• Follow Us on

Home ချမ်းမြရွှေပြည်(ကျွဲဆည်ကန်ကားကြီးကွင်း) မကြာမှီယာယီကားကြီးကွင်းသို့ ရွှေ့ပြောင်း မည်ဟု မန္တလေး ဒု-မြို့တော်ဝန်ပြောဆို


Share this post

မန္တလေး၊ အောက်တိုဘာ ၁၇








ရိုက်ကူး – အောင်အောင်

(unicode)

ချမ်းမြရွှေပြည်(ကျွဲဆည်ကန်ကားကြီးကွင်း) မကြာမှီယာယီကားကြီးကွင်းသို့ ရွှေ့ပြောင်း မည်ဟု မန္တလေး ဒု-မြို့တော်ဝန်ပြောဆို

++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++
မန္တလေး၊ အောက်တိုဘာ ၁၇

ချမ်းမြရွှေပြည်(ကျွဲဆည်ကန်ကားကြီးကွင်း) မကြာမှီယာယီကားကြီးကွင်းသို့ ရွှေပြောင်း မည်ဟု မန္တလေး ဒု-မြို့တော်ဝန်ဦးရဲမွန်ကပြောသည်။

“ဒီလထဲမှာပဲ ကျွဲဆည်ကန် ယာယီကားကြီးကွင်းက တည်ဆောက်မှုက လုံးဝပြီးစီးသွား မှာပဲ ဖြစ်ပါတယ်”ဟု ဦးရဲမွန်ကပြောသည်။

ကျွဲဆည်ကန် ကားကြီးကွင်းမှ ယာယီကားကွင်းသို့ ရွှေ့ပြောင်းရန်အတွက် ဂိတ်ခန်းပိုင် ရှင်များ ကားလိုင်း အသင်းများယာဉ်ပိုင်ရှင်များနှင့် ညှိုနှိုင်းဆောင်ရွက်နေမှုမှာလည်း နောက်ဆုံး အဆင့်သို့ ရောက်ရှိနေပြီဟု ဦးရဲမွန်ကဆိုသည်။

ထိုသို့ ရွှေ့ပြောင်းမှုများ ဆောင်ရွက်ရာတွင် စနစ်တကျ ရွှေ့ပြောင်းနိုင်ရန်အတွက် မဲနှိုက်နေရာ ချထားမည့် အစီအစဉ်ကိုလည်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော် မတီမှ စီစဉ်ဆောင်ရွက်ထားသည်ဟု ဦးရဲမွန်ကဆိုသည်။

ကျွန်တော်တို့ လက်ရှိကားကွင်းနဲ့ယာယီ ကားကွင်းက အားလုံးသိတဲ့အတိုင်း နီးနီးလေး ပါ။ မလှမ်းမကမ်းမှာပဲ ရှိပါတယ်။

ဒီနေရာမှာဆိုလည်း ကျွန်တော်တို့ ခရီးသည်တွေအတွက် ဒါသက်သောင့်သက်သာ ဖြစ်နိုင်အောင်လို့ စီစဉ်ထားပါတယ်။

ကျွဲဆည်ကန် ကားကြီးကွင်းမှ ယာယီ ကားကြီးကွင်းသို့ ရွှေ့ပြောင်းရာတွင် လိုအပ်သည့် အကူအညီများကို မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ ပေးသွားမည် ဖြစ်သည်။

ရိုက်ကူး – အောင်အောင်


Share this post