• Follow Us on

Home ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအား တရားစွဲဆိုထားခြင်းနှင့်ပတ်သက်၍ တရားရုံးတွင် စီရင်ပိုင်ခွင့်မရှိကြောင်း (ICJ) သို့ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် တင်ပြခဲ့

ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအား တရားစွဲဆိုထားခြင်းနှင့်ပတ်သက်၍ တရားရုံးတွင် စီရင်ပိုင်ခွင့်မရှိကြောင်း (ICJ) သို့ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် တင်ပြခဲ့

Share this post

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၆ (People Media)

 

ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအား တရားစွဲဆိုထားခြင်းနှင့်ပတ်သက်၍ တရားရုံးတွင် စီရင်ပိုင်ခွင့်မရှိကြောင်း အပြည်ပြည်ဆိုင်ရာ တရားရုံး(ICJ)သို့  ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်က တင်ပြခဲ့သည်။

 

ဂမ်ဘီယာနိုင်ငံသည် မြန်မာနိုင်ငံကို အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ၌ ၁၉၄၈ ခုနှစ် လူမျိုးသုဉ်းစေမှုကို တားဆီးရန်နှင့် ပြစ်ဒဏ်ပေးရန် နိုင်ငံတကာ သဘောတူစာချုပ် (Convention on the Prevention and Punishment of the Crime of Genocide) ကို ကျူးလွန်ဖောက်ဖျက်သည်ဟု စွပ်စွဲချက်ဖြင့် တရားစွဲဆိုထား ခြင်းနှင့် ပတ်သက်သည့် ကနဦးကန့်ကွက်လွှာကြားနာပွဲတွင် မြန်မာနိုင်ငံ၏ ဒုတိယအကြိမ် လျှောက်လဲမှုကို ဖေဖော်ဝါရီလ ၂၅ ရက်နေ့က ပြုလုပ်ခဲ့ရာ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်နှင့် မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့သည်။

 

“ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအား တရားစွဲဆိုထားခြင်းနဲ့ပတ်သက်ပြီး တရားရုံးမှာ စီရင်ပိုင်ခွင့် မရှိဘူး။ ဒါမှ မဟုတ် ဂမ်ဘီယာနိုင်ငံအနေနဲ့ တရားစွဲဆိုပိုင်ခွင့်မရှိပါဘူး။ တရားရုံးက ဆုံးဖြတ်ပေးဖို့ အပြည်ပြည်ဆိုင်ရာ တရားရုံးကို ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်က တင်ပြခဲ့သည်။

 

ပြည်ထောင်စုဝန်ကြီးက ဂမ်ဘီယာနိုင်ငံဘက်မှ ပြောကြားခဲ့သော အချက်အလက်ပိုင်းဆိုင်ရာနှင့် နိုင်ငံရေး ဆိုင်ရာ စွပ်စွဲပြောဆိုချက်များသည် ကနဦးကန့်ကွက်လွှာအဆင့်တွင် ပြောဆိုရန် သင့်လျှော်ဆီလျော်မှု မရှိကြောင်း၊ ယခုအချိန်သည် မှန်ကန်သည့်အချိန်နှင့် နေရာမဟုတ်သည့်အတွက် အဆိုပါ စွပ်စွဲမှုများကို မြန်မာနိုင်ငံအနေဖြင့် ပြန်လည်တုံ့ပြန်မည်မဟုတ်ကြောင်း၊ အဆိုပါ စွပ်စွဲမှုများသည် တရားရုံးမှ တရားစွဲဆို ပိုင်ခွင့်ရှိမရှိ မဆုံးဖြတ်မီ မြန်မာအစိုးရအား ပြစ်မှုကျူးလွန်သူများအဖြစ်ယူဆစေရန် တရားသူကြီးများနှင့် အများပြည်သူကို သွေးဆောင်ခြင်းဖြစ်သည်ဟု မိမိအနေဖြင့် နားလည်ကြောင်း၊ ဂမ်ဘီယာနိုင်ငံ ကိုယ်စားပြု ရှေ့နေများက တရားရုံးအနေဖြင့် ကြားဖြတ်စီမံဆောင်ရွက်ချက်များဆိုင်ရာ ဆုံးဖြတ်ချက်တွင် မြန်မာနိုင်ငံ၏ ကန့်ကွက်ချက်များကို ငြင်းပယ်ပြီးဖြစ်သဖြင့် ယခု တင်သွင်းသည့် ကနဦးကန့်ကွက်ချက်များကို အလေးအနက် စဉ်းစားရန်မလိုဟု အကြံပြုနေကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အပြည်ပြည်ဆိုင်ရာတရားရုံး ဆုံးဖြတ်ချက်အပိုဒ် (၈၅) အရ မိမိတို့ရပိုင်ခွင့်အား အသုံးချ၍ ကနဦးကန့်ကွက်လွှာ တင်သွင်းခြင်းဖြစ်ကြောင်း၊ ပြောသည်။

 

ထို့အပြင် ကနဦးကန့်ကွက်လွှာ အဆင့်တွင်ပင် စွပ်စွဲထားသည့် ပြစ်မှုများနှင့်ပတ်သက်၍ ကြိုတင်ဆုံးဖြတ်ခြင်း မျိုး မပြုသင့်ကြောင်း၊ သို့ရာတွင် ဂမ်ဘီယာနိုင်ငံက ယခု ကြားနာပွဲကို အသုံးပြု၍ ထိုကဲ့သို့ စွပ်စွဲမှုများ ပြုလုပ် ခဲ့၍ မြန်မာနိုင်ငံ ကိုယ်စားလှယ်အနေဖြင့် လုံးဝတုံ့ပြန်ခြင်းမပြုဘဲ ဆိတ်ဆိတ်နေ၍ မရပါကြောင်း၊ မြန်မာနိုင်ငံ သည် ၁၉၄၈ ခုနှစ် လူမျိုးသုဉ်းစေမှုကို တားဆီးရန်နှင့် ပြစ်ဒဏ်ပေးရန် နိုင်ငံတကာသဘောတူစာချုပ်ကို လိုက် နာရန် သန္နိဌာန် ချမှတ်ထားပြီးဖြစ်ကာ ယင်းသဘော တူညီချက်နှင့်အညီ  ရာဇသတ်ကြီးကို ပြင်ဆင်သည့် ဥပဒေနှင့် ရာဇဝတ်ကျင့်ထုံးဥပဒေကို ပြင်ဆင်သည့်ဥပဒေတို့ကို ပြဌာန်းခဲ့ပြီး ဖြစ်ကြောင်း၊ ကြားဖြတ်စီမံ ဆောင်ရွက်ချက်များအရ လိုက်နာဆောင်ရွက်ရမည်များကိုလည်း အကောင်အထည်ဖော်လျက်ရှိကြောင်း၊ မြေပြင်အခြေ အနေများ ပိုမိုကောင်းမွန်လာစေရန်လည်း စဉ်ဆက်မပြတ် ကြိုးပမ်းနေကြောင်း ပြည်ထောင်စု ဝန်ကြီးက ပြောကြားခဲ့သည်။

 

#PeopleMedia

 

(unicode)


……………………………………………………………………

 


 


 


 


 


 


 

#PeopleMedia


Share this post