• Follow Us on

Home ဂမ္ဘီယာက ျမန္မာအာဏာပိုင္မ်ားအခ်က္အလက္ေတာင္းခံမႈကို Facebook ပယ္ခ်

ဂမ္ဘီယာက ျမန္မာအာဏာပိုင္မ်ားအခ်က္အလက္ေတာင္းခံမႈကို Facebook ပယ္ခ်

Share this post

ေလာ့စ္အိန္ဂ်လိစ္၊ ၾသဂုတ္ ၇

ဘဂၤါလီ(မူရင္းတြင္႐ိုဟင္ဂ်ာဟုေဖာ္ျပ)လူနည္းစုကို လူမ်ိဳးတုန္းသတ္ျဖတ္မႈျဖင့္ ျမန္မာႏိုင္ငံကို ကမာၻ႔တရား႐ံုးတြင္စြပ္စြဲထားသည့္ဂမ္ဘီယာႏိုင္ငံ၏ေတာင္းဆိုခ်က္ကို Facebook ကုမၸဏီက ပယ္ခ်ခဲ့သည္။

အသံုးျပဳသူမ်ား၏ဆက္သြယ္မႈမ်ားကိုမေဖာ္ထုတ္ရန္ အီလက္ထေရာနစ္ဆက္သြယ္ေရးဝန္ေဆာင္မႈလုပ္ငန္း မ်ားကို တားျမစ္ထားသည့္အေမရိကန္ဥပေဒတစ္ခုကို ဂမ္ဘီယာ၏ေတာင္းဆိုမႈက ခ်ိဳးေဖာက္ေနသျဖင့္ ပယ္ခ်ရန္ အေမရိကန္ျပည္ေထာင္စုမွ ကိုလံဘီယာခ႐ိုင္တရား႐ံုးကို အဂၤါေန႔တြင္ လူမႈကြန္ရက္ကုမၸဏီႀကီးက တိုက္တြန္းခဲ့သည္။

အဓိကစစ္ဘက္ႏွင့္ရဲဘက္ဆိုင္ရာအရာ႐ွိမ်ား၏ဆက္သြယ္မႈမ်ားႏွင့္စာ႐ြက္စာတမ္းမ်ားအားလံုးကို ထုတ္ျပန္ေပးရန္ ဇြန္လတြင္စတင္ေတာင္းဆိုခ်က္သည္ သာမန္ထက္ပိုက်ယ္ျပန္႔ၿပီး အေကာင့္မ်ားကို အတိုင္းအဆမ႐ွိအထူး၀င္ေရာက္ခြင့္မ်ားပါ၀င္ေနသည္ဟု Facebook ကေျပာသည္။

ထိုကိစၥအေၾကာင္းအၾကမ္းဖ်င္းသိထားၿပီဟု ဂမ္ဘီယာေ႐ွ႕ေနခ်ဳပ္ေဒၚဒါ ဂ်ယ္လိုက ႐ိုက္တာကိုေျပာေသာ္လည္း တစံုတရာမွတ္ခ်က္မျပဳေသးေခ်။

ကုလသမဂၢႏိုင္ငံတကာတရား႐ံုး(အိုင္စီေဂ်)တြင္တင္ျပထားသည့္အမႈ၌ ျမန္မာႏိုင္ငံသည္ ၁၉၄၈ ခုႏွစ္ ကုလသမဂၢလူမ်ိဳးတုန္သတ္ျဖတ္မႈဆိုင္ရာအျပည္ျပည္ဆိုင္ရာသေဘာတူညီခ်က္ကို ခ်ိဳးေဖာက္ေနသည္ဟု စြပ္စြဲထားသည္။

ျမန္မာအာဏာပိုင္မ်ားက သူပုန္ထမႈကို ရင္ဆိုင္ေနျခင္းျဖစ္ၿပီး စနစ္တက်ရက္စက္မႈမ်ားမျပဳလုပ္ခဲ့ေၾကာင္း ျငင္းဆိုထားသည္။

၂၀၁၇ ခုႏွစ္တြင္ လူအေျမာက္အမ်ားသတ္ျဖတ္မႈႏွင့္အဓမၼမႈမ်ားက်ဴးလြန္ခဲ့သည္ဟု ဒုကၡသည္မ်ားကေျပာေသာ တပ္မေတာ္၏ၿဖိဳခြင္းမႈမ်ားအၿပီး ဘဂၤါလီမြတ္ဆလင္ ၇၃၀၀၀၀ ေက်ာ္ ရခိုင္ျပည္နယ္မွ ဘဂၤလားေဒ့႐ွ္ႏိုင္ငံသို႔ထြက္ေျပးခဲ့သည္။

အရပ္သားမ်ားကို သတ္ျဖတ္ျခင္းႏွင့္ ႐ြာမ်ားမီး႐ွိဳ႕ျခင္းမ်ားကို လူ႔အခြင့္အေရးအဖြဲ႔မ်ားက မွတ္တမ္းတင္ထားသည္။

အၾကမ္းဖက္မႈမ်ားကိုမီးထိုးေပးခဲ့သည့္ အမုန္းစကားမ်ားပ်ံ႕ႏွံ႔ရာတြင္ Facebook သည္ အဓိကအခန္းက႑မွပါ၀င္ခဲ့ေၾကာင္း ၂၀၁၈ ခုႏွစ္တြင္ ကုလသမဂၢလူ႔အခြင့္အေရးစံုစမ္းစစ္ေဆးသူမ်ားကေျပာသည္။

