• Follow Us on

Home ဂမ္ဘီယာတရားစြဲမႈျဖစ္စဥ္တြင္ နယ္သာလန္ႏွင့္အတူ ကေနဒါၾကား၀င္မည္

ဂမ္ဘီယာတရားစြဲမႈျဖစ္စဥ္တြင္ နယ္သာလန္ႏွင့္အတူ ကေနဒါၾကား၀င္မည္

Share this post

ဒါကာ၊ ဒီဇင္ဘာ ၅ (People Media)

ႏိုင္ငံတကာတရား႐ံုး(အိုင္စီေဂ်)တြင္ ျမန္မာႏိုင္ငံကို ဂမ္ဘီယာႏိုင္ငံက ဘဂၤါလီမ်ားအေပၚ လူမ်ိဳးတုန္း သတ္ျဖတ္မႈမ်ားက်ဴးလြန္ခဲ့သည္ဟုဆိုကာတရားစြဲဆိုထားသည့္အမႈတြင္ နယ္သာလန္ႏိုင္ငံႏွင့္အတူ ကေနဒါႏိုင္ငံကလည္း ၾကား၀င္ရန္ရည္႐ြယ္ထားေၾကာင္း ဘဂၤလားေဒ့႐ွ္ႏိုင္ငံဆိုင္ရာကေနဒါသံအမတ္ႀကီး ဘီႏိုအစ္ ပရီဖြန္တိန္းက ေသာၾကာေန႔တြင္ေျပာသည္။

ၾကား၀င္မည့္အတိုင္းအတာကိုမဆံုးျဖတ္ရေသးေသာ္လည္း ကေနဒါႏိုင္ငံက လိင္ပိုင္းဆိုင္ရာျပစ္မႈမ်ားႏွင့္ အဓမၼမႈမ်ားအပါအ၀င္ က်ားမေရးရာအေျချပဳအၾကမ္းဖက္မႈမ်ားကို အထူးအာ႐ံုစိုက္ရန္ရည္႐ြယ္ေၾကာင္း ေျပာသည္။

၂၀၁၇ ခုႏွစ္တြင္ ဘဂၤါလီအၾကပ္အတည္းစတင္ၿပီးေနာက္ပိုင္း တာ၀န္ခံမႈ႐ွိေရးႏိုင္ငံတကာေဆြးေႏြးမႈမ်ားကို ကေနဒါႏိုင္ငံက ဦးေဆာင္အႀကံျပဳေနသည္။

ကေနဒါႏိုင္ငံသည္ ကုလသမဂၢအေထြေထြညီလာခံႏွင့္လူ႔အခြင့္အေရးေကာင္စီတို႔တြင္ ဆံုးျဖတ္ခ်က္မ်ား တင္သြင္းရာ၌ အဓိကအခန္းက႑မွပါ၀င္ခဲ့ၿပီး ျမန္မာႏိုင္ငံဆိုင္ရာအမွီအခိုကင္းေသာ စံုစမ္းေဖာ္ထုတ္ေရး ယႏၲရားတည္ေထာင္ရာတြင္လည္း ပူးတြဲအလုပ္လုပ္ခဲ့သည္။

ႏိုင္ငံတကာရာဇ၀တ္မႈဆိုင္ရာတရား႐ံုး(အိုင္စီစီ)ႏွင့္ အိုင္စီေဂ် ၂ ခုစလံုးတြင္ အတင္းအၾကပ္နယ္ႏွင္ျခင္းမ်ားကို ေဖာ္ထုတ္ရန္မၾကံဳစဖူးစံုစမ္းေဖာ္ထုတ္မႈမ်ားကို ဆက္လက္ေထာက္ပံ့ရန္ႏွင့္ ကုလသမဂၢလံုျခံဳေရးေကာင္စီက အိုင္စီစီထံ အေျခအေနကိုလႊဲေပးေရး ဆက္လက္ေတာင္းဆိုမည္ဟုလည္း ကေနဒါသံအမတ္ႀကီးကေျပာသည္။

ဘဂၤါလီမ်ားအေပၚက်ဴးလြန္ခဲ့သည့္ရက္စက္မႈမ်ားကို အဓိပၸာယ္႐ွိ႐ွိေဖာ္ထုတ္ေရး ျမန္မာႏိုင္ငံကိုဆက္လက္ဖိ အားေပးမည္ျဖစ္ေၾကာင္းႏွင့္ အိုင္စီေဂ်ကခ်မွတ္ထားသည့္ႀကိဳတင္ကာကြယ္ေရးအစီအမံမ်ားကို အေကာင္အ ထည္ေဖာ္ရန္တိုက္တြန္းမည္ျဖစ္ေၾကာင္းလည္းေျပာသည္။

