• Follow Us on
Latest News

Home ချမ်းမြသာစည်မြို့နယ်တွင် COVID-19 ကာကွယ်ဆေးထိုးပေးနေသည့် ကျောင်းကို အသံဗုံးဖြင့် လာရောက် ပစ်ခတ်

ချမ်းမြသာစည်မြို့နယ်တွင် COVID-19 ကာကွယ်ဆေးထိုးပေးနေသည့် ကျောင်းကို အသံဗုံးဖြင့် လာရောက် ပစ်ခတ်

Share this post

မန္တလေး၊ အောက်တိုဘာ ၂၇ (People Media)

 

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်တွင် COVID-19 ကာကွယ်ဆေးထိုးပေးနေသည့်ကျောင်းကို အောက်တိုဘာလ ၂၇ ရက်နေ့ နံနက်ပိုင်းအချိန်တွင် အသံဗုံးဖြင့် လာရောက်ပစ်ခတ်သွားကြောင်း သိရှိရသည်။

 

ဖြစ်စဉ်မှာ ချမ်းမြသာစည်မြို့နယ်၊ မြို့သစ် ၃ ရပ်ကွက်၊ ၆၄ လမ်းနှင့် ၁၀၈ လမ်းထောင့်၌ ကာကွယ်ဆေးထိုးပေး နေသည့် အထက ၃၀ မြောက်ဘက်ပေါက်တွင် ဆိုင်ကယ်ဖြင့် အမည်မသိ လူ ၃ ဦးမှ အသံဗုံးဖြင့်ပစ်ပေါက်၍ ထွက်ပြေးသွားရာ အုတ်တံတိုင်းအပြင်တွင် ပေါက်သဖြင့် ထိခိုက်ပျက်စီးမှုမရှိကြောင်း သိရှိရသည်။

 

ထို့အပြင် ယနေ့ အောက်တိုဘာလ ၂၇ ရက်နေ့၌ပင် ချမ်းအေးသာစံမြို့နယ်၊ ပြည်ကြီးမျက်ရှင်ရပ်ကွက်၊ ၆၃ လမ်း၊ ၃၄x၃၅ လမ်းကြားရှိ မြန်မာအာမခံလုပ်ငန်း(တိုင်းရုံး)အရှေ့သို့ လက်လုပ်မိုင်း ပေါက်ကွဲခဲ့ပြီး လုံခြုံရေး တပ်ဖွဲ့ဝင်များမှ သွားရောက်စစ်ဆေးရာ မပေါက်ကွဲသေးသည့် လက်လုပ်မိုင်းတစ်လုံးထပ်မံတွေ့ရှိရကြောင်း သိရှိရသည်။

 

အလားတူ မဟာအောင်မြေမြို့နယ်၊ ချမ်းမြသာစည်မြောက်ရပ်ကွက်၊ သိပ္ပံလမ်း၊ ၇၃x၇၈ လမ်းကြားရှိ ကညနရုံး ရှေ့တွင် ယနေ့ နံနက်ပိုင်း ၁၁ နာရီအချိန်ခန့်တွင် ချိန်ကိုက်မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အဆိုပါပေါက်ကွဲမှု ကြောင့် အမျိုးသမီး ၂ ဦး၊ အမျိုးသား ၁ ဦး(မစိုးရိမ်ရ) ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ကညနရုံးသို့ လာရောက်သည့် ဆိုင်ကယ် ၁၄ စီး မီးလောင်ကျွမ်းခဲ့သည်။

 

ထပ်မံပြီး အဆိုပါ ကညနရုံး ရှေ့၌ နံနက် (၁၁:၃၀)အထျိန်က ထပ်မံပြီး ဗုံးပေါက်ကွဲမှုကြောင့် လူမှုကူညီရေး ဆောင်ရွက်နေပြည့် လူမှုကူညီရေးအဖွဲ့ဝင် ၅ ဦး ထိခိုက်ခဲ့ပြီး ၁ ဦး အပြင်းအထန် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

 

Photo – Credit

#PeopleMedia #မန္တလေး #ပေါက်ကွဲမှုများ

 

(unicode)


………………………………………………………………

 

မန်တလေး၊ အောကျတိုဘာ ၂၇ (People Media)

 


 


 


 


 


 

Photo – Credit

#PeopleMedia #မန်တလေး #ပေါကျကှဲမှုမြား


Share this post