• Follow Us on
Latest News

Home ချင်းပြည်နယ်တွင် မြန်မာစစ်အစိုးရ၏ တိုက်ခိုက်မှုများကို အမေရိကန်အစိုးရက ပြစ်တင်ရှုတ်ချ

ချင်းပြည်နယ်တွင် မြန်မာစစ်အစိုးရ၏ တိုက်ခိုက်မှုများကို အမေရိကန်အစိုးရက ပြစ်တင်ရှုတ်ချ

Share this post

နိုင်ငံတကာ၊ နိုဝင်ဘာ ၁ (People Media)

 

မြန်မာနိုင်ငံ၊ ချင်းပြည်နယ်အနောက်ပိုင်းတွင် မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင်များက လူ့အခွင့်အရေးချိုးဖောက်မှုများ ဆောင်ရွက်ခဲ့ပြီး ခရစ်ယာန်ဘုရားကျောင်းများအပါအဝင် အိမ်ခြေ ၁၀၀ ကျော်ကို ဖျက်ဆီးခဲ့ကြောင်း ထွက်ပေါ် လာသည့်သတင်းများနှင့်ပတ်သက်၍ အထူးစိုးရိမ်ပူပန်မိကြောင်း အမေရိကန်ပြည်ထောင်စုက အောက်တိုဘာ လ ၃၁ ရက်နေ့ (တနင်္ဂနွေနေ့)က ပြောကြားလိုက်သည်။

 

“မြန်မာ့တပ်မတော်ကို တာဝန်ခံခိုင်းဖို့နဲ့ မြန်မာ့တပ်မတော်အတွက်လက်နက်ခဲယမ်းသယ်ဆောင်တာအပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှုတွေဖြစ်မလာအောင်ကာကွယ်နိုင်ဖို့အတွက် နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ လုပ် ဆောင်ဖို့ အရေးတကြီးလိုအပ်နေပြီဆိုတာ စက်ဆုပ်ရွံရှာဖွယ်ကောင်းတဲ့တိုက်ခိုက်မှုတွေက ပြသလိုက်တာပဲဖြစ် ပါတယ်” ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် နက်ပရိုက်စ်က ထုတ်ပြန်ကြေညာချက်တွင် ထည့်သွင်းပြောဆိုလိုက်သည်။

 

ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်များနှင့် တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် မြန်မာအစိုးရတပ်ဖွဲ့ဝင်များက ထန်တလန် မြို့ကို လက်နက်ကြီးများဖြင့်ပစ်ခတ်ခဲ့ကြောင်း ဒေသတွင်းမီဒီယာများနှင့် မျက်မြင်သက်သေများက အောက်တို ဘာလ ၂၉ ရက် (သောကြာနေ့) က ပြောကြားခဲ့ကြသည်။

 

Save the Children ရုံးခန်းတစ်ခုအပါအဝင် အိမ်ရာအဆောက်အဦအများအပြား မီးလောင်ကျွမ်းခဲ့ကြောင်း လန်ဒန်အခြေစိုက် ပရဟိတအဖွဲ့တစ်ခုက ထုတ်ပြန်ကြေညာချက်တွင်အတည်ပြုပြောကြားခဲ့သည်။

 

ထန်တလန်မြို့ခံအများစုမှာ လွန်ခဲ့သည့်လ တိုက်ပွဲများဖြစ်နေစဉ်အတွင်း မြို့ကိုစွန့်ခွာ၍ ထွက်ပြေးခဲ့ကြပြီး ထွက်ပြေးလာသူအများစုမှာ နယ်စပ်ဒေသကိုဖြတ်ကျော်၍ အိန္ဒိယနိုင်ငံဘက်သို့ ထွက်ပြေးကြောင်းသိရသည်။

 

ထန်တလန်မြို့တွင် ခရစ်ယာန်ဘုရားကျောင်းနှစ်ကျောင်းနှင့် အိမ်အလုံး ၇၀ မီးလောင်ကျွမ်းခဲ့ကြောင်း တပ်မ တော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က အောက်တိုဘာ ၃၀ ရက်နေ့က အတည်ပြုပြောကြားခဲ့သော်လည်း တပ်မ တော်လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဒေသခံလူထုကာကွယ်ရေးတပ်ဖွဲ့ဝင်များ တိုက်ပွဲဖြစ်ပွားပြီးနောက် ဒေသခံလူ ထုကာကွယ်ရေးတပ်ဖွဲ့ဝင်များလက်ချက်ကြောင့် မီးလောင်ကျွမ်းခဲ့ရခြင်းဖြစ်ကြောင်း စွပ်စွဲပြောဆိုလိုက်သည်။

 

ထန်တလန်မြို့ မီးလောင်ပျက်စီးသွားမှုတွင် တပ်မတော်က တာဝန်ရှိသည်ဟုပြောဆိုခြင်းမှာ အခြေအမြစ်မရှိ သော စွပ်စွဲမှုများသာဖြစ်ကြောင်း မြန်မာအစိုးရပြောခွင့်ရပုဂ္ဂိုလ်ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဒေသတွင်း မီဒီယာ များကို ပြောဆိုခဲ့သည်။  ဝေးလံခေါင်ဖျားအရပ်ဒေသမှ အဆိုပါသတင်းများနှင့်ပတ်သက်၍ AFP သတင်းဌာနအ နေဖြင့် သီးခြား အတည်ပြုနိုင်ခြင်းမရှိပါ။

 

မြန်မာအစိုးရက စစ်ဆင်ရေးများအား အရှိန်မြှင့်ဆောင်ရွက်လာခြင်းကို အမေရိကန်အစိုးရအနေဖြင့် စိုးရိမ်ပူပန် မိကြောင်း နက်ပရိုက်စ်ကပြောသည်။ မြန်မာနိုင်ငံသည် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးကတည်း က ပရမ်းပတာအခြေအနေသို့ဆိုက်ရောက်နေပြီး နိုင်ငံတစ်ဝန်း စစ်တပ်ကနှိပ်ကွပ်သောကြောင့် လူဦးရေ ၁,၂၀၀ ကျော်သေဆုံးခဲ့ကြောင်းသိရသည်။

 

မြန်မာစစ်အစိုးရကို ဆန့်ကျင်တိုက်ခိုက်ရန် လူထုကာကွယ်ရေးတပ်ဖွဲ့များဟု ခေါ်သော PDF များသည် တိုင်း ပြည်တစ်ဝန်း အလျင်အမြန်ကြီးထွားလာပြီး အစိုးရကို ဆန့်ကျင်တိုက်ခိုက်မှုများနှင့် ဆိုးရွားသောလက်တုံ့ပြန် တိုက်ခိုက်မှုများမှာလည်း အရှိန်မြင့်တက်လာခဲ့သည်။

 

Ref: US condemns Myanmar military government for ‘abhorrent attacks’ in Chin state

 

#PeopleMedia

 

(unicode)


……………………………………………………………..

 


 


 


 


 


 


 


 


 


 


 

Ref: US condemns Myanmar military government for ‘abhorrent attacks’ in Chin state

 

#PeopleMedia


Share this post