• Follow Us on

Home ဂန့်ဂေါမြို့နယ်၊ မြင်သာကျေးရွာ၌ လုံခြုံရေးအဖွဲ့ဝင်များ ခြုံခိုတိုက်ခိုက်ခံရပြီးနောက် နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုဖြစ်ပေါ်ပြီး PDF အဖွဲ့ဝင်များ ကျဆုံးမှုရှိ

ဂန့်ဂေါမြို့နယ်၊ မြင်သာကျေးရွာ၌ လုံခြုံရေးအဖွဲ့ဝင်များ ခြုံခိုတိုက်ခိုက်ခံရပြီးနောက် နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုဖြစ်ပေါ်ပြီး PDF အဖွဲ့ဝင်များ ကျဆုံးမှုရှိ

Share this post

ဂန့်ဂေါ၊ စက်တင်ဘာ ၁၀ (People Media)

 

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်၊ မြင်သာကျေးရွာ၌ လုံခြုံရေးအဖွဲ့ဝင်များ ခြုံခိုတိုက်ခံရပြီးနောက် နှစ်ဖက် အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပေါ်ခဲ့ပြီး PDF အဖွဲ့ဝင်များ ကျဆုံးဒဏ်ရာရရှိမှု ဖြစ်ပေါ်ခဲ့တယ်လို့ ဒေသခံပြည် သူတစ်ဦးက ဆက်သွယ်ပြောဆိုလာသည်။

 

ဖြစ်စဉ်မှာ စက်တင်ဘာ (၁၀) ရက်နေ့၌ လုံခြုံရေးအဖွဲ့ဝင်များသည် မြင်သာကျေးရွာအဝင်၌ PDF အဖွဲ့ဝင်တို့က နှစ်ဖက်ညှပ်၍ ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

 

အဆိုပါဖြစ်စဉ်၌ နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပေါ်ခဲ့ပြီးနောက် PDF အဖွဲ့ဝင်များ ကျဆုံးဒဏ်ရာရရှိခဲ့သ လို လက်နက်များလည်း ဆုံးရှုံးသွားခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောဆိုသည်။

 

“PDF တွေမှာက လက်နက်ဆိုလို့ တူမီးသေနတ်ပဲရှိတယ်။ တူမီးသေနတ်က ရာသီဥတုနဲ့ကြည့်ပြီး ပစ်ခတ်လို့ ရတာ။ မိုးရွာရင် ပစ်လို့မရတော့ဘူး။ ပစ်ခတ်မှုဖြစ်စဉ်မှာ ရာသီဥတုမကောင်းတော့ လက်နက်တွေက အဆင် မပြေဖြစ်ခဲ့ရတယ်”လို့ ဒေသခံတစ်ဦးက ဆက်လက်ပြောဆိုခဲ့သည်။

 

လက်ရှိအချိန်၌ အဆိုပါကျေးရွာအနီးတစ်ဝိုက်၌ လုံခြုံရေးအဖွဲ့ဝင်များ လှုပ်ရှားလျက်ရှိကြောင်း ဒေသခံတစ်ဦး က ဆက်လက်ပြောဆိုသည်။

 

#PeopleMedia #ဂန့်ဂေါမြို့ #မြင်သာကျေးရွာ

 

(unicode)


…………………………………………………………….

 


 


 


 


 


 


 



Share this post