• Follow Us on

Home ခန္တီးမြို့နယ်၌ လူငယ် ၃ ဦး လက်နက်များနှင့်အတူ ဖမ်းမိ

ခန္တီးမြို့နယ်၌ လူငယ် ၃ ဦး လက်နက်များနှင့်အတူ ဖမ်းမိ

Share this post

စစ်ကိုင်း၊ ဇွန် ၂၄

 

ဇွန်လ ၂၃ ရက်နေ့ ညနေ ၅:၃၀ အချိန်က စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့၊ ပေါမိုင်းရပ်ကွက်နေ ဦးဖိုးသဲ၏ နေအိမ်သို့ လုံခြုံရေးအဖွဲ့များက သွားရောက်ရှာဖွေခဲ့သည်။

 

ထိုသို့ရှာဖွေရာ အဆိုပါ နေအိမ်အတွင်း၌ တင်စိုး(ဟုမ္မလင်းမြို့နယ်) ဟိန်းစိုးအောင်၊ (လှည်းကျောင်းကူးကျေး ရွာ၊ အရာတော်မြို့နယ်)နှင့် အေးမြင့်မိုရ်(မြဝတီရပ်ကွက်၊ အောင်သပြေလမ်း၊ ရတနာလမ်းသွယ်၊ မုံရွာမြို့) နေသူတို့ (၃) ဦးတို့ကို ပစ္စတို ၁ လက်/ကျည်အိမ် ၁ ခု၊ အိန္ဒိယထုတ် ပွိုင့်-၂၂ ပစ္စတို ၁ လက်/ကျည်အိမ် ၁ ခု/ကျည် ၃ တောင့်၊ အီတလီထုတ် ပစ္စတို ၁ လက်/ကျည်အိမ် ၁ ခု/ကျည် ၄၀ တောင့်၊ မှန်ပြောင်း ၁ ခုတို့နှင့် အတူ ဖမ်းဆီးရမိခဲ့သည်။

 

အဆိုပါ ဖမ်းဆီးရမိသူ ၃ ဦးသည် PDF အဖွဲ့ဝင်များဖြစ်ကြောင်း တာဝန်ရှိသူအချို့ကပြောသည်။

 

#PeopleMedia #ခန္တီးမြို့နယ်

 

(unicode)

ခန်တီးမွို့နယျ၌ လူငယျ ၃ ဦး လကျနကျမြားနှင့ျအတူ ဖမျးမိ

……………………………..

 


 


 


 


 

#PeopleMedia #ခန်တီးမွို့နယျ


Share this post