• Follow Us on

Home ခရီးသည်များနှင့် ဆက်ဆံဆောင်ရွက်ရာတွင်လည်း ထိရောက်သောဝန်ဆောင်မှုပေးနိုင်ရေးအတွက် ယဉ်ကျေး ပျူငှာစွာဖြင့် ဆောင်ရွက်ကြရန် လဝကဝန်ကြီးမှ ၎င်း၏ ဝန်ထမ်းများအား မှာကြား

ခရီးသည်များနှင့် ဆက်ဆံဆောင်ရွက်ရာတွင်လည်း ထိရောက်သောဝန်ဆောင်မှုပေးနိုင်ရေးအတွက် ယဉ်ကျေး ပျူငှာစွာဖြင့် ဆောင်ရွက်ကြရန် လဝကဝန်ကြီးမှ ၎င်း၏ ဝန်ထမ်းများအား မှာကြား

Share this post

ရန်ကုန်၊ မတ် ၂၂

 

ခရီးသည်များနှင့် ဆက်ဆံဆောင်ရွက်ရာတွင်လည်း ထိရောက်သော ဝန်ဆောင်မှုပေးနိုင်ရေးအတွက် ယဉ်ကျေး ပျူငှာစွာဖြင့် ဆောင်ရွက်ကြရန် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ဝန်ထမ်းများအား မှာကြားလိုက်သည်။

 

ယမန်နေ့ မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် အစည်းအဝေးခန်းမ၌     ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းတို့တွင် တာဝန်ထမ်းဆောင်နေ ကြသည့် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ဝန်ထမ်းများကို တွေ့ဆုံစဉ်မှာကြားခဲ့ခြင်းဖြစ်သည်။

 

“ဧပြီ ၁၇ ရက်မှစ၍ သတ်မှတ်စည်းကမ်းများအတိုင်း နိုင်ငံတကာလေကြောင်း ခရီးစဉ်များ ပြန်လည်ပြေးဆွဲမှာ ဖြစ်ပါတယ်။ ဒါကြောင့် မိမိတိုဌာနဝန်ထမ်းတွေကလည်း နိုင်ငံခြားခရီးသွားတွေရဲ့ လူဝင်မှုစစ်ဆေးရေးလုပ်ငန်း တွေကို စနစ်တကျပြန်လည်ဆောင်ရွက်နိုင်ဖို့အတွက် ကြိုတင်ပြင်ဆင်ထားကြရမှာ ဖြစ်ပါတယ်။ လူဝင်မှုကြီး ကြပ်ရေးဆိုင်ရာ ဝန်ထမ်းအင်အားအခြေအနေနဲ့ ကွန်ပျူတာစက်ကိရိယာတွေ ကြံ့ခိုင်ကောင်းမွန်ဖို့၊ ကျန်းမာ ရေးဆိုင်ရာ ညွှန်ကြားချက်တွေနဲ့အညီ ဆောင်ရွက်နိုင်ဖို့တိုကို ကြိုတင်မျှော်တွေးကာ လိုအပ်တာတွေကို ဖြည့် ဆည်းစီစဉ်ဆောင်ရွက်ထားကြရမှာ ဖြစ်ပါတယ်” ဟု ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပြောသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ရှိ လေဆိပ်ထိန်းချုပ်ရေးစင်တာ (Airport Operation Control Centre) သို့ ရောက်ရှိရာ လုပ်ငန်းတာဝန်ခံက လေယာဉ်ဝင်ထွက်မှုထိန်းချုပ်ရေး လုပ်ငန်းဆောင်ရွက်နေမူကို ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးက လာမည့် ဧပြီ ၁၇ ရက်မှစ၍ နိုင်ငံတ ကာလေကြောင်းလိုင်းများ ပျံသန်းပြေးဆွဲရာတွင် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာဝန်ထမ်းများနှင့် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်နိုင်ရေး ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

 

(unicode)


…………………………………….

 


 


 


 


 



Share this post