အမုန္းစကားမ်ားကို ပိတ္ဆို႔ရန္လုပ္ေဆာင္ေနေၾကာင္း Facebook ကေျပာသည္။

Ref : Facebook rejects request to release Myanmar officials’ data for genocide case

#PeopleMedia

(unicode)
ဂမ်ဘီယာက မြန်မာအာဏာပိုင်များအချက်အလက်တောင်းခံမှုကို Facebook ပယ်ချ
……………………………………………………

လော့စ်အိန်ဂျလိစ်၊ ဩဂုတ် ၇

ဘင်္ဂါလီ(မူရင်းတွင်ရိုဟင်ဂျာဟုဖော်ပြ)လူနည်းစုကို လူမျိုးတုန်းသတ်ဖြတ်မှုဖြင့် မြန်မာနိုင်ငံကို ကမ္ဘာ့တရားရုံးတွင်စွပ်စွဲထားသည့်ဂမ်ဘီယာနိုင်ငံ၏တောင်းဆိုချက်ကို Facebook ကုမ္ပဏီက ပယ်ချခဲ့သည်။

အသုံးပြုသူများ၏ဆက်သွယ်မှုများကိုမဖော်ထုတ်ရန် အီလက်ထရောနစ်ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်း များကို တားမြစ်ထားသည့်အမေရိကန်ဥပဒေတစ်ခုကို ဂမ်ဘီယာ၏တောင်းဆိုမှုက ချိုးဖောက်နေသဖြင့် ပယ်ချရန် အမေရိကန်ပြည်ထောင်စုမှ ကိုလံဘီယာခရိုင်တရားရုံးကို အင်္ဂါနေ့တွင် လူမှုကွန်ရက်ကုမ္ပဏီကြီးက တိုက်တွန်းခဲ့သည်။

အဓိကစစ်ဘက်နှင့်ရဲဘက်ဆိုင်ရာအရာရှိများ၏ဆက်သွယ်မှုများနှင့်စာရွက်စာတမ်းများအားလုံးကို ထုတ်ပြန်ပေးရန် ဇွန်လတွင်စတင်တောင်းဆိုချက်သည် သာမန်ထက်ပိုကျယ်ပြန့်ပြီး အကောင့်များကို အတိုင်းအဆမရှိအထူးဝင်ရောက်ခွင့်များပါဝင်နေသည်ဟု Facebook ကပြောသည်။

ထိုကိစ္စအကြောင်းအကြမ်းဖျင်းသိထားပြီဟု ဂမ်ဘီယာရှေ့နေချုပ်ဒေါ်ဒါ ဂျယ်လိုက ရိုက်တာကိုပြောသော်လည်း တစုံတရာမှတ်ချက်မပြုသေးချေ။

ကုလသမဂ္ဂနိုင်ငံတကာတရားရုံး(အိုင်စီဂျေ)တွင်တင်ပြထားသည့်အမှု၌ မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ် ကုလသမဂ္ဂလူမျိုးတုန်သတ်ဖြတ်မှုဆိုင်ရာအပြည်ပြည်ဆိုင်ရာသဘောတူညီချက်ကို ချိုးဖောက်နေသည်ဟု စွပ်စွဲထားသည်။

မြန်မာအာဏာပိုင်များက သူပုန်ထမှုကို ရင်ဆိုင်နေခြင်းဖြစ်ပြီး စနစ်တကျရက်စက်မှုများမပြုလုပ်ခဲ့ကြောင်း ငြင်းဆိုထားသည်။

၂၀၁၇ ခုနှစ်တွင် လူအမြောက်အများသတ်ဖြတ်မှုနှင့်အဓမ္မမှုများကျူးလွန်ခဲ့သည်ဟု ဒုက္ခသည်များကပြောသော တပ်မတော်၏ဖြိုခွင်းမှုများအပြီး ဘင်္ဂါလီမွတ်ဆလင် ၇၃၀၀၀၀ ကျော် ရခိုင်ပြည်နယ်မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ထွက်ပြေးခဲ့သည်။

အရပ်သားများကို သတ်ဖြတ်ခြင်းနှင့် ရွာများမီးရှို့ခြင်းများကို လူ့အခွင့်အရေးအဖွဲ့များက မှတ်တမ်းတင်ထားသည်။

အကြမ်းဖက်မှုများကိုမီးထိုးပေးခဲ့သည့် အမုန်းစကားများပျံ့နှံ့ရာတွင် Facebook သည် အဓိကအခန်းကဏ္ဍမှပါဝင်ခဲ့ကြောင်း ၂၀၁၈ ခုနှစ်တွင် ကုလသမဂ္ဂလူ့အခွင့်အရေးစုံစမ်းစစ်ဆေးသူများကပြောသည်။

အမုန်းစကားများကို ပိတ်ဆို့ရန်လုပ်ဆောင်နေကြောင်း Facebook ကပြောသည်။

Ref : Facebook rejects request to release Myanmar officials’ data for genocide case

#PeopleMedia


Share this post