• Follow Us on

Home ချင်းပြည်နယ်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် န.စ.ကမှ ကျပ်သိန်း (၂၀၀၀) လှူဒါန်း

ချင်းပြည်နယ်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် န.စ.ကမှ ကျပ်သိန်း (၂၀၀၀) လှူဒါန်း

Share this post

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၁ (People Media)

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ချင်းပြည်နယ်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျပ်သိန်း(၂၀၀၀) အား လှူဒါန်းခဲ့ကြောင်း သိရသည်။

 

(၇၄) နှစ်မြောက်ချင်းအမျိုးသားနေ့အခမ်းအနားကို ယမန်နေ့ မွန်းလဲပိုင်းတွင် ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရ အဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးတက်ရောက်ခဲ့သည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ချင်းပြည်နယ်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ပေးပို့သည့်လှူဒါန်းငွေ ကျပ်သိန်း(၂၀၀၀) နှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးပစ္စည်းများအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးမှ ပေးအပ်ခဲ့ပြီး ချင်းပြည်နယ် အစိုးရအဖွဲ့ကိုယ်စား ပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင်မှ လက်ခံရယူခဲ့ကြောင်း သိရသည်။

 

ဆက်လက်ပြီး နယ်စပ်ရေးရာဝန်ကြီးဌာနမှ ချင်းပြည်နယ်အစိုးရအဖွဲ့သို့ ဆိုလာ(၁၀၀)အစုံ ထောက်ပံ့ပေး အပ်ခဲ့ရာ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဟန်ဝင်းအောင်မှ ပေးအပ်ခဲ့ပြီး ချင်းပြည်နယ်အဖွဲ့ ကိုယ်စား သယံဇာတရေးရာဝန်ကြီး ဦးကျော်ငြိမ်းမှ လက်ခံယူခဲ့ကြောင်း သိရသည်။

 

#PeopleMedia

 

(unicode)


……………………………………………………………………..

 


 


 


 


 


 

#PeopleMedia


Share this post