• Follow Us on

Home ဂန့်ဂေါမြို့နယ်၌ ပြည်ခိုင်ဖြိုးပါတီဆိုင်းဘုတ်ထောင်ခဲ့သည့် နေအိမ်ရှိ မိသားစုဝင် ၃ ဦး အသတ်ခံရ

ဂန့်ဂေါမြို့နယ်၌ ပြည်ခိုင်ဖြိုးပါတီဆိုင်းဘုတ်ထောင်ခဲ့သည့် နေအိမ်ရှိ မိသားစုဝင် ၃ ဦး အသတ်ခံရ

Share this post

မကွေး၊ စက်တင်ဘာ ၂၇ (People Media)

 

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်၊ ထယ်လှော်ကျေးရွာ၌ ပြည်ခိုင်ဖြိုးပါတီဆိုင်းဘုတ်ထောင်ခဲ့သည့် နေ အိမ်ရှိ မိသားစုဝင် ၃ ဦးသည် စက်တင်ဘာ ၂၆ ရက်နေ့ ညပိုင်းအချိန်တွင် အသတ်ခံခဲ့ရကြောင်း သိရှိရသည်။

 

အဆိုပါကျေးရွာရှိ ပြည်ခိုင်ဖြိုးပါတီဝင် ၁၇ ဦးလည်း ဖမ်းဆီးခြင်းခံထားရပြီး တစ်ဦးမှာ ထွက်ပြေးလွတ်မြောက် လာကြောင်း ကနဦးသိရှိရသည်။

 

ယင်းကျေးရွာရှိ ပြည်ခိုင်ဖြိုးပါတီကျေးရွာဆိုင်းဘုတ် စိုက်ထူထားသည့် မိသားစုဝင် ၃ ဦး အသတ်ခံရပြီး ပါတီဝင် ၁၆ ဦးကို လက်နက်ကိုင်အဖွဲ့တစ်ခုမှ ဖမ်းဆီးထားဆဲဖြစ်သည်။

 

ဖြစ်စဉ်နှင့်ပတ်သက်ပြီး သက်ဆိုင်ရာသို့ People Media မှ အတည်ပြုမေးမြန်းရာတွင် အတည်ပြုပြောဆိုခြင်းမရှိ သေးပေ။

 

#PeopleMedia #ဂန့်ဂေါ #USDP

 

(unicode)


……………………………………………………………

 


 


 


 


 


 



Share this post