• Follow Us on

Home ခရမ်းမြို့၌ ပြည်ပမှပြန်လည်ရောက်ရှိလာသူ (၄၀)ကျော်ခန့်ကို အောင်ဓမ္မရိပ်သာ၌ထားရှိ


Share this post

ရန်ကုန်၊ မတ် – ၃၁





Photo – Ko Kyaw

#PeopleMedia #ခရမ်း

(Unicode)
ခရမ်းမြို့၌ ပြည်ပမှပြန်လည်ရောက်ရှိလာသူ (၄၀)ကျော်ခန့်ကို အောင်ဓမ္မရိပ်သာ၌ထားရှိ
………………………………………………………

ရန်ကုန်၊ မတ် – ၃၁

ရန်ကုန်တိုင်းဒေသကြီး၊ ခရမ်းမြို့နယ်၌ ပြည်ပမှ ပြန်လည်ရောက်ရှိလာသည့် ပြည်တော်ပြန်(၄၀)ကျော်ကို အောင်ဓမ္မရိပ်သာ၌ ထားရှိကြောင်း ခရမ်းမြို့တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးလှတိုးက ပြောပါတယ်။

ခရမ်းမြို့၌ COVID-19 နှင့်ပတ်သက်၍ သံသရလူနာမရှိကြောင်း၊ ပြည်ပမှ ပြန်လည်ဝင်ရောက်လာသူများကို အောင်ဓမ္မရိပ်သာ၌ထားရှိကြောင်း တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးလှတိုးက ပြောပါတယ်။

“ပြည်ပက ပြန်ရောက်လာတဲ့သူတွေက သူတို့ရဲ့အိမ်မှာ ၁၄ ရက် အပြင်မထွက်ဘဲ နေခိုင်းတဲ့အခါ လိုက်နားခြင်း မရှိသောကြောင့် အောင်ဓမ္မရိပ်သာ၌ ထားရှိပါတယ်။ အောင်ဓမ္မရိပ်သာက လူ(၂၀၀)ခန့်နေလို့ရတယ်။ သံသယ လူနာမရှိသေးပါဘူး”လို့ ဦးလှတိုးက ပြောဆိုလိုက်ပါတယ်။

လက်ရှိအချိန်၌ မြန်မာနိုင်ငံတွင် COVID-19 ကူးစက်ခံရသူ (၁၄)ယောက်အနက် ယနေ့ နံနက်ပိုင်း၌ တစ် ယောက်သေဆုံးခဲ့ပြီဖြစ်ပါတယ်။

Photo – Ko Kyaw

#PeopleMedia #ခရမ်း


Share this post