• Follow Us on

Home ခန္တီးနှင့် ဟုမ္မလင်းကို နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ထည့်သွင်းရန် စီစဉ်မှု ပယ်ဖျက်လိုက်ကြောင်း စစ်ကိုင်းတိုင်းထွေအုပ် ထုတ်ပြန်


Share this post

မုံရွာ၊ ဖေဖော်ဝါရီ – ၁၈







(Unicode)
ခန္တီးနှင့် ဟုမ္မလင်းကို နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ထည့်သွင်းရန် စီစဉ်မှု ပယ်ဖျက်လိုက်ကြောင်း စစ်ကိုင်းတိုင်းထွေအုပ် ထုတ်ပြန်
……………………………………………………

မုံရွာ၊ ဖေဖော်ဝါရီ – ၁၈

ခန္တီးနှင့် ဟုမ္မလင်းကို နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ထည့်သွင်းရန် စီစဉ်မှုအပေါ် ရှမ်းနီများ လက် မခံခြင်းကြောင့် ပယ်ဖျက်လိုက်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ထုတ် ပြန်လိုက်ပါတယ်။

အတိုင်ပင်ခံ၏ နာဂခရီးစဉ်အတွင်း၌ ခန္တီးနှင့်ဟုမ္မလင်းကို ခန္တီးနှင့် ဟုမ္မလင်းကို နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အတွင်း ထည့်သွင်းရန် နဂတိုင်းရင်းသားခေါင်းဆောင်များက အတိုင်ပင်ခံကို တောင်းဆိုခဲ့ကြတာလည်း ဖြစ်ပါ တယ်။

ထိုကဲ့သို့ ခန္တီးနှင့် ဟုမ္မလင်းကို နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ထည့်သွင်းရန်ကိစ္စရပ်အပေါ် ရှမ်းနီတိုင်း ရင်းသား လူမှုအဖွဲ့အစည်းအသီးသီးက ကန့်ကွက်ကြောင်း သဘောထားထုတ်ပြန်ခဲ့ပါတယ်။

အဆိုပါကန့်ကွက်မှုများကြောင့် ယခင်အကြောင်းကြားစာကို ပယ်ဖျက်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး၊ အထွေ ထွေအုပ်ချုပ်ရေးဌာနက ဖေဖော်ဝါရီ(၁၇)ရက်၌ ရည်ညွှန်းစာထပ်မံထုတ်ပြန်ခဲ့သည်။

အဆိုပါရည်ညွှန်းစာကို ထပ်မံအတည်ပြုနိုင်ရန် PeopleMedia မှ စစ်ကိုင်းတိုင်းအစိုးရထံ ထပ်မံဆက်သွယ် လျှက်ရှိပါတယ်။

#PeopleMedia #နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ


Share this post