• Follow Us on

Home ခရီးသည်တစ်ဦးလျှင် ကားခ ၄ သိန်း ၅ သောင်းဖြင့် အခကြေးငွေရယူပြီး ကုန်ပစ္စည်းကြားတွင်ကွယ်ဝှက်၍  သယ်ဆောင်ခဲ့သည့် ယာဉ်မောင်းများကို လောက်ကိုင်မြို့နယ်ရဲတပ်ဖွဲ့မှ ဖမ်းဆီး

ခရီးသည်တစ်ဦးလျှင် ကားခ ၄ သိန်း ၅ သောင်းဖြင့် အခကြေးငွေရယူပြီး ကုန်ပစ္စည်းကြားတွင်ကွယ်ဝှက်၍  သယ်ဆောင်ခဲ့သည့် ယာဉ်မောင်းများကို လောက်ကိုင်မြို့နယ်ရဲတပ်ဖွဲ့မှ ဖမ်းဆီး

Share this post

နေပြည်တော်၊ အောက်တိုဘာ ၁၂ (People Media)

 

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့နယ်၌ အလုပ်လုပ်မည် ခရီးသွားများထံမှ ခရီးစရိတ်အဖြစ် တစ်ဦးလျှင် ကားခ ၄ သိန်း ၅ သောင်းဖြင့် အခကြေးငွေရယူပြီး ကုန်ပစ္စည်းကြား၌ ကွယ်ဝှက်၍ မိုးကာဖြင့် ဖုံးအုပ်ပြီး သယ်ဆောင်ခဲ့သည့် ယာဉ်မောင်းများကို လောက်ကိုင်မြို့နယ်ရဲတပ်ဖွဲ့မှ ဖမ်းဆီးအရေးယူလျက်ရှိ သည်။

 

၂၀၂၁ ရက်နေ့ အောက်တိုဘာလ ၅ ရက်နေ့ ညနေပိုင်းတွင် လောက်ကိုင်မြို့သို့ သွားရောက်အလုပ်လုပ်လို သည့် ခရီးသည်များကို တစ်ဦးလျှင် ကားခ ၄ သိန်း ၅ သောင်း ဖြင့် အခကြေးငွေရယူလျက် ကုန်ပစ္စည်းကြား တွင်ကွယ်ဝှတ်ပြီး၍ မိုးကာဖြင့် ဖုံးအုပ်သယ်ဆောင်ဝင်ရောက်ခဲ့သည့် ကုန်ပစ္စည်းတင်ယာဉ်မောင်းများကို  ချင်း ရွှေဟော်ရဲစခန်းက ရှာဖွေဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

 

အဆိုပါ ယာဉ်မောင်းများသည် COVID19 ရောဂါ အစစ်ဆေးခံခြင်းမရှိဘဲ ဒေသအတွင်းသို့ ခိုးဝင်နိုင်ရေး အခကြေးငွေရယူဆောင်ရွက်ခဲ့သည့်အတွက် ယာဉ်မောင်းများကို  အရေးယူထားသည်။

 

ထိုနောက် ယာဉ်မောင်းများသည် ခရီးသည်များထံမှ ရယူထားသော ယာဉ်စီးခ ၄ သိန်း ၅ သောင်းကျပ် ခရီးသည်များထံ ရဲတပ်ဖွဲ့က ပြန်လည်ပေးအပ်စေခဲ့သည်။

 

အထက်ပါကဲ့သို ယာဉ်စီးခများကို အခကြေးငွေအဆမတန်ရယူပြီး သယ်ဆောင်သည့် ယာဉ်မောင်းများကို  အရေးယူဆောင်ရွက်နိုင်ရန် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးရုံးသို့ ရဲတပ်ဖွဲ့က တင်ပြ ဆောင်ရွက်ထားပြီးဖြစ်သည်။

 

အလားတူ လောက်ကိုင်မြို့သို့ လာရောက်မည့် ခရီးသွားပြည်သူများအနေဖြင့် အခကြေးငွေ ၄သိန်း/၅သိန်း အဆမတန်တောင်း၍ တရားမဝင် ပို့ဆောင်သူများကို ဖမ်းဆီးနိုင်ရေး သတင်းပေးပါက ခရီးစရိတ်ငွေ ပြန်လည် ရရှိမည်ဖြစ်ကြောင်းရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

 

#PeopleMedia #လောက်ကိုင်မြို့

 

(unicode)


……………………………………………………………………………

 


 


 


 


 


 


 


 



Share this post