• Follow Us on

Home ဂမ်ဘီယာနိုင်ငံ၏ တရားစွဲဆိုမှုသည် မမှန်ကန်သည့်စွပ်စွဲချက်များဖြင့် မိမိတို့နိုင်ငံ၏ ဂုဏ်သိက္ခာကျဆင်းစေ ရန်နှင့် တပ်မတော်ကို ထိခိုက်အောင်ကြိုးပမ်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း န.စ.ကဥက္ကဋ္ဌ ပြောကြား

ဂမ်ဘီယာနိုင်ငံ၏ တရားစွဲဆိုမှုသည် မမှန်ကန်သည့်စွပ်စွဲချက်များဖြင့် မိမိတို့နိုင်ငံ၏ ဂုဏ်သိက္ခာကျဆင်းစေ ရန်နှင့် တပ်မတော်ကို ထိခိုက်အောင်ကြိုးပမ်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း န.စ.ကဥက္ကဋ္ဌ ပြောကြား

Share this post

နေပြည်တော်၊ မတ် ၁၁

 

ဂမ်ဘီယာနိုင်ငံ၏ တရားစွဲဆိုမှုသည် မမှန်ကန်သည့် စွပ်စွဲချက်များဖြင့် မိမိတို့နိုင်ငံ၏ဂုဏ်သိက္ခာကျဆင်းစေ ရန်နှင့် တပ်မတော်ကိုထိခိုက်အောင် ကြိုးပမ်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

 

နိုင်ငံခြားရေးရာမူဝါဒကော်မတီ အစည်းအဝေးအား ယမန်နေ့ မွန်းလွဲပိုင်းတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ပြောကြားခဲ့သည်။

 

“အခုတရားစွဲဆိုတဲ့ ဂမ်ဘီယာနိုင်ငံအနေနဲ့လည်း မိမိတို့နိုင်ငံနဲ့ တိုက်ရိုက်ထိတွေ့တဲ့ နိုင်ငံတစ်ခုမဟုတ်ဘဲ ကိုယ်စားလှယ်အနေနဲ့ ဝင်ရောက်ဆောင်ရွက်ခဲ့တာကို တွေ့ရှိရတယ်။ တရားစွဲဆိုမှုနဲ့ပတ်သက်ပြီး ဥပဒေပိုင်း ဆိုင်ရာတွေမှာ ခိုင်ခိုင်မာမာနဲ့ ဆောင်ရွက်နိုင်ဖို့ တာဝန်ရှိသူတွေအားလုံး ကြိုးပမ်းဆောင်ရွက်ခဲ့တယ်။ မမှန် ကန်တဲ့ စွပ်စွဲချက်တွေနဲ့ မိမိတို့နိုင်ငံရဲ့ ဂုဏ်သိက္ခာကျဆင်းစေဖို့နဲ့ တပ်မတော်ကