်၌ ကြားကာလပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ယာယီ)အသစ်ပြန်လည်ဖွဲ့စည်းကြောင်း ခရမ်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ထုတ်ပြန်

Share this post

ရန်ကုန်၊ အောက်တိုဘာ ၁၃ (People Media)

 

ခရမ်းမြို့နယ်၌ ကြားကာလပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ယာယီ)အသစ်ပြန်လည်ဖွဲ့စည်းကြောင်း ခရမ်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ အောက်တိုဘာ ၁၂ ရက်နေ့က ထုတ်ပြန်ထားသည်။

 

အဆိုပါထုတ်ပြန်ချက်တွင် ဖေဖော်ဝါရီလ ၂ ရက်နေ့ သပိတ်တိုက်ပွဲကာလတွင်ဖွဲ့စည်းခဲ့သော ခရမ်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကို ဖျက်သိမ်း၍ သက်ဆိုင်ရာအစုအဖွဲ့ ကိုယ်စားလှယ်များဖြင့် ကြားကာလပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့(ယာယီ)၊ ခရမ်းမြို့နယ်အား အောက်တိုဘာ ၁၂ ရက်နေ့ ရက်စွဲဖြင့် အသစ်ပြန်လည် ဖွဲ့စည်း လိုက်ကြောင်း ဖော်ပြပါရှိသည်။

 

ယင်းကြားကာလပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ယာယီ)အဖွဲ့တွင် မြို့မိမြို့ဖအစုအဖွဲ့၊ လွှတ်တော်ကိုယ်စားလှယ် အစုအဖွဲ့၊ ပြည်သူ့ကာကွယ်ရေးအစုအဖွဲ့၊ ဌာနဆိုင်ရာ CDM ဝန်ထမ်းများအစုအဖွဲ့၊ တက်ကြွလှုပ်ရှားသူများ အစုအဖွဲ့၊ တရားရေးနှင့် ကျန်းမာရေးအစုအဖွဲ့ စသည် အဖွဲ့ ၆ ဖွဲ့မှ ကိုယ်စားလှယ်များဖြင့် အချိုးကျဖွဲ့စည်း ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

 

ထို့အပြင် ရပ်ကျေးပြည်သူ့အုပ်ချုပ်ရေးများကိုလည်း အဆင့်အလိုက်တိုးချဲ့ဖွဲ့စည်းသွားမည်ဟုလည်း ပါရှိသည်။

 

အလားတူ ပြီးခဲ့သည့်ရက်ပိုင်းက ခရမ်းမြို့နယ်၌ အုပ်ချုပ်ရေးမှူးများ နုတ်ထွက်ထားမှုများရှိသည်။

 

ခရမ်းမြို့နယ်၌ တပ်မတော်မှ ဗိုလ်ကြီးတစ်ဦး၊ ပြည်ခိုင်ဖြိုးပါတီဝင်များအုပ်ချုပ်ရေးမှူးများ သေနတ်ဖြင့် လုပ်ကြံခံရ၍ သေဆုံးမှုများဖြစ်ပေါ်ခဲ့သည်။

 

#PeopleMedia #ခရမ်း #ပြည်သူ့အုပ်ချုပ်ရေး

 

(unicode)


……………………………………………………………….

 


 


 


 


 


 


 


 



Share this post