• Follow Us on

Home ချမ်းမြသာစည်မြို့နယ်၌ လက်လုပ်မိုင်းထောင်နေစဉ်ပေါက်ကွဲမှုဖြစ်ပွား၍ မိုင်းထောင်သူ (၂) ဦး သေဆုံးပြီး (၂) ဦး ဒဏ်ရာရရှိ

ချမ်းမြသာစည်မြို့နယ်၌ လက်လုပ်မိုင်းထောင်နေစဉ်ပေါက်ကွဲမှုဖြစ်ပွား၍ မိုင်းထောင်သူ (၂) ဦး သေဆုံးပြီး (၂) ဦး ဒဏ်ရာရရှိ

Share this post

မန္တလေး၊ မတ် ၁၆

 

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၌ မတ်လ ၁၄ ရက်နေ့ ည ၆ နာရီ ၅၀ မိနစ်တွင် လက်လုပ်မိုင်း ထောင်နေစဉ် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ မိုင်းထောင်သည့် အမျိုးသား ၂ ဦး သေဆုံးပြီး အမျိုးသား ၂ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ ချမ်းမြသာစည်မြို့နယ်၊ ချမ်းမြသာစည်တောင်ရပ်ကွက်၊ ပိတောက်လမ်းနှင့် သိပ္ပံလမ်းကြား၌ အမျိုး သား ၂ ဦး မောင်းနှင်လာသည့် ဆိုင်ကယ်ပေါ်မှ ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သတင်းအရ လုံခြုံရေး တပ်ဖွဲ့ ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါနေရာ၌ မိုင်းစထိမှန်ဒဏ်ရာ၊ မီးလောင်ဒဏ်ရာများဖြင့် သေဆုံး နေသည့် အမျိုးသားအလောင်း ၂ လောင်းကို တွေ့ရှိရသဖြင့် မိုင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့ရသည့်အခြေအနေနှင့် ပူးပေါင်းပါဝင်သူများအား ဖော်ထုတ်ဖမ်းဆီး ရမိနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေအတွင်း ပိတ်ဆို့စုံစမ်း ရှာဖွေစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ထို့သို့ စုံစမ်းရှာဖွေစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ည ၈ နာရီ ၁၅ မိနစ်တွင် ချမ်းအေး သာစံမြို့နယ်ရှိ မန္တလေး အထွေထွေရောဂါကုဆေးရုံကြီးသို့ မိုင်းစထိမှန် ဒဏ်ရာ များရရှိထားသည့် အမျိုးသား ၂ ဦး ရောက်ရှိနေကြောင်း သတင်းအရ သွားရောက်စစ်ဆေးရာ ပြည်ကြီးတံခွန် မြို့နယ်၊ အရာတော်ရပ်ကွက်နေ ဇွဲဝဏ္ဏထွန်း(၁၇)နှစ် (ဘ)ဦးဖိုးရီနှင့် ရဲဘော်စိုက်ကွင်း ရပ်ကွက်နေ အေးမောင်မောင် (၂၇)နှစ် (ဘ)ဦးမောင်မောင်တို့ ၂ ဦးအား တွေ့ရှိဖမ်းဆီး ရမိခဲ့သည်။

 

၎င်းတို့၏ ထွက်ဆိုချက်များအရ ဇွဲဝဏ္ဏထွန်း၊ အေးမောင်မောင်၊ မျိုးမင်းဦး၊ ဟိန်းစိုး(ခ)ရေခဲနှင့် ပေါက်စ (ခ) ယာယာတို့ (၅)ဦးသည် သိပ္ပံလမ်းနှင့် ၇၈ လမ်းထောင့်ရှိ CCTV ပုံးအား မိုင်းထောင် ဖောက်ခွဲရန် ဆိုင်ကယ် ၃ စီးဖြင့် ထွက်ခွာလာစဉ် အထက်ပါ ဖြစ်စဉ်ဖြစ်ပွားသည့် နေရာအရောက်၌ ဟိန်းစိုး (ခ)ရေခဲက လွယ်အိတ် အတွင်း သယ်ဆောင်လာသည့် လက်လုပ်မိုင်းအား ထုတ်ယူစဉ် ပေါက်ကွဲမှုဖြစ် ပွားခဲ့ကြောင်း၊ ပေါက်ကွဲမှု ကြောင့် ဟိန်းစိုး(ခ)ရေခဲနှင့် မျိုးမင်းဦးတို့ ၂ ဦးတွင် မိုင်းစထိမှန်ဒဏ်ရာများ ဖြင့် အခင်းဖြစ်နေရာ၌ သေဆုံးခဲ့ပြီး ဇွဲဝဏ္ဏထွန်းနှင့် အေးမောင်မောင်တို့တွင် မိုင်းစထိမှန် ဒဏ်ရာ များအသီးသီးရရှိခဲ့ကာ ပေါက်စ(ခ)ယာယာတွင် ဒဏ်ရာရရှိခဲ့ခြင်းမရှိကြောင်း၊ ထို့နောက် ဇွဲဝဏ္ဏထွန်း၊ အေးမောင်မောင်နှင့် ပေါက်စ(ခ) ယာယာတို့ ၃ ဦးမှာ အခင်းဖြစ်နေရာမှ ဆိုင်ကယ် ၁ စီး ဖြင့် ထွက်ပြေးခဲ့ရာ အမရပူရမြို့နယ်၊ ရှမ်းကလေးကျွန်းကန်ပတ်လမ်းတာရိုး ပေါ်အရောက် ဇွဲဝဏ္ဏထွန်းနှင့် မောင်မောင်အေးတို့မှာ ဒဏ်ရာများကြောင့် ဆိုင်ကယ် မစီးနိုင်သဖြင့် လှဲနေစဉ် ဧရာမေတ္တာလူမှုကူညီရေးအသင်းမှ မော်တော်ယာဉ်ဖြင့် မန္တလေးအထွေထွေရောဂါကု ဆေးရုံကြီးသို့ ပို့ဆောင် ပေးခဲ့ပြီး ဆေးရုံသို့ ရောက်ရှိသည့်အချိန်တွင် ပေါက်စ(ခ)ယာယာမှာ ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

 

အထက်ပါဖြစ်စဉ်တွင် သေဆုံးသူများအား သေမှုသေခင်းရေးဖွင့် ဆောင်ရွက်ထားရှိပြီး ဖမ်းဆီးရမိတရားခံများ အား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေးနှင့် ထွက်ပြေးတိမ်း ရှောင်တရားခံအား ဖော်ထုတ်ဖမ်းဆီး ရမိနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

#PeopleMedia

 

(unicode)


………………………………..

 

မန်တလေး၊ မတျ ၁၆

 


 


 


 


 


 

#PeopleMedia


Share this post