• Follow Us on

Home ခရမ်းမြို့၌ တံတားမိုင်းဖောက်ခွဲပြီး တပ်နှင့် အပြန်အလှန်ပစ်ခတ်ခဲ့သည့် PDF အဖွဲ့ဝင်တစ်ဦး ဆေးကုသမှု ခံယူနေရ

ခရမ်းမြို့၌ တံတားမိုင်းဖောက်ခွဲပြီး တပ်နှင့် အပြန်အလှန်ပစ်ခတ်ခဲ့သည့် PDF အဖွဲ့ဝင်တစ်ဦး ဆေးကုသမှု ခံယူနေရ

Share this post

ရန်ကုန်၊ စက်တင်ဘာ ၁၈ (People Media)

 

ရန်ကုန်တိုင်းဒေသကြီး၊ ခရမ်းမြို့နယ်ရှိ တံတားမိုင်းဖောက်ခွဲခံရပြီးနောက် တပ်နှင့် အပြန်အလှန်ပစ်ခတ်ခဲ့သည့် PDF အဖွဲ့ဝင်တစ်ဦး ဆေးဝါးကုသမှုခံယူနေရကြောင်း ဒေသခံအုပ်ချုပ်ရေးအဖွဲ့များထံမှ သိရသည်။

 

ဖြစ်စဉ်မှာ စက်တင်ဘာ ၁၇ ရက်နေ့ ည ၇ နာရီအချိန်၌ ခရမ်းမြို့အနီးရှိ ခရမ်းမောင်းမ ဆက်သွယ်ရေးလမ်းမ ပေါ်ရှိ ငရုတ်သီးမှုန့်တံတားကို ခရမ်း PDF အဖွဲ့ဝင် ၃ ဦးမှ မိုင်းခွဲဖျက်ဆီးခဲ့သည်။

 

အဆိုပါ မိုင်းခွဲဖျက်ဆီးသည့်နေရာသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များမှ သွားရောက်စစ်ဆေးရာ၌ နှစ်ဘက်အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး PDF အဖွဲ့ဝင် ၃ ဦးအနက် ၂ ဦး သေဆုံးခဲ့သည်။

 

အဆိုပါ အပြန်အလှန်ပစ်ခတ်မှု၌ PDF အဖွဲ့ဝင် နှစ်ဦးသေဆုံးခဲ့ပြီး တစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့သလို လုံခြုံရေး အဖွဲ့ဝင်အချို့လည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

 

“သေသွားတာက ခရမ်း ၈ ရပ်ကွက်ကဖြစ်တယ်။ သူက အမှတ် ၈ ရပ်ကွက်သားပါ။ ကျုံကျုံကျကျေးရွာရဲ့ CDM ပြုလုပ်ထားတဲ့ ရပ်ကျေးစာရေးပါ။ သူက သေဆုံးသွားပါတယ်။ နောက်တစ်ယောက်က ခရမ်းအရှေ့ခြမ်းက ရေ ကျော်ကျေးရွာက သူလည်း အပြန်အလှန်ပစ်ခတ်မှုမှာ သေဆုံးသွားတယ်။ အသက်ရှင်ကျန်ပြီး အဖမ်းခံရတာက မြေနီလမ်းက ဆန်းစတား ဆိုင်ကယ်ပြင်ဆိုင်က တစ်ယောက်ပါ။ သူက ဆေးကုသမှုခံယူနေပါတယ်” လို့ ခရမ်း မြို့ အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။

 

ခရမ်းမြို့နယ်၌ ပြည်ခိုင်ဖြိုးပါတီဝင်တစ်ဦး၊ တပ်မတော်မှ ဗိုလ်ကြီးတစ်ဦးနှင့် ကျေးရွာအုပ်ချုပ်ရေးမှူး နှစ်ဦးတို့ သည် သေနတ်ဖြင့် လုပ်ကြံခံရပြီး သေဆုံးခဲ့သည်။

 

#PeopleMedia #ခရမ်းမြို့

 

(unicode)


……………………………………………………….

 


 


 


 


 


 


 


 



Share this post