• Follow Us on

Home ခန္တီးခရိုင်၊ လဟယ်မြို့ရှိ စာသင်ကျောင်း၌ ဆရာ/မ သုံးဦး အပါအဝင် ကျောင်းသား/သူ ၃၇ ယောက် COVID-19 ရောဂါ ကူးစက်ခံထားရ

ခန္တီးခရိုင်၊ လဟယ်မြို့ရှိ စာသင်ကျောင်း၌ ဆရာ/မ သုံးဦး အပါအဝင် ကျောင်းသား/သူ ၃၇ ယောက် COVID-19 ရောဂါ ကူးစက်ခံထားရ

Share this post

မုံရွာ၊ ဒီဇင်ဘာ ၅ (People Media)

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ လဟယ်မြို့ရှိ စာသင်ကျောင်း၌ ဆရာ/မ သုံးဦး အပါအဝင် ကျောင်းသား/သူ ၃၇ ယောက် COVID-19 ရောဂါ ကူးစက်ခံထားရကြောင်း လဟယ်မြို့ ကိုဗစ်ရောဂါ တုန့်ပြန် ထိန်းချုပ် ကာ ကွယ် ကုသရေးအဖွဲ့ဝင်တစ်ဦးက People Media ကို ပြောပါတယ်။

 

COVID-19 ရောဂါကူးစက်ခံရသူများသည် ဆရာမတစ်ဦး၊ ဆရာ ၂ ဦး၊ ကျောင်းသား/သူ ၃၂ ယောက်နှင့် ကျောင်းနှင့် နီးစပ်သူ ၂ ဦး စုစုပေါင်း ၃၇ ယောက် ကူးစက်ခံထားရကြောင်း သိရပါတယ်။

 

လက်ရှိအချိန်၌ COVID-19 ကူးစက်ခံထားရသူများကို ကျန်းမာရေးစောင့်ရှောက်မှု ခံယူလျက်ရှိပြီး စာသင် ကျောင်းကို လက်တလော၌ လော့ဒေါင်းပြုလုပ်ထားကြောင်း သိရပါတယ်။

 

အလားတူ လဟယ်မြို့၌ လာမည့် ဇန်နဝါရီ ၁၄ ရက်နေ့တွင် နာဂရိုးရာပွဲတော်ကျင်းပရန် အုပ်ချုပ်ရေးအဖွဲ့ များနှင့် တိုင်းရင်းသားခေါင်းဆောင်များက စီစဉ်ထားကြောင်း သိရပါတယ်။

 

Photo- credit

 

#PeopleMedia #COVID19 #လဟယ်မြို့

 

(unicode)


……………………………………………….

 


 


 


 


 


 

Photo- credit

 



Share this post