• Follow Us on

Home ခ်င္းတြင္းျမစ္အတြင္း ကုန္တင္ေမာ္ေတာ္ေရယာဥ္ အစီး ၃၀ ေက်ာ္ ေသာင္တင္

ခ်င္းတြင္းျမစ္အတြင္း ကုန္တင္ေမာ္ေတာ္ေရယာဥ္ အစီး ၃၀ ေက်ာ္ ေသာင္တင္

Share this post

ကေလး၊ မတ္ – ၂၃

စစ္ကိုင္းတိုင္းေဒသႀကီး မင္းကင္းၿမိဳ႕နယ္ တရာေက်းရြာအနီး ခ်င္းတြင္းျမစ္အတြင္း ကုန္တင္ေရယာဥ္အစီး ၃၀ ေက်ာ္ ေသာင္တင္ပိတ္မိေနေၾကာင္း မင္းကင္းၿမိဳ႕နယ္ ပုဂၢလိက ေရယာဥ္မ်ားစနစ္တက် ေျပးဆြဲေရးေကာ္မတီ အတြင္းေရးမွဴးဦးမန္းရီကေျပာသည္။

ကုန္တင္ေရယာဥ္အစီး ၃၀ ေက်ာ္သည္ မတ္ ၂၁ ရက္စတင္ေသာင္တင္ပိတ္မိေနၿပီး ယခုလက္ရွိအခ်ိန္အထိ သြားလာႏိုင္ေရးအတြက္ အဆိုပါကုန္တင္ေမာ္ေတာ္ယာဥ္မ်ားက ေရေၾကာင္းေဖာက္ၿပီး ႀကိဳးစားေဆာင္ရြက္ လ်က္ရွိသည္။

“ေရေၾကာင္းက မုံရြာ-ကေလးဝက ၃ ေပ ၃ လက္မပဲရွိတာပဲေလ။ ေရေၾကာင္းကၾကပ္သြားၿပီ။ ေရေၾကာင္းက က်ဥ္းက်ဥ္းေလးကို စုပုံေသာင္တင္ပိတ္မိေနတာပါ။

မတ္ ၂၁ ရက္ေန႔က ေရကုန္တင္ေမာ္ေတာ္ေရယာဉ္အစီး ၃၀ ေက်ာ္ေလာက္ေသာင္တင္ပိတ္မိတာပါ။ အခုဆို ၂ ရက္ေလာက္ရွိေနပါၿပီ။ သြားလာလို႔ရေအာင္ ေရေၾကာင္းေဖာက္ၿပီး သူတို႔ႀကိဳးစားေနတယ္” ဟု ဦးမန္းရီကေျပာ သည္။

ေသာင္တင္ပိတ္မိေနသည့္ေမာ္ေတာ္ယာဥ္မ်ားသည္ မုံရြာၿမိဳ႕ႏွင့္ ဟုမၼလင္းၿမိဳ႕သို႔ သြားလာေနၾကေသာ အစုန္အဆန္ကုန္တင္ေမာ္ေတာ္ေရယာဥ္အစီး ၃၀ ေက်ာ္ျဖစ္သည္။

ၿပီးခဲ့သည့္ ေဖေဖၚဝါရီလကလည္း ကနီၿမိဳ႕နယ္ မဲဒင္ေက်းရြာအနီး ခ်င္းတြင္းျမစ္အတြင္း ကုန္တင္ေမာ္ေတာ္ေရ ယာဥ္အစီး ၆၀ ေက်ာ္အား ေသာင္တင္ပိတ္မိျဖစ္ေပၚခဲ့ေသးသည္။

ခ်င္းတြင္းျမစ္ေရေၾကာင္းအတြင္း မုံရြာၿမိဳ႕ႏွင့္အထက္ ဟုမၼလင္းၿမိဳ႕သို႔သြားလာေနၾကေသာ ကုန္တင္ေရယာဥ္ အသင္း ၁၈ အသင္း၊ အစီးေရ ၅၀ ေက်ာ္ႏွင့္ အျမန္ေရယာဥ္ အသင္း ၁၀ အသင္းႏွင့္ အစီးေရ ၁၀၀ ေက်ာ္ ရွိေၾကာင္း မုံရြာၿမိဳ႕ပုဂၢလိက ေရယာဥ္မ်ားစနစ္တက် ေျပးဆြဲေရးေကာ္မတီထံမွ သိရသည္။

