• Follow Us on

Home ခ်င္းျပည္နယ္ တြန္းဇံတြင္ မဲေပးခြင့္ရွိသူထက္ မဲ ၄၆၀၀ ေက်ာ္ပိုမ်ားေန

ခ်င္းျပည္နယ္ တြန္းဇံတြင္ မဲေပးခြင့္ရွိသူထက္ မဲ ၄၆၀၀ ေက်ာ္ပိုမ်ားေန

Share this post

ရန္ကုန္၊ ႏို၀င္ဘာ ၁၀

ခ်င္းျပည္နယ္၊ တြန္းဇံၿမိဳ႕နယ္ ျပည္နယ္၀န္ႀကီး ဦးေပါင္လြန္မင့္ထန္အႏိုင္ရသည့္ မဲဆႏၵနယ္ေျမ၏ မဲစာရင္းတြင္ မဲေပးခြင့္ရွိသူထက္ မဲအေရအတြက္ ၄၆၀၀ ေက်ာ္ပိုမ်ားေနသည့္ျဖစ္စဥ္ ျဖစ္ေပၚလ်က္ရွိေၾကာင္း ျပည္နယ္ လႊတ္ေတာ္ကုိယ္စားလွယ္ေလာင္းမ်ားက အတည္ျပဳသည္။

တြန္းဇံၿမိဳ႕နယ္ အမွတ္(၂)မဲဆႏၵနယ္ေျမ၌ ဇုီမီးဒီမုိကေရစီအဖြဲ႕ခ်ဳပ္ပါတီမွ ဦးေပါင္လြန္မင့္ထန္(ျပည္နယ္လူမႈ ေရးဝန္ႀကီး)၊ NLD ပါတီ၊ USDP ပါတီ၊ UBP ပါတီႏွင့္ ဇုိတုိင္းရင္းသားေဒသဖြံ႕ၿဖိဳးတုိးတက္ေရးပါတီပါတီမ်ားမွ ကုိယ္စားလွယ္ေလာင္း(၅)ဦး ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့သည္။

မဲဆႏၵနယ္ေျမ(၂)၌ ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့ၾကသည့္ ကုိယ္စားလွယ္ေလာင္း(၅)ဦး၏ မဲရလဒ္ကုိ စစ္ေဆးရာ၌ မဲေပးခြင့္ရွိသူ (၈၀၄၃) ဦးျဖစ္ေသာ္လည္း ဇုီမီးဒီမုိကေရစီအဖြဲ႕ခ်ဳပ္ပါတီမွ ပါတီကုိယ္စားလွယ္ေလာင္း ဦးေပါင္လြန္မင့္ထန္(လက္ရွိလူမႈေရးဝန္ႀကီး)ရရွိသည့္ ဆႏၵမဲသည္ (၇၂၇၄)မဲျဖစ္ၿပီး၊ NLD ပါတီမွ ကုိယ္စား လွယ္ေလာင္း ဦးထန္ဆြင္းဇမ္း ရရွိသည့္ မဲသည္ (၅၄၄၄)ျဖစ္သည္။

အထက္ပါ ကုိယ္စားလွယ္ေလာင္းႏွစ္ဦး၏ မဲရလဒ္ကုိ စစ္ေဆးလွ်င္ မူလဆႏၵမဲေပးခြင့္ရွိသူထက္ (၄၆၇၅)မဲ ပုိ၍ မ်ားျပားလ်က္ရွိသည္။

အဆုိပါျဖစ္စဥ္ႏွင့္ပတ္သက္၍ People Media က တြန္းဇံၿမိဳ႕နယ္ ေရြးေကာက္ပြဲေကာ္မရွင္ထံ ဖုန္းျဖင့္ ဆက္ သြယ္ရာ တာဝန္ရွိသူမ်ားက မွတ္ခ်က္ေပးျခင္းမရွိပါ။

#PeopleMedia #တြန္းဇံၿမိဳ႕ #2020election

(unicode)
ချင်းပြည်နယ် တွန်းဇံတွင် မဲပေးခွင့်ရှိသူထက် မဲ ၄၆၀၀ ကျော်ပိုများနေ
…………………………………

ရန်ကုန်၊ နိုဝင်ဘာ ၁၀

ချင်းပြည်နယ်၊ တွန်းဇံမြို့နယ် ပြည်နယ်ဝန်ကြီး ဦးပေါင်လွန်မင့်ထန်အနိုင်ရသည့် မဲဆန္ဒနယ်မြေ၏ မဲစာရင်းတွင် မဲပေးခွင့်ရှိသူထက် မဲအရေအတွက် ၄၆၀၀ ကျော်ပိုများနေသည့်ဖြစ်စဉ် ဖြစ်ပေါ်လျက်ရှိကြောင်း ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်လောင်းများက အတည်ပြုသည်။

တွန်းဇံမြို့နယ် အမှတ်(၂)မဲဆန္ဒနယ်မြေ၌ ဇီုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဦးပေါင်လွန်မင့်ထန်(ပြည်နယ်လူမှု ရေးဝန်ကြီး)၊ NLD ပါတီ၊ USDP ပါတီ၊ UBP ပါတီနှင့် ဇိုတိုင်းရင်းသားဒေသဖွံ့ဖြိုးတိုးတက်ရေးပါတီပါတီများမှ ကိုယ်စားလှယ်လောင်း(၅)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။

မဲဆန္ဒနယ်မြေ(၂)၌ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည့် ကိုယ်စားလှယ်လောင်း(၅)ဦး၏ မဲရလဒ်ကို စစ်ဆေးရာ၌ မဲပေးခွင့်ရှိသူ (၈၀၄၃) ဦးဖြစ်သော်လည်း ဇီုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ပါတီကိုယ်စားလှယ်လောင်း ဦးပေါင်လွန်မင့်ထန်(လက်ရှိလူမှုရေးဝန်ကြီး)ရရှိသည့် ဆန္ဒမဲသည် (၇၂၇၄)မဲဖြစ်ပြီး၊ NLD ပါတီမှ ကိုယ်စား လှယ်လောင်း ဦးထန်ဆွင်းဇမ်း ရရှိသည့် မဲသည် (၅၄၄၄)ဖြစ်သည်။

အထက်ပါ ကိုယ်စားလှယ်လောင်းနှစ်ဦး၏ မဲရလဒ်ကို စစ်ဆေးလျှင် မူလဆန္ဒမဲပေးခွင့်ရှိသူထက် (၄၆၇၅)မဲ ပို၍ များပြားလျက်ရှိသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ People Media က တွန်းဇံမြို့နယ် ရွေးကောက်ပွဲကော်မရှင်ထံ ဖုန်းဖြင့် ဆက် သွယ်ရာ တာဝန်ရှိသူများက မှတ်ချက်ပေးခြင်းမရှိပါ။

#PeopleMedia #တွန်းဇံမြို့ #2020election


Share this post