• Follow Us on
Latest News

Home ခရီးသည် ၁၃၃ ဦး တင်ဆောင်လာတဲ့ တရုတ်အရှေ့တိုင်းလေကြောင်းလိုင်းမှ ဘိုးရင်း 737 လေယာဉ် ကွမ်းရှီ ပြည်နယ်တွင် ပျက်ကျ

ခရီးသည် ၁၃၃ ဦး တင်ဆောင်လာတဲ့ တရုတ်အရှေ့တိုင်းလေကြောင်းလိုင်းမှ ဘိုးရင်း 737 လေယာဉ် ကွမ်းရှီ ပြည်နယ်တွင် ပျက်ကျ

Share this post

နိုင်ငံတကာ၊ မတ် ၂၁

 

ခရီးသည် ၁၃၃ ဦးတင်ဆောင်လာတဲ့ တရုတ်အရှေ့တိုင်းလေကြောင်းလိုင်းမှ ခရီးသည်တင်ဂျက်လေယာဉ် တစ် စင်းဟာ တရုတ်နိုင်ငံအနောက်တောင်ပိုင်းတွင် ပျက်ကျခဲ့ပြီး တောင်နဲ့တိုက်မိကာ မီးလောင်သွားကြောင်းသိရပြီး အသေအပျောက်စာရင်းကို မသိရသေးကြောင်း တရုတ်အစိုးရပိုင် CCTV သတင်းဌာနက မတ်လ ၂၁ ရက်နေ့ က ကြေညာခဲ့ပါတယ်။

 

တရုတ်နိုင်ငံ ကွမ်းရှီပြည်နယ်၊ ဝူကျုံးမြို့အနီး ထန်းကောင်တီ ကျေးလက်ဒေသတွင် ဘိုးရင်း 737 လေယာဉ် ပျက်ကျခဲ့ခြင်းဖြစ်ပြီး တောင်နဲ့ တိုက်ကာ မီးလောင်သွားကြောင်း CCTV သတင်းဌာနကပြောပါတယ်။

 

အခင်းဖြစ်နေရာကို ရှာဖွေကယ်ဆယ်ရေးအဖွဲ့ စေလွှတ်လိုက်တယ်လို့ သတင်းဌာနက ပြောပါတယ်။

 

တရုတ်အရှေ့တိုင်းလေကြောင်းလိုင်း ခရီးစဉ်အမှတ် MU5735 ဟာ မတ်လ ၂၁ ရက်နေ့ ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီမှာ ကူမင်းမြို့ကနေ ထွက်ခွာလာပြီးနောက် ကွမ်းကျုံးမြို့ကို ရောက်ရှိရမယ့်အချိန်မှာရောက် လာခြင်းမရှိကြောင်း ဒေသမီဒီယာများက ရေးသားဖော်ပြခဲ့ပါတယ်။

 

ခရီးသည်တင်လေယာဉ်ဟာ ကူမင်းမြို့ကနေ ကွမ်ကျုံးမြို့ကို မွန်းလွဲ ၁ နာရီ ၁၁ မိနစ်တိတိမှာ ထွက်ခွာသွားခဲ့ ကြောင်း FlightRadar24 data ရဲ့ သတင်းအချက်အလက်အရ သိရပါတယ်။

 

တစ်နာရီကို ၃၇၆ ကီလိုမီတာနှှုန်းနဲ့ အမြင့်ပေ ၃၂၂၅ ကနေပျံသန်းနေစဉ် ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီ ၂၂ မိနစ်မှာ အဆက်အသွယ်ပြတ် တောက်သွားတယ်လို့ ဆိုပါတယ်။

 

လေယာဉ် ကွမ်ကျုံးမြို့မှာ ဆင်းသက်ရမယ့်အချိန်ကတော့ ညနေ ၃ နာရီ ၅ မိနစ်လို့ သိရပါတယ်။

 

သက်တမ်းခြောက်နှစ်သာရှိသေးတဲ့ ဘိုးရင်း 737-800 ပျက်ကျရတဲ့အကြောင်းရင်းကို မသိရသေးဘူးလို့ ဆိုပါ တယ်။ AFP သတင်းဌာနက ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ တရုတ်အရှေ့တိုင်းလေကြောင်းလိုင်းက ပြန်လည်ဖြေ ကြားခြင်း မရှိသေးပါဘူး။

 

Video Credit – ChinaAviationReview

 

Ref: China Eastern Airlines’ Boeing 737 plane carrying 133 people crashes in Guangxi

 

#PeopleMedia

 

(unicode)


……………………………………

 


 


 


 


 


 


 


 


 


 

Video Credit – ChinaAviationReview

 

Ref: China Eastern Airlines’ Boeing 737 plane carrying 133 people crashes in Guangxi

 

#PeopleMedia


Share this post