• Follow Us on

Home ခရမ္းၿမိဳ႕နယ္ ျပည္ခိုင္ၿဖိဳးပါတီ ၿမိဳ႕နယ္႐ုံးကို ရန္ကုန္တိုင္းအစိုးမွ အစိုးရပိုင္အေဆာက္အဦးအျဖစ္ ထားရွိရန္ စီစဉ္၊ အေဆာက္အဦးကို ဥပေဒႏွင့္အညီ ေျဖရွင္းမည္ျဖစ္ေၾကာင္း USDP ပါတီ တုန္႔ျပန္

ခရမ္းၿမိဳ႕နယ္ ျပည္ခိုင္ၿဖိဳးပါတီ ၿမိဳ႕နယ္႐ုံးကို ရန္ကုန္တိုင္းအစိုးမွ အစိုးရပိုင္အေဆာက္အဦးအျဖစ္ ထားရွိရန္ စီစဉ္၊ အေဆာက္အဦးကို ဥပေဒႏွင့္အညီ ေျဖရွင္းမည္ျဖစ္ေၾကာင္း USDP ပါတီ တုန္႔ျပန္

Share this post

ရန္ကုန္၊ ေမ – ၂၆

ရန္ကုန္တိုင္းေဒသႀကီး၊ ခရမ္းၿမိဳ႕ရွိ ၿမိဳ႕နယ္ပါတီ႐ုံးကို ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႕မွ အစိုးရပိုင္ အေဆာက္အဦးအျဖစ္ထားရွိရန္ စီစဉ္ထားေၾကာင္း ခရမ္းၿမိဳ႕နယ္ NLD တိုင္းအမတ္ ဦးလွတိုးကေျပာပါတယ္။

“အစိုးရပိုင္အေဆာက္အဦးအျဖစ္ထားဖို႔ တိုင္းအစိုးရက ေထြအုပ္ကို မွတ္ခ်က္ျပဳထားပါတယ္” ဟု ခရမ္းၿမိဳ႕ NLD တိုင္းအမတ္ ဦးလွတိုးကေျပာပါတယ္။

ခရမ္းၿမိဳ႕၊ ေစ်းပိုင္းကြက္၊ ကြင္းအမွတ္(၂-B)၊ ဦးပိုင္အမွတ္(၇၁၇၁/၂)၊ ဧရိယာ(၀.၀၉၉)ဧရိယာရွိ ေျမေနရာအား ဂရန္သက္တမ္းတိုးျခင္း မျပဳဘဲ အစိုးရပိုင္အေဆာက္အဦးအျဖစ္ ထားရွိႏိုင္ေရး ညႇိႏႈိင္းေပါင္းစပ္ရန္ ရန္ကုန္ တိုင္းေဒသႀကီးအစိုးရအဖြဲ႕က ေမ(၁၄)ရက္၌ မွတ္ခ်က္ျပဳထားသည္။

အဆိုပါအေဆာက္အဦးႏွင့္ပတ္သက္၍ PeopleMedia မွ ရန္ကုန္တိုင္းေဒသႀကီး ျပည္ခိုင္ၿဖိဳးပါတီ တိုင္းအတြင္း ေရးမွဴး ဦးေက်ာ္စိုး ထံ ဆက္သြယ္ေမးျမန္းရာတြင္ “ဂရန္ရွိခဲ့တယ္။ ဥပေဒနဲ႔အညီ ေျဖရွင္းသြားမွာျဖစ္တယ္”လို႔ ေျပာပါတယ္။

အဆိုပါအေဆာက္အဦးသည္ ၂၀၀၈ ခုႏွစ္မွ စတင္၍ ဂရန္သက္တမ္းတိုးျခင္းမရွိဘဲ ၂၀၁၅ ခုႏွစ္ NlD အစိုးရ သက္တမ္း၌ ဂရန္ျပန္လည္တိုးရာ၌ သက္တမ္းတိုးခြင့္ကို သက္ဆိုင္ရာအုပ္ခ်ဳပ္ေရးအဖြဲ႕က ျပန္လည္ခြင့္ျပဳျခင္း မရွိေၾကာင္း ခရမ္းၿမိဳ႕ခံမ်ားက ဆိုပါတယ္။

#PeopleMedia #ခရမ္း #USDP #NLD

(Unicode)
ခရမ်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ မြို့နယ်ရုံးကို ရန်ကုန်တိုင်းအစိုးမှ အစိုးရပိုင်အဆောက်အဦးအဖြစ် ထားရှိရန် စီစဉ်၊ အဆောက်အဦးကို ဥပဒေနှင့်အညီ ဖြေရှင်းမည်ဖြစ်ကြောင်း USDP ပါတီ တုန့်ပြန်
…………………………………………………

ရန်ကုန်၊ မေ – ၂၆

ရန်ကုန်တိုင်းဒေသကြီး၊ ခရမ်းမြို့ရှိ မြို့နယ်ပါတီရုံးကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ အစိုးရပိုင် အဆောက်အဦးအဖြစ်ထားရှိရန် စီစဉ်ထားကြောင်း ခရမ်းမြို့နယ် NLD တိုင်းအမတ် ဦးလှတိုးကပြောပါတယ်။

“အစိုးရပိုင်အဆောက်အဦးအဖြစ်ထားဖို့ တိုင်းအစိုးရက ထွေအုပ်ကို မှတ်ချက်ပြုထားပါတယ်” ဟု ခရမ်းမြို့ NLD တိုင်းအမတ် ဦးလှတိုးကပြောပါတယ်။

ခရမ်းမြို့၊ ဈေးပိုင်းကွက်၊ ကွင်းအမှတ်(၂-B)၊ ဦးပိုင်အမှတ်(၇၁၇၁/၂)၊ ဧရိယာ(ဝ.၀၉၉)ဧရိယာရှိ မြေနေရာအား ဂရန်သက်တမ်းတိုးခြင်း မပြုဘဲ အစိုးရပိုင်အဆောက်အဦးအဖြစ် ထားရှိနိုင်ရေး ညှိနှိုင်းပေါင်းစပ်ရန် ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့က မေ(၁၄)ရက်၌ မှတ်ချက်ပြုထားသည်။

အဆိုပါအဆောက်အဦးနှင့်ပတ်သက်၍ PeopleMedia မှ ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ တိုင်းအတွင်း ရေးမှူး ဦးကျော်စိုး ထံ ဆက်သွယ်မေးမြန်းရာတွင် “ဂရန်ရှိခဲ့တယ်။ ဥပဒေနဲ့အညီ ဖြေရှင်းသွားမှာဖြစ်တယ်”လို့ ပြောပါတယ်။

အဆိုပါအဆောက်အဦးသည် ၂၀၀၈ ခုနှစ်မှ စတင်၍ ဂရန်သက်တမ်းတိုးခြင်းမရှိဘဲ ၂၀၁၅ ခုနှစ် NlD အစိုးရ သက်တမ်း၌ ဂရန်ပြန်လည်တိုးရာ၌ သက်တမ်းတိုးခွင့်ကို သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့က ပြန်လည်ခွင့်ပြုခြင်း မရှိကြောင်း ခရမ်းမြို့ခံများက ဆိုပါတယ်။

#PeopleMedia #ခရမ်း #USDP #NLD


Share this post