• Follow Us on

Home ချင်းပြည်နယ်၊ တီးတိန်မြို့၌ လှည့်ကင်းဆောင်ရွက်နေသည့် ရဲတပ်ဖွဲ့ဝင်များ ခြုံခိုတိုက်ခိုက်ခံရပြီးနောက် ဒု-ရဲအုပ် ဆေးဝါးကုသနေစဉ် သေဆုံးခဲ့

ချင်းပြည်နယ်၊ တီးတိန်မြို့၌ လှည့်ကင်းဆောင်ရွက်နေသည့် ရဲတပ်ဖွဲ့ဝင်များ ခြုံခိုတိုက်ခိုက်ခံရပြီးနောက် ဒု-ရဲအုပ် ဆေးဝါးကုသနေစဉ် သေဆုံးခဲ့

Share this post

ရန်ကုန်၊ စက်တင်ဘာ ၆ (People Media)

 

ချင်းပြည်နယ်၊ တီးတိန်မြို့၌ စက်တင်ဘာ ၄ ရက်နေ့ ညပိုင်းက လှည့်ကင်းဆောင်ရွက်နေသည့် ရဲတပ်ဖွဲ့ဝင်၏ ယာဉ်တန်းသည် ခြုံခိုတိုက်ခိုက်ခံရပြီးနောက် ဒု-ရဲအုပ်ဖြစ်သူ သန်းလင်းဦး (၃၇) နှစ်သည် ကျည်ထိမှန်ဒဏ်ရာ ဖြင့် ဆေးဝါးကုသနေစဉ် စက်တင်ဘာ ၅ ရက်နေ့၌ သေဆုံးခဲ့ပါတယ်။

 

“လှည့်ကင်းဆောင်ရွက်နေစဉ် တီးတိန်မြို့အဝင် ဆိုင်းဘုတ်အနီးမှာ ခြုံခိုအပစ်ခံရတာ။ အပြန်အလှန်ပစ်ခတ် ရင်း ဒု-ရဲအုပ်ဖြစ်သူ ကျည်ထိမှန်ဒဏ်ရာနဲ့ ကျဆုံးခဲ့တာပါလို့” ဒေသခံရဲတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောပါ တယ်။ အလားတူ ပြီးခဲ့သည့်ရက်ပိုင်းက တီးတိန်မြို့နယ်ရှိ စီးပွားရေးဘဏ်ကို လက်နက်ဖြင့် အနုကြမ်းစီးခံရပြီး ဘဏ်လုံခြုံရေးဆောင်ရွက်နေသည့် ရဲတပ်ဖွဲ့ဝင်နှစ်ဦး ကျဆုံးခဲ့သလို ဘဏ်ရှိငွေများလည်း ယူဆောင်ခြင်းခံခဲ့ ရပါတယ်။

 

#PeopleMedia #တီးတန်မြို့

 

(unicode)


…………………………………………………………….

 


 


 


 



Share this post