• Follow Us on

Home ခရီးသည် ၅၆ ဦးပါ အင်ဒိုနီးရှား ခရီးသည်တင်လေယာဉ် အဆက်အသွယ် ပြတ်တောက်နေ

ခရီးသည် ၅၆ ဦးပါ အင်ဒိုနီးရှား ခရီးသည်တင်လေယာဉ် အဆက်အသွယ် ပြတ်တောက်နေ

Share this post

နိုင်ငံတကာ၊ ဇန်နဝါရီ ၉ (People Media)
 
အင်ဒိုနီးရှားနိုင်ငံ ဆရီဝီဂျာယာလေကြောင်းလိုင်းမှ ဘိုအင်း ၇၃၇ လေယာဉ်တစ်စင်းက လေဆိပ်မှပျံ တက်ပြီး လေးမိနစ်ခန့်အကြာတွင် ဂျကာတာမြို့ တော်ရှိ လေကြောင်းထိန်းမျှော်စင်နဲ့ အဆက်အသွယ်ပြတ် တောက်ကာ ပင်လယ်ပြင်အတွင်း ပျက်ကျသွားပြီဟု ယူဆရသည်။
 
အဆိုပါခရီးသည်တင်လေယာဉ်က လေကြောင်းထိန်းမျှော်စင်နှင့် အဆက်အသွယ်ပြတ်တောက်ချိန်တွင် ခရီးသည် ၆၀ ကျော် တင်ဆောင်ခဲ့ကြောင်း သိရသည်။
 
ဂျကာတာမြို့မှ ဘော်နီယိုကျွန်း ကာလီမန်တန်ပြည်နယ်မြို့တော် ပွန်တီယာနတ်ခ်မြို့သို့ ခန့်မှန်းချေ မိ နစ် ၉၀ ခန့် မောင်းနှင်ရမည့် ဘိုအင်း ၇၃၇-၅၀၀ လေယာဉ်က ပျက်ကျခဲ့ပြီဟု အဆိုပါတန်ဖိုးနည်းလေကြောင်း လိုင်း၏ ထုတ်ပြန်ချက်က ဆိုသည်။
 
လေယာဉ်ပေါ်၌ ခရီးသည် ၅၆ ဦးနှင့် အမှုထမ်းခြောက်ဦး ပါရှိကြောင်း သတင်းများက ဆိုသည်။ ဂျကာ တာမြို့တော်မြောက်ဘက် ရေပိုင်နက်အတွင်း အဆိုပါလေယာဉ်၏ အပျက်အစီးများကို တံငါသည်များက တွေ့ရှိခဲ့ ကြောင်း ဒေသန္တရ အစိုးရတာဝန်ရှိသူတစ်ဦးက ပြောသည်။
 
“ကျွန်တော်တို့ ရေပိုင်နက်အတွင်း လေယာဉ်က အစိတ်အပိုင်းအစတွေ တွေ့ရှိခဲ့ပါတယ်။ ရှာဖွေရေးလုပ် ငန်း လုပ်ဆောင်နေပါတယ်” ဟု လုံခြုံရေးဆိုင်ရာ တာဝန်ရှိသူတစ်ဦးက ပြောသည်။
 
ဂျကာတာမြို့တော်ရှိ လေဆိပ်မှထွက်ခွာပြီး လေးမိနစ်ခန့်အကြာတွင် သက်တမ်း ၂၇ နှစ်ရှိပြီဖြစ်သည့် အဆိုပါ SJ182 ခရီးသည်တင်လေယာဉ်က အမြင့်ပေ ၁၀၀၀၀ ရောက်ရှိချိန်တွင် လေဆိပ်နှင့် အဆက်အသွယ် ပြတ်တောက်သွားခဲ့သည်။
 
ကိုးကား – အယ်လ်ဂျာဇီးယား
 
Ref; Indonesia’s Sriwijaya Air loses contact with passenger plane
 
(unicode)
……………………………………………….
 
 
 
 
 
 
 
 
 
Ref; Indonesia’s Sriwijaya Air loses contact with passenger plane

Share this post