• Follow Us on
Latest News

Home ခိုးဝင်ဘင်္ဂလီများအတွက် ဥပဒေအရ ဖြေရှင်းပေးမည့် ရှေ့နေတစ်ဦးထွက်ပေါ်လာ


Share this post




ပြောသည်။




[Unicode]
ခိုးဝင် ဘင်္ဂလီများအတွက် ဥပဒေအရ ဖြေရှင်းပေးမည့် ရှေ့နေတစ်ဦးထွက်ပေါ်လာ
……………………………………………………………………………………

မကွေးတိုင်းဒေသကြီး အထက်မင်းလှမြို့၌ ၂၀၁၈ခုနှစ်မတ်လပိုင်းမှ စတင်၍ လက်ရှိ ကာလအထိခိုးဝင် ဘင်္ဂလီ(၃၀၀)ခန့် ဖမ်းဆီးထားပြီးဖြစ်သည်။

(၃)နှစ်အတွင်း၌ ဖမ်းဆီးရမိသည့် ခိုးဝင် ဘင်္ဂလီများကိုသက်ဆိုင်ရာမှ မြန်မာနိုင်တွင်းနေထိုင်ကြသူများမှတ်ပုံတင်ရေးအက်ဥပဒေဖြင့်အရေးယူလျှက်ရှိသည်။

လက်ရှိအချိန်၌ အဆိုပါ ခိုးဝင် ဘင်္ဂလီများဘက်မှ ဥပဒေအရ ခံစားခွင့်ရရှိရန် ၎င်းတို့ဘက်ရှေ့နေ အဖြစ်ဒေါ်သဇင်မြတ်မြတ်ဝင်းကလိုက်ပါဆောင်ရွက်ပေးမည်ဖြစ်သည်။

ဖမ်းဆီးခံဘင်္ဂလီများဘက်မှရှေ့နေလိုက်ပေးမည့်သူသည်ရန်ကုန်မြို့နေထိုင်သည့် ရှေ့နေ ဒေါ်သဇင်မြတ်မြတ်ဝင်းဖြစ်ပြီး ဖမ်းဆီးခံဘင်္ဂလီများ၏ မိဘဆွေမျိုးအသိုင်းအဝိုင်းမှ ငှါးရမ်းသဖြင့် ၎င်းကရှေ့နေလိုက်ဖြစ်ခဲ့ခြင်းဖြစ်ကြောင်း
ပြောသည်။

“လူကုန်ကူးခံရတဲ့ကလေးတွေပါ။သူတို့မှာအပြစ်မရှိဘူးလို့လည်းပြောကြတယ်။ဆွေမျိုအသိုင်းအဝိုင်းကဆက်သွယ်လာတဲ့ရှေ့နေလိုက်ဖြစ်ခဲ့တာပါ”လို့ ၎င်းက ပြောသည်။

၎င်းရှေ့နေလိုက်ပေးနေသည့် ဖမ်းဆီးခံဘင်္ဂလီများသည်ဖေဖော်ဝါရီလ ၁၄ရက်နေ့၌လက်ပံတံခါနယ်မြေရဲကင်းစခန်းအပိုင်နယ်မြေအတွင်းဖမ်ဆီးရမိခဲ့သည့်ဘင်္ဂလီ(၁၈)ဦးဖြစ်ကြောင်း ၎င်းက ဆက်လကပြောဆိုသည်။

သက်နောင် (မင်းလှ)

#peoplemedia #ဘင်္ဂလီအခွင့်အရေး


Share this post