• Follow Us on

Home ချမ်းမြသာစည်မြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ ဒု-တပ်ခွဲမှူးတစ်ဦး အသတ်ခံရမှုနှင့်ပတ်သက်၍ မြန်မာ နိုင်ငံကြက်ခြေနီအသင်း ဝမ်းနည်းကြောင်း ထုတ်ပြန်

ချမ်းမြသာစည်မြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ ဒု-တပ်ခွဲမှူးတစ်ဦး အသတ်ခံရမှုနှင့်ပတ်သက်၍ မြန်မာ နိုင်ငံကြက်ခြေနီအသင်း ဝမ်းနည်းကြောင်း ထုတ်ပြန်

Share this post

နေပြည်တော်၊ ဒီဇင်ဘာလ ၁ (People Media)

 

မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ ချမ်းမြသာစည်မြို့နယ်တွင် နေထိုင်သော ဦးမောင်မောင်ဝင်းဆိုင် (အ သက် ၄၉ နှစ်)သည် ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ (၂၉) ရက်နေ့ နံနက် (၁၀ နာရီ ၃၀ အချိန်က ၎င်းနေအိမ် ကွမ်း ယာဆိုင်တွင် ဈေးရောင်းနေစဉ် မမျှော်လင့်ဘဲ အသက်ဆုံးရှုံးခဲ့ရကြောင်း မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ယနေ့ ထုတ်ပြန်ထားသည်။

 

ဦးမောင်မောင်ဝင်းဆိုင်သည် ချမ်းမြသာစည်မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ ဒု-တပ်ခွဲမှူးအဖြစ် ကြက်ခြေနီ လူမှုကရုဏာလုပ်ငန်းများကို လုပ်ဆောင်နေသော ကြက်ခြေနီစေတနာလုပ်အားရှင်တစ်ဦးဖြစ်ပြီး အသင်းဝင် တပ်ဖွဲ့ဝင်တစ်ဦးအား ဆုံးရှုံးလိုက်ရသည့်အတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်းက မိသားစုနှင့်ထပ်တူ ဝမ်း နည်းကြေကွဲရကြောင်း ထုတ်ပြန်ထားသည်။

 

ချမ်းမြသာစည်မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ ဦးမောင်မောင်ဝင်းဆိုင်သည် နိုဝင်ဘာလ (၂၉) ရက်နေ့ နံနက် (၁၀) နာရီကျော်အချိန်က ၎င်းနေအိမ် ကွမ်းယာဆိုင်တွင် ဈေးရောင်းနေစဉ် အမည်မသိသူမှ သေနတ် ဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင့် ဦးမောင်မောင်ဝင်းမှာ လည်ပင်းထိမှန်ကာ နေရာ၌ပင် သေဆုံးခဲ့ရခြင်းဖြစ်သည်။

 

#PeopleMedia #မြန်မာနိုင်ငံကြက်ခြေနီအသင်း

 

(unicode)


…………………………………………………………………

 


 


 


 


 



Share this post