• Follow Us on

Home ချမ်းမြသာစည်မြို့နယ်ရှိ နေအိမ်တစ်အိမ် ဖောက်ထွင်းခံရပြီး နေအိမ်ရှိ ဆိုင်ကယ် ၃ စီးနှင့်အတူ အလှမွေးငါး များ ယူဆောင်ခြင်း ခံခဲ့ရ

ချမ်းမြသာစည်မြို့နယ်ရှိ နေအိမ်တစ်အိမ် ဖောက်ထွင်းခံရပြီး နေအိမ်ရှိ ဆိုင်ကယ် ၃ စီးနှင့်အတူ အလှမွေးငါး များ ယူဆောင်ခြင်း ခံခဲ့ရ

Share this post

မန္တလေး၊ ဒီဇင်ဘာ ၂၁ (People Media)

 

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ (ဆ)ရပ်ကွက်ရှိ နေအိမ်တစ်အိမ်ကို ယနေ့ နံနက် ၂ နာရီခန့် အချိန်က အမည်မသိ လူတစ်စုမှ ဖောက်ထွင်းဝင်ရောက်ပြီး ဆိုင်ကယ်(၃) စီးနှင့် အလှမွေးငါးများကို ယူဆောင် သွားကြောင်း ဒေသခံတွေထံက သိရပါတယ်။

 

“ဖြစ်စဉ်ကတော့ ဟုက်တယ်။ လူတွေကိုတော့ ဘာမှမလုပ်သွားဘူး။ ဆိုင်ကယ်နဲ့ အလှမွေးထားတဲ့ငါးတွေ အကုန်ယူသွားတယ်။ ဒီမှာက သူခိုးတွေက သောင်းကျန်းနေတာ များပြီ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

 

ဖြစ်စဉ်မှာ ဒီဇင်ဘာ ၂၁ ရက်၊ နံနက် ၂ နာရီအချိန်ခန့်က လက်နက်များကိုင်ဆောင်ထားသည့် အမျိုးသား (၈) ဦးခန့်သည် (ဆ) ရပ်ကွက်ရှိ နေအိမ်တစ်ခုအတွင်းသို့ ဖောက်ထွင်းဝင်ရောက်ခဲ့သည်။

 

ထို့နောက် နေအိမ်အတွင်းရှိ မိသားစုဝင်များကို အန္တရာယ်မပြုခဲ့သော်လည်း ရပ်ထားသည့် ဆိုင်ကယ် (၃) စီးနှင့် အတူအလှမွေးထားသည့် ငါးများယူဆောင်သွားခဲ့ခြင်းဖြစ်သည်။

 

လက်ရှိကာလ၌ မန္တလေးမြို့၌ လုယက်မှု၊ ဖောက်ထွင်းမှု၊ ဆိုင်ကယ်ခိုးမှုများ နေ့စဉ် ဖြစ်ပွားနေလျှက်ရှိနေ သော်လည်း သက်ဆိုင်ရာက ထိထိရောက်ရောက် ဟန့်တားနိုင်ခြင်း မရှိသေးကြောင်း သိရသည်။

 

Photo – Credit

 

#PeopleMedia #ချမ်းမြသာစည်မြို့

 

(unicode)


……………………………………………………………

 

မန်တလေး၊ ဒီဇငျဘာ ၂၁ (People Media)

 


 


 


 


 


 

Photo – Credit

 



Share this post