Ref : Canada ready to intervene jointly with Netherlands in Gambia case

#PeopleMedia

(unicode)
ဂမ်ဘီယာတရားစွဲမှုဖြစ်စဉ်တွင် နယ်သာလန်နှင့်အတူ ကနေဒါကြားဝင်မည်
………………………………………………

ဒါကာ၊ ဒီဇင်ဘာ ၅ (People Media)

နိုင်ငံတကာတရားရုံး(အိုင်စီဂျေ)တွင် မြန်မာနိုင်ငံကို ဂမ်ဘီယာနိုင်ငံက ဘင်္ဂါလီများအပေါ် လူမျိုးတုန်း သတ်ဖြတ်မှုများကျူးလွန်ခဲ့သည်ဟုဆိုကာတရားစွဲဆိုထားသည့်အမှုတွင် နယ်သာလန်နိုင်ငံနှင့်အတူ ကနေဒါနိုင်ငံကလည်း ကြားဝင်ရန်ရည်ရွယ်ထားကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာကနေဒါသံအမတ်ကြီး ဘီနိုအစ် ပရီဖွန်တိန်းက သောကြာနေ့တွင်ပြောသည်။

ကြားဝင်မည့်အတိုင်းအတာကိုမဆုံးဖြတ်ရသေးသော်လည်း ကနေဒါနိုင်ငံက လိင်ပိုင်းဆိုင်ရာပြစ်မှုများနှင့် အဓမ္မမှုများအပါအဝင် ကျားမရေးရာအခြေပြုအကြမ်းဖက်မှုများကို အထူးအာရုံစိုက်ရန်ရည်ရွယ်ကြောင်း ပြောသည်။

၂၀၁၇ ခုနှစ်တွင် ဘင်္ဂါလီအကြပ်အတည်းစတင်ပြီးနောက်ပိုင်း တာဝန်ခံမှုရှိရေးနိုင်ငံတကာဆွေးနွေးမှုများကို ကနေဒါနိုင်ငံက ဦးဆောင်အကြံပြုနေသည်။

ကနေဒါနိုင်ငံသည် ကုလသမဂ္ဂအထွေထွေညီလာခံနှင့်လူ့အခွင့်အရေးကောင်စီတို့တွင် ဆုံးဖြတ်ချက်များ တင်သွင်းရာ၌ အဓိကအခန်းကဏ္ဍမှပါဝင်ခဲ့ပြီး မြန်မာနိုင်ငံဆိုင်ရာအမှီအခိုကင်းသော စုံစမ်းဖော်ထုတ်ရေး ယန္တရားတည်ထောင်ရာတွင်လည်း ပူးတွဲအလုပ်လုပ်ခဲ့သည်။

နိုင်ငံတကာရာဇဝတ်မှုဆိုင်ရာတရားရုံး(အိုင်စီစီ)နှင့် အိုင်စီဂျေ ၂ ခုစလုံးတွင် အတင်းအကြပ်နယ်နှင်ခြင်းများကို ဖော်ထုတ်ရန်မကြုံစဖူးစုံစမ်းဖော်ထုတ်မှုများကို ဆက်လက်ထောက်ပံ့ရန်နှင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီက အိုင်စီစီထံ အခြေအနေကိုလွှဲပေးရေး ဆက်လက်တောင်းဆိုမည်ဟုလည်း ကနေဒါသံအမတ်ကြီးကပြောသည်။

ဘင်္ဂါလီများအပေါ်ကျူးလွန်ခဲ့သည့်ရက်စက်မှုများကို အဓိပ္ပာယ်ရှိရှိဖော်ထုတ်ရေး မြန်မာနိုင်ငံကိုဆက်လက်ဖိ အားပေးမည်ဖြစ်ကြောင်းနှင့် အိုင်စီဂျေကချမှတ်ထားသည့်ကြိုတင်ကာကွယ်ရေးအစီအမံများကို အကောင်အ ထည်ဖော်ရန်တိုက်တွန်းမည်ဖြစ်ကြောင်းလည်းပြောသည်။

Ref : Canada ready to intervene jointly with Netherlands in Gambia case

#PeopleMedia


Share this post