• Follow Us on

Home “ခ်င္းျပည္နယ္၊ပလက္ဝၿမိဳ႕နယ္၊မိတ္စာ(ေရွ႕)ေက်း႐ြာမွေနထိုင္သည့္ ေဒသခံမ်ား လက္နက္ထိမွန္၍ ေသဆုံးဒဏ္ရာရမႈျဖစ္စဥ္အေပၚ တပ္မေတာ္ရွင္းလင္းခ်က္” ပလက္ျဝမို႔နယ္၊မိတ္စာ(ေရွ႕)ေက်း႐ြာမွ ဒဏ္ရာရ ႐ြာသူ၊ ႐ြာသားအခ်ိဳ႕ မတူပီၿမိဳ႕ ျပည္သူ႕ေဆး႐ုံသို႔ေရာက္ရွိ ေဆးကုသမႈခံယူလ်က္ေၾကာင္း တပ္မေတာ္သတင္းထုတ္ျပန္

“ခ်င္းျပည္နယ္၊ပလက္ဝၿမိဳ႕နယ္၊မိတ္စာ(ေရွ႕)ေက်း႐ြာမွေနထိုင္သည့္ ေဒသခံမ်ား လက္နက္ထိမွန္၍ ေသဆုံးဒဏ္ရာရမႈျဖစ္စဥ္အေပၚ တပ္မေတာ္ရွင္းလင္းခ်က္” ပလက္ျဝမို႔နယ္၊မိတ္စာ(ေရွ႕)ေက်း႐ြာမွ ဒဏ္ရာရ ႐ြာသူ၊ ႐ြာသားအခ်ိဳ႕ မတူပီၿမိဳ႕ ျပည္သူ႕ေဆး႐ုံသို႔ေရာက္ရွိ ေဆးကုသမႈခံယူလ်က္ေၾကာင္း တပ္မေတာ္သတင္းထုတ္ျပန္

Share this post

စစ္ေတြ၊ မတ္-၁၆

ခ်င္းျပည္နယ္၊ပလက္ျဝမို႔နယ္၊မိတ္စာ(ေရွ႕)ေက်း႐ြာမွ ဒဏ္ရာရသူအခ်ိဳ႕ မတူပီၿမိဳ႕ ျပည္သူ႕ေဆး႐ုံသို႔ ေရာက္ရွိလာခဲ့ေၾကာင္း တပ္မေတာ္သတင္းထုတ္ျပန္ခ်က္၌ ေဖာ္ျပထားသည္။

ျဖစ္စဥ္မွာ ပလက္ျဝမို႔နယ္၊ မိတ္စာ(ေရွ႕)ေက်း႐ြာႏွင့္မိတ္စာ(ေနာက္)ေက်း႐ြာအနီးရွိ တပ္မေတာ္စခန္းတစ္ခု အား AA အၾကမ္းဖက္ေသာင္းက်န္းသူမ်ားက အင္အားသုံး ဝုိင္းပတ္ပိတ္ဆို႔၍ ပစ္ခတ္တိုက္ခိုက္ေနသည့္ အတြက္ မလႊဲမေရွာင္သာ ျပန္လည္ပစ္ခတ္ခဲ့ရသည္။

ျဖစ္စဥ္တြင္ အျပန္အလွန္ပစ္ခတ္မႈမ်ားေၾကာင့္ ေဒသခံ႐ြာသူ၊ ႐ြာသားအခ်ိဳ႕ ေသဆုံး/ဒဏ္ရာရရွိခဲ့ၾကၿပီး ၎တို႔အနက္ ဦးေပါက္ကိုး (ဘ) ဦးကာေဆာင္း အပါအ၀င္ ဒဏ္ရာရ အမ်ိဳးသား ၄ ဦးႏွင့္ အမ်ိဳးသမီး ၄ ဦးတို႔သည္ ယေန႕နံနက္ ၁၁ နာရီခန့္တြင္ ခ်င္းျပည္နယ္၊ မတူပီၿမိဳ႕ ျပည္သူ႕ေဆး႐ုံသို႔ ေရာက္ရွိခဲ့ၿပီး ေဆးကုသမႈခံယူလ်က္ရွိေၾကာင္း တပ္မေတာ္သတင္းထုတ္ျပန္ခ်က္၌ ေဖာ္ျပပါရွိသည္။

