• Follow Us on
Latest News

Home ချင်းပြည်နယ် စည်ပင်ဝန်ကြီး(ဟောင်း)ဆလိုင်းအိုက်ဇက်ခင်၏ ဦးလေးေ တ်ာစပ်သူ AA လက်ချက်ဖြင့် သေဆုံး

ချင်းပြည်နယ် စည်ပင်ဝန်ကြီး(ဟောင်း)ဆလိုင်းအိုက်ဇက်ခင်၏ ဦးလေးေ တ်ာစပ်သူ AA လက်ချက်ဖြင့် သေဆုံး

Share this post

ရန်ကုန်၊ ဇူလိုင် – ၂၁







#PeopleMedia #ပလက်ဝ

(unicode)
ချင်းပြည်နယ် စည်ပင်ဝန်ကြီး(ဟောင်း)ဆလိုင်းအိုက်ဇက်ခင်၏ ဦးလေး ေတာ်စပ်သူ AA လက်ချက်ဖြင့် သေဆုံး
………………………………………………

ရန်ကုန်၊ ဇူလိုင် – ၂၁

ချင်းပြည်နယ် စည်ပင်ဝန်ကြီး(ဟောင်း)ဆလိုင်းအိုက်ဇက်ခင်၏ ဦးလေးတော်စပ်သူ ဦးလှကျော်သည် AA လက် ချက်ဖြင့် သေဆုံးသွားခဲ့ပါတယ်။

စည်ပင်ဝန်ကြီး(ဟောင်း)ဆလိုင်းအိုက်ဇက်ခင်၏ ဦးလေးတော်စပ်သူ ဦးလှကျော်သည် ဇွန်လ(၅)ရက်နေ့၌ ၎င်း နေထိုင်သည့် ပလက်ဝမြို့နယ် တုန်းမဝကျေးရွာမှ အနောက်ဘက် ပီချောင်း ငသရိုင်းနယ်ဘက်သို့ ဆန်နှင့် ရိက္ခာသွားဝယ်စဉ် AA အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာလည်းဖြစ်ပါတယ်။

AA အဖွဲ့မှ ဦးလှကျော်ကို ဖမ်းဆီးခဲ့ပြီးနောက် ပြန်လည်လွှတ်ပေးခြင်းမရှိဘဲ ဇူလိုင်လအတွင်း၌ ဦးလှကျော်၏ အလောင်းကို ပြန်လည်ရှာဖွေတွေ့ရှိခဲ့တာလည်း ဖြစ်ပါတယ်။

ဦးလှကျော် သေဆုံးမှုနှင့်ပတ်သက်ပြီး “အပြစ်မဲ့ အသက်ဆုံးပါးခဲ့ရတဲ့အတွက် မိသားစုဝင်တစ်ဦးအနေနဲ့ များစွာ စိတ်မကောင်းဖြစ်ရပါတယ်။ ဦးလေးလွတ်မြောက်ရေးအတွက် ကျွန်တော်ဘာမှလုပ်မပေးနိုင်ခဲ့လို့ ကိုယ်ကိုကိုယ် ပိုပြီးဝမ်းနည်းမိပါတယ်”လို့ စည်ပင်ဝန်ကြီး(ဟောင်း)ဆလိုင်းအိုက်ဇက်ခင်က သူ၏ လူမှုကွန်ယက်၌ ရေးသား ထားပါတယ်။

AA အဖွဲ့သည် ချင်းပြည်နယ် ပလက်ဝမြို့နယ်၌ ၎င်းတို့၏ ဌာနချုပ်စခန်းအခြေစိုက်နိုင်ရန် ကြိုးစာမှုများကြောင့် တပ်မတော်မှ နယ်မြေရှင်းလင်းရေးကို ဆောင်ရွက်ခဲ့ရသလို AA အခြေစိုက်သည့် စခန်းကုန်းများကိုလည်း တပ်မတော်မှ ရှင်းလင်းမှုများ လုပ်ဆောင်ခဲ့သည်။

အဆိုပါတိုက်ပွဲများကြောင့် ပလက်ဝဒေသခံ ဌာနေတိုင်းရင်းသားများသည် ပလက်ဝမြို့ပေါ်၌ စစ်ဘေးရှောင် လျက်ရှိပါတယ်။

#PeopleMedia #ပလက်ဝ


Share this post