• Follow Us on
Latest News

Home ချီဖွေမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲတွင် ကျောင်းသားကျောင်းသူ (၁၂၃) ဦး ဝင်ရောက်ဖြေဆိုမည်

ချီဖွေမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲတွင် ကျောင်းသားကျောင်းသူ (၁၂၃) ဦး ဝင်ရောက်ဖြေဆိုမည်

Share this post

မြစ်ကြီးနား၊ မတ် ၁၀

 

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ်တွင် ယခုလအတွင်း ကျင်းပပြုလုပ်မည့် တက္ကသိုလ်ဝင်စာမေးပွဲ တွင် ကျောင်းသားကျောင်းသူ (၁၂၃) ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

 

၂၀၂၂ ခုနှစ် ချီဖွေမြို့နယ်၊ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲအား ချီဖွေမြို့နယ်၊ အ‌ခြေခံပညာအတက်တန်းကျောင်း စာစစ်ဌာန၌ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်းသိရသည်။

 

ချီဖွေမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲစာစစ်ဌာနတစ်ခုသာရှိပြီး ကျောင်း (၄) ကျောင်းမှ ကျောင်းသား/သူများ နှင့် ပန်ဝါ၊ နိဇွန်ဘော်၊ ဆော့လော်မြို့နယ်တို့မှ ကျောင်းသား/သူ စုစုပေါင်း (၁၂၃) ဦး ဝင်ရောက် ဖြေဆိုသွား မည်ဖြစ်ကြောင်းသိရသည်။

 

ချီဖွေမြို့နယ် အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းတွင်းဖြေဆိုသူ ကျောင်းသား/သူ(၂၂)ဦး၊ အ-ထ-က (ပန်ဝါ) ကျောင်းသား/ သူ (၁၆)ဦး၊ အ-ထ-က(နိုဇွန်ဘော်) ကျောင်းသား/သူ(၃၁)ဦး၊ အ-ထ-က (ဆော့ လော်) ကျောင်းသား/သူ(၁၉)ဦး စုစုပေါင်း (၈၈)ဦးနှင့် ပြင်ပဝင်ရောက်ဖြေဆိုသူကျောင်းသား / သူ စုစုပေါင်း (၃၅)ဦး ဝင်ရောက်ဖြေဆိုသွားမည်ဖြစ်သည်။

 

ဝလုံး

 

#PeopleMedia #EPN

 

(unicode)


……………………………………

 


 


 


 


 


 


 

#PeopleMedia #EPN


Share this post