လက္ရွိအခ်ိန္၌ခ်င္းျပည္နယ္၊ပလက္ဝၿမိဳ႕နယ္၊စမီးၾကားရွိ မီးစာဝေက်း႐ြာ၌ ေနထိုင္သည့္ေဒသခံျပည္သူမ်ားသည္ လက္နက္ႀကီးထိမွန္၍၁၂ဦးေသဆုံးၿပီး၁၅ဦးထိခိုက္ဒဏ္ရာရရွိေၾကာင္း ပလက္ဝ အုပ္ခ်ဳပ္ေရးအဖြဲ႕မ်ားက ဆိုသည္။

Photo – ခူမီးမီဒီယာ(ဆလိုင္းေက်ာ္မိုး)

#PeopleMedia #ပလက္ဝ

[Unicode]

“ချင်းပြည်နယ်၊ပလက်ဝမြို့နယ်၊မိတ်စာ(ရှေ့)ကျေးရွာမှနေထိုင်သည့် ဒေသခံများ လက်နက်ထိမှန်၍ သေဆုံးဒဏ်ရာရမှုဖြစ်စဉ်အပေါ် တပ်မတော်ရှင်းလင်းချက်”

ပလက်ဝြမို့နယ်၊မိတ်စာ(ရှေ့)ကျေးရွာမှ ဒဏ်ရာရ ရွာသူ၊ ရွာသားအချို့ မတူပီမြို့ ပြည်သူ့ဆေးရုံသို့ရောက်ရှိ ဆေးကုသမှုခံယူလျက်ကြောင်း တပ်မတော်သတင်းထုတ်ပြန်
…………………………………………………………………………………

စစ်တွေ၊ မတ်-၁၆

ချင်းပြည်နယ်၊ပလက်ဝြမို့နယ်၊မိတ်စာ(ရှေ့)ကျေးရွာမှ ဒဏ်ရာရသူအချို့ မတူပီမြို့ ပြည်သူ့ဆေးရုံသို့ ရောက်ရှိလာခဲ့ကြောင်း တပ်မတော်သတင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ဖြစ်စဉ်မှာ ပလက်ဝြမို့နယ်၊ မိတ်စာ(ရှေ့)ကျေးရွာနှင့်မိတ်စာ(နောက်)ကျေးရွာအနီးရှိ တပ်မတော်စခန်းတစ်ခု အား AA အကြမ်းဖက်သောင်းကျန်းသူများက အင်အားသုံး ဝိုင်းပတ်ပိတ်ဆို့၍ ပစ်ခတ်တိုက်ခိုက်နေသည့် အတွက် မလွှဲမရှောင်သာ ပြန်လည်ပစ်ခတ်ခဲ့ရသည်။

ဖြစ်စဉ်တွင် အပြန်အလှန်ပစ်ခတ်မှုများကြောင့် ဒေသခံရွာသူ၊ ရွာသားအချို့ သေဆုံး/ဒဏ်ရာရရှိခဲ့ကြပြီး ၎င်းတို့အနက် ဦးပေါက်ကိုး (ဘ) ဦးကာဆောင်း အပါအဝင် ဒဏ်ရာရ အမျိုးသား ၄ ဦးနှင့် အမျိုးသမီး ၄ ဦးတို့သည် ယနေ့နံနက် ၁၁ နာရီခန့်တွင် ချင်းပြည်နယ်၊ မတူပီမြို့ ပြည်သူ့ဆေးရုံသို့ ရောက်ရှိခဲ့ပြီး ဆေးကုသမှုခံယူလျက်ရှိကြောင်း တပ်မတော်သတင်းထုတ်ပြန်ချက်၌ ဖော်ပြပါရှိသည်။

လက်ရှိအချိန်၌ချင်းပြည်နယ်၊ပလက်ဝမြို့နယ်၊စမီးကြားရှိ မီးစာဝကျေးရွာ၌ နေထိုင်သည့်ဒေသခံပြည်သူများသည် လက်နက်ကြီးထိမှန်၍၁၂ဦးသေဆုံးပြီး၁၅ဦးထိခိုက်ဒဏ်ရာရရှိကြောင်း ပလက်ဝ အုပ်ချုပ်ရေးအဖွဲ့များက ဆိုသည်။

Photo-ခူမီးမီဒီယာ(ဆလိုင်းကျော်မိုး)

#PeopleMedia #ပလက်ဝ


Share this post