• Follow Us on

Home ချင်းဒေါင်ရှိ လူ ၄ သန်းကျော်ကို COVID-19 ရောဂါရှိ၊ မရှိစစ်ဆေးထား


Share this post

ဘေကျင်း၊ အောက်တိုဘာ ၁၄
 
 
 
 
 
 
 
#PeopleMedia
 
(unicode)
ချင်းဒေါင်ရှိ လူ ၄ သန်းကျော်ကို COVID-19 ရောဂါရှိ၊ မရှိစစ်ဆေးထား
…………………………………………….
 
ဘေကျင်း၊ အောက်တိုဘာ ၁၄
 
မကြာသေးခင်က ပြည်တွင်းကူးစက်မှုတွေ့ခဲ့ရသည့် နိုင်ငံအရှေ့မြောက်ပိုင်းမှဆိပ်ကမ်းမြို့ချင်းဒေါင်တွင် လူ ၄.၂ သန်းကို COVID-19 ရောဂါကူးစက်ခြင်းရှိ၊ မရှိစစ်ဆေးပေးခဲ့ပြီး ရလဒ်ထွက်လာသည့် ၂ သန်းနီးပါးတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုမရှိဟု တရုတ်အစိုးရက ဗုဒ္ဓဟူးနေ့တွင်ကြေညာသည်။
 
မြို့လူဦးရေ ၉ သန်းကျော်စလုံးကို ကိုရိုနာဗိုင်းရပ်စ်ရှိ၊ မရှိစစ်ဆေးမည်ဟု မြို့အာဏာပိုင်များက တနင်္လာ နေ့တွင်ကြေညာခဲ့သည်။
 
ပြီးခဲ့သည့်သီတင်းပတ်ကုန်ရက်များက နိုင်ငံခြားမှပြန်လာသူများကို ကုသမှုပေးနေသည့်ဆေးရုံတွင် ကူးစက်မှုများရှိပြီးနောက် စစ်ဆေးရန်စီစဉ်ခဲ့ခြင်းဖြစ်သည်။
 
ခရိုင် ၅ ခုကို ၃ ရက်အတွင်းအပြီးစစ်ဆေးမည်ဖြစ်ပြီး တမြို့လုံးကို ၅ ရက်အတွင်း အပြီးစစ်ဆေးမည်ဟု တနင်္လာနေ့က ထုတ်ပြန်ချက်တွင်ပါဝင်သည်။
 
တရုတ်နိုင်ငံတွင် အတည်ပြုလူနာ ၈၅၆၆၁ ယောက်ရှိပြီး သေဆုံးသူ ၄၆၃၄ ယောက်ရှိသည်။
 
Ref : China’s Qingdao completes COVID-19 testing for more than 4 million people after new infections
 
#PeopleMedia

Share this post