သူရိယထက္

#PeopleMedia

(Unicode)
ချင်းတွင်းမြစ်အတွင်း ကုန်တင်မော်တော်ရေယာဉ် အစီး ၃၀ ကျော် သောင်တင်
…………………………………………………………

ကလေး၊ မတ် – ၂၃

စစ်ကိုင်းတိုင်းဒေသကြီး မင်းကင်းမြို့နယ် တရာကျေးရွာအနီး ချင်းတွင်းမြစ်အတွင်း ကုန်တင်ရေယာဉ်အစီး ၃၀ ကျော် သောင်တင်ပိတ်မိနေကြောင်း မင်းကင်းမြို့နယ် ပုဂ္ဂလိက ရေယာဉ်များစနစ်တကျ ပြေးဆွဲရေးကော်မတီ အတွင်းရေးမှူးဦးမန်းရီကပြောသည်။

ကုန်တင်ရေယာဉ်အစီး ၃၀ ကျော်သည် မတ် ၂၁ ရက်စတင်သောင်တင်ပိတ်မိနေပြီး ယခုလက်ရှိအချိန်အထိ သွားလာနိုင်ရေးအတွက် အဆိုပါကုန်တင်မော်တော်ယာဉ်များက ရေကြောင်းဖောက်ပြီး ကြိုးစားဆောင်ရွက် လျက်ရှိသည်။

“ရေကြောင်းက မုံရွာ-ကလေးဝက ၃ ပေ ၃ လက်မပဲရှိတာပဲလေ။ ရေကြောင်းကကြပ်သွားပြီ။ ရေကြောင်းက ကျဉ်းကျဉ်းလေးကို စုပုံသောင်တင်ပိတ်မိနေတာပါ။

မတ် ၂၁ ရက်နေ့က ရေကုန်တင်မော်တော်ရေယာဉ်အစီး ၃၀ ကျော်လောက်သောင်တင်ပိတ်မိတာပါ။ အခုဆို ၂ ရက်လောက်ရှိနေပါပြီ။ သွားလာလို့ရအောင် ရေကြောင်းဖောက်ပြီး သူတို့ကြိုးစားနေတယ်” ဟု ဦးမန်းရီကပြော သည်။

သောင်တင်ပိတ်မိနေသည့်မော်တော်ယာဉ်များသည် မုံရွာမြို့နှင့် ဟုမ္မလင်းမြို့သို့ သွားလာနေကြသော အစုန်အဆန်ကုန်တင်မော်တော်ရေယာဉ်အစီး ၃၀ ကျော်ဖြစ်သည်။

ပြီးခဲ့သည့် ဖေဖေါ်ဝါရီလကလည်း ကနီမြို့နယ် မဲဒင်ကျေးရွာအနီး ချင်းတွင်းမြစ်အတွင်း ကုန်တင်မော်တော်ရေ ယာဉ်အစီး ၆၀ ကျော်အား သောင်တင်ပိတ်မိဖြစ်ပေါ်ခဲ့သေးသည်။

ချင်းတွင်းမြစ်ရေကြောင်းအတွင်း မုံရွာမြို့နှင့်အထက် ဟုမ္မလင်းမြို့သို့သွားလာနေကြသော ကုန်တင်ရေယာဉ် အသင်း ၁၈ အသင်း၊ အစီးရေ ၅၀ ကျော်နှင့် အမြန်ရေယာဉ် အသင်း ၁၀ အသင်းနှင့် အစီးရေ ၁၀၀ ကျော် ရှိကြောင်း မုံရွာမြို့ပုဂ္ဂလိက ရေယာဉ်များစနစ်တကျ ပြေးဆွဲရေးကော်မတီထံမှ သိရသည်။

သူရိယထက်

#PeopleMedia


Share this post