• Follow Us on

Home ဂန့်ဂေါမြို့နယ်၌ တပ်မတော်ယာဉ်တန်း မိုင်းခွဲတိုက်ခိုက်ခံရသည့် ဖြစ်စဉ်မရှိခဲ့ကြောင်း န-စ-က ထုတ်ပြန်

ဂန့်ဂေါမြို့နယ်၌ တပ်မတော်ယာဉ်တန်း မိုင်းခွဲတိုက်ခိုက်ခံရသည့် ဖြစ်စဉ်မရှိခဲ့ကြောင်း န-စ-က ထုတ်ပြန်

Share this post

နေပြည်တော်၊ သြဂုတ် ၂၀ (People Media)

 

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်၌ တပ်မတော်ယာဉ်တန်း မိုင်းခွဲတိုက်ခိုက်ခံရခြင်း မရှိခဲ့ကြောင်း န-စ-က မှ ဩဂုတ် ၂၀ ရက်၌ သတင်းထုတ်ပြန်ထားသည်။

 

ပြီးခဲ့သည့်ရက်ပိုင်းက ဂန့်ဂေါမြို့နယ်၌ တပ်မတော်ယာဉ်တန်း မိုင်းခွဲခံရပြီး တပ်မတော်မှ တပ်သား ၃၀ ကျော် သေဆုံးကြောင်း မီဒီယာအချို့က ရေးသားခဲ့သည်။

 

အလားတူ န-စ-က မှ သတင်းထုတ်ပြန်ရာတွင် သြဂုတ်လ ၁၈ ရက်နေ့က ယင်းမပင်မြို့နယ် လမ်းပြုပြင်ရေး သမားများ လိုက်ပါလာသည့် ရွှေညီကို ကုန်တင်ယာဉ်လိုင်းမှ မော်တော်ယာဉ်တစ်စီးကို လက်နက်ကိုင်များက ရဲလှကျေးရွာအနီးအရောက်တွင် လက်လုပ်မိုင်းနှစ်လုံးဖြင့် ဖောက်ခွဲကာ လက်လုပ်သေနတ်များဖြင့် ဝိုင်း၍ ပစ်ခတ်ခဲ့၍ ယင်းကားပေါ်တွင် လိုက်ပါလာသော လမ်းလုပ်သား ၅ ဦး ဒဏ်ရာရရှိမှု ဖြစ်စဉ်ဖြစ်ပွားခဲ့မှုသာ ရှိပြီး တပ်မတော်ယာဉ်တန်းမိုင်းခွဲတိုက်လိုက်ခံရခြင်း မရှိကြောင်း ဖော်ပြထားသည်။

 

လက်ရှိအချိန်၌ ထိခိုက်ဒဏ်ရာရရှိခဲ့သည့် လမ်းလုပ်သား ၅ ဦးသည် ဂန့်ဂေါမြို့နယ်၊ ဟံသာဝတီ တိုက်နယ် ဆေးရုံတွင် ဆေးကုသမှု ခံယူနေကြောင်း န-စ-က ၏ သတင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

 

 

#PeopleMedia #ဂန့်ဂေါ #PDF #နစက

 

(unicode)


…………………………………………………………………..

 


 


 


 


 


 

 



Share this post