• Follow Us on
Latest News

Home ချမ်းမြသာစည်မြို့နယ်၌ ကြက်ခြေနီအသင်း၏ ဒုတပ်ခွဲမှူးတစ်ဦး သေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်ခံရ

ချမ်းမြသာစည်မြို့နယ်၌ ကြက်ခြေနီအသင်း၏ ဒုတပ်ခွဲမှူးတစ်ဦး သေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်ခံရ

Share this post

မန္တလေး၊ နိုဝင်ဘာ ၂၉ (People Media)

 

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ လူမှုကယ်ဆယ်ရေးလုပ်ငန်းများကို အများဆုံးလိုက်ပါ ကူညီ ဆောင်ရွက်ပေးသည့် ချမ်းမြသာစည်မြို့နယ် ကြက်ခြေနီအသင်း၏ ဒုတပ်ခွဲမှူး ဦးမောင်မောင်ဝင်းဆိုသူကို ယနေ့ညနေ ၁ နာရီဝန်းကျင်အချိန်ခန့်က မသမာသူများက လုပ်ကြံသတ်ဖြတ်လိုက်ပါတယ်။

 

ဦးမောင်မောင်ဝင်းဆိုသူသည် လူအများနှင့် ဆက်ဆံရေးပြေပြစ်သူတစ်ဦးဖြစ်ပြီး စိတ်သဘောထားကောင်းမွန် သူတစ်ဦးဖြစ်ကြောင်း ယခုကဲ့သို့ လုပ်ကြံသတ်ဖြတ်ခြင်းခံရသည်ကို မယုံကြည်နိုင်ကြောင်း ၎င်းနှင့် တာဝန်အတူ တူထမ်းဆောင်ဖူးသည့် တပ်ဖွဲ့ဝင်တချို့က ပြောပါတယ်။

 

“ဦးမောင်က သဘောတော်တော်ကောင်းတယ်။ အရေးအကြောင်းဆိုရင် ဘယ်တော့မှ မငြင်းဘူးလိုက်ပြီးတော့ ကူညီတတ်တယ်။ ဒုတပ်ခွဲမှူးဆိုပေမယ့် သူလက်အောက်ငယ်သားတွေဆိုရင် တလေးတစား ဆက်ဆံတာရှိ တယ်။ အခုလို လုပ်ကြံခံရတယ်ဆိုတာ ယုံတောင်မယုံနိုင်ဘူး” ဟု ချမ်းမြသာစည်မြို့နယ်ကြက်ခြေနီအသင်း တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

 

ယခုကဲ့သို့ နိုင်ငံရေးအခြေအနေမျိုးတွင် လက်နက်ကိုင်သူအချင်းချင်း လက်နက်ကိုင်တိုက်ခိုက်ခြင်းကို အငြင်း မပွားလိုသော်လည်း ယခုကဲ့သို့ နိုင်ငံရေးနှင့်ပတ်သက်မှုမရှိပဲ လူမှုကူညီရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် အပြစ်မဲ့သူများကို လုပ်ကြံသတ်ဖြတ်သည်မှာ မဖြစ်သင့်ကြောင်း အထက်ပါ ကြက်ခြေနီအသင်းမှ တပ်ဖွဲ့ဝင် တစ်ဦးက ပြောဆိုခဲ့ပါတယ်။

 

Photo – Credit (အများအကျိုးဆောင်ရွက်နေသည့် ကြက်ခြေနီအဖွဲ့ဝင်များ)

 

#PeopleMedia #ချမ်းမြသာစည်မြို့နယ်

(unicode)


……………………………………………………

 

မန်တလေး၊ နိုဝငျဘာ ၂၉ (People Media)

 


 


 


 


 


 



Share this post