• Follow Us on

Home ချမ်းမြသာစည်မြို့နယ်၊ အောင်ပင်လယ်ရပ်ကွက်ရှိ ရာအိမ်မှူးတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရ

ချမ်းမြသာစည်မြို့နယ်၊ အောင်ပင်လယ်ရပ်ကွက်ရှိ ရာအိမ်မှူးတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရ

Share this post

မန္တလေး၊ အောက်တိုဘာ ၂၆ (People Media)

 

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ အောင်ပင်လယ်ရပ်ကွက် ရာအိမ်မှူးသည် ယနေ့အောက်တို ဘာလ ၂၆ ရက်နေ့ နံနက်ပိုင်းအချိန်တွင် သေနတ်ဖြင့် ပစ်ခတ်ခံရကြောင်း သိရှိသည်။

 

ဖြစ်စဉ်မှာ ချမ်းမြသာစည်မြို့နယ်၊ အောင်ပင်လယ်ရပ်ကွက် ရာအိမ်မှူး ဦးကျော်ကျော်အား အောက်တိုဘာလ ၂၆ ရက်နေ့ နံနက်ပိုင်းအချိန်တွင် ချမ်းမြသာစည်မြို့နယ်၊ ၅၃ လမ်း၊ ၁၀၅ လမ်းနှင့် ၁၀၆ လမ်းကြားတွင် သေ နတ်ဖြင့် သုံးချက်ပစ်ခတ်သတ်ဖြတ်ခြင်းခံရကြောင်း သိရှိရသည်။

 

အဆိုပါ အောင်ပင်လယ်ရပ်ကွက် ရာအိမ်မှူး ဦးကျော်ကျော်တွင် ဝမ်းဗိုက်နှင့် ရင်ဘတ်တွင် သေနတ်ထိမှန် ဒဏ်ရာများရရှိထားကြောင်းနှင့် ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ဆေးရုံသို့ ပို့ဆောင်ထားပြီး အသက်သေဆုံးခြင်း ရှိမရှိကိုမူ အတည်ပြုမရသေးပေ။

 

မန္တလေးတိုင်းဒေသကြီးအတွင်းတွင် အုပ်ချုပ်ရေးပိုင်းတာဝန်ရှိသူများနှင့် ပြည်သူအချို့အား ဒလန်ဟုစွပ်စွဲကာ ပစ်ခတ်သတ်ဖြတ်မှုများ မကြာခဏဖြစ်ပွားလျက်ရှိသည်။

 

#PeopleMedia #မန္တလေး #ချမ်းမြသာစည် #အောင်ပင်လယ်

 

(unicode)


…………………………………………………………

 

မန်တလေး၊ အောကျတိုဘာ ၂၆ (People Media)

 


 


 


 


 



Share this post