• Follow Us on

Home ခရိုင်းမီးယားကို ပြန်လည်ရယူလိုကြောင်း ယူကရိန်း၏ပြောဆိုချက်သည် ရုရှားနိုင်ငံကို တိုက်ရိုက်ခြိမ်းခြောက် ခြင်းဖြစ်ကြောင်း ရုရှားအစိုးရပြော

ခရိုင်းမီးယားကို ပြန်လည်ရယူလိုကြောင်း ယူကရိန်း၏ပြောဆိုချက်သည် ရုရှားနိုင်ငံကို တိုက်ရိုက်ခြိမ်းခြောက် ခြင်းဖြစ်ကြောင်း ရုရှားအစိုးရပြော

Share this post

နိုင်ငံတကာ၊ ဒီဇင်ဘာ ၃ (People Media)

 

ရုရှားလိုလားသောခွဲထွက်ရေးဝါဒီများနှင့် ယူကရိန်းအစိုးရတို့ကြား တင်းမာမှုများမြင့်တက်နေစဉ်အတွင်း ရုရှား နိုင်ငံက ၂၀၁၄ ခုနှစ်တွင်သိမ်းပိုက်ထားသော ခရိုင်းမီးယားကျွန်းကို ပြန်လည်ရယူရန် ယူကရိန်းနိုင်ငံ၏ ရည်ရွယ် ချက်ကိုဖော်ပြခြင်းသည် ရုရှားနိုင်ငံကိုတိုက်ရိုက်ခြိမ်းခြောက်ခြင်းဖြစ်ကြောင်း ရုရှားနိုင်ငံက ဒီဇင်ဘာလ ၂ ရက် နေ့က ပြောကြားလိုက်သည်။

 

ခရိုင်းမီးယားသည် ယူကရိန်းပိုင်နယ်မြေဖြစ်ပြီး ယူကရိန်းနိုင်ငံ၏ ရည်ရွယ်ချက်မှာ ခရိုင်းမီးယားလွတ်မြောက်ရေး ဖြစ်ကြောင်း ယူကရိန်းသမ္မတဗိုလိုဒီမာဇီလန်စကီးက ပြောသည်။

 

သို့သော် ယူကရိန်းသမ္မတက ခရိုင်းမီးယားကျွန်းအရေး အင်အားသုံးဖြေရှင်းခြင်းကို ပြောဆိုခြင်းမပြုဘဲ သံတ မန်အရသာဖြေရှင်းရန် ပြောဆိုခဲ့ခြင်းဖြစ်သည်။

 

ခရိုင်းမီးယားကျွန်းပြန်လည်ရရှိရေးသည် ယူကရိန်းနိုင်ငံ၏ အဓိကရည်ရွယ်ချက်ဖြစ်သည်ဟု ယူကရိန်းသမ္မတ ဇီ လန်စကီးက လွှတ်တော်တွင်ပြောဆိုခဲ့ခြင်းသည် ရုရှားနိုင်ငံကို တိုက်ရိုက်ခြိမ်းခြောက်ခြင်းဖြစ်ကြောင်း ရုရှား အ စိုးရပြောခွင့်ရပုဂ္ဂိုလ်ဒီမီထရီပက်စ်ကော့ဗ်က သတင်းထောက်များကိုပြောသည်။

 

“အခုလိုပြောဆိုခြင်းဟာ ယူကရိန်းအစိုးရအနေနဲ့ ရုရှားဒေသကိုကျူးကျော်ဖို့အတွက် အင်အားသုံးစွဲခြင်းအပါအ ဝင် ရနိုင်သမျှနည်းလမ်းအားလုံးကိုအသုံးပြုသွားမယ်လို့ အဓိပ္ပာယ်သက်ရောက်ပါတယ်။ ကျွန်တော်တို့ကတော့ ဒီလိုပဲတွေးထားပါတယ်” ဟု ဒီမီထရီပက်စ်ကော့ဗ်က ပြောသည်။

 

ရုရှားနိုင်ငံအနေဖြင့် ယူကရိန်းနိုင်ငံကို ကျူးကျော်လာနိုင်ဖွယ်ရှိကြောင်း၊ ရုရှားအစိုးရသည် လုံခြုံရေးအကြောင်း ပြချက်တစ်ရပ်အဖြစ် ခြိမ်းခြောက်လာနိုင်ဖွယ်ရှိကြောင်း ယူကရိန်းနိုင်ငံ၏ မဟာမိတ်ဖြစ်သော အနောက်နိုင်ငံ များက မကြာသေးမီသီတင်းပတ်များအတွင်းက သတိပေးပြောကြားခဲ့သည်။

 

“ယူကရိန်းနိုင်ငံတွင်းက ရန်လိုမှုဖြစ်နိုင်ခြေတွေက မြင့်တက်နေပါတယ်။ ဒီအခြေအနေတွေဟာ ကျွန်တော်တို့အ တွက် အထူးစိုးရိမ်ပူပန်စရာကိစ္စအဖြစ် ဆက်လက်ရှိနေဆဲဖြစ်ပါတယ်။ ရန်လိုကျူးကျော်လိုတဲ့ ပြင်းပြတဲ့သွင်ပြင် လက္ခဏာတွေက မြင့်တက်လာနေတယ်လို့ ကျွန်တော်တို့ မြင်ပါတယ်” ဟု ပက်စ်ကော့ဗ်က ပြောသည်။

 

ရုရှားစစ်တပ်က ယူကရိန်းနိုင်ငံအနီးစစ်အင်အားစုစည်းနေခြင်းနှင့်ပတ်သက်၍စိုးရိမ်ပူပန်မိကြောင်း အမေရိကန် အစိုးရကပြောဆိုလိုက်ပြီးနောက် နိုဝင်ဘာလ ၂ ရက်နေ့က အမေရိကန်သံတမန်များနှင့် ရုရှားသံတမန်များ ဆွီ ဒင်နိုင်ငံ၌ တွေ့ဆုံရန်စီစဉ်ခဲ့သည်။

 

ရုရှားနိုင်ငံက ခရိုင်းမီးယားကျွန်းကို ကျူးကျော်သိမ်းပိုက်ခဲ့ပြီးနောက် အချိန်တိုအတွင်း ရုရှားလိုလားသောခွဲ ထွက်ရေးဝါဒီသူပုန်များက ယူကရိန်းနိုင်ငံအရှေ့ဘက်ရှိ ဒေသနှစ်ခုကို သိမ်းပိုက်ခဲ့ကြသည်။

 

ယူကရိန်းအစိုးရနှင့် အနောက်နိုင်ငံမဟာမိတ်အုပ်စုများက ရုရှားအစိုးရသည် ယူကရိန်းနိုင်ငံမှ ခွဲထွက်ရေးဝါဒီ များကို လူ/ လက်နက်အင်အားများဖြည့်ဆည်းထောက်ပံ့ပေးနေကြောင်း စွပ်စွဲပြောဆိုခဲ့ပြီး ရုရှားနိုင်ငံကမူ အဆို ပါစွပ်စွဲချက်ကို ငြင်းဆိုထားသည်။

 

Ref: Russia Says Ukraine Goal to Retake Crimea ‘Direct Threat’

 

#PeopleMedia

 

(unicode)


…………………………………………………………

 


 


 


 


 


 


 


 


 


 


 


 

Ref: Russia Says Ukraine Goal to Retake Crimea ‘Direct Threat’

 

#PeopleMedia


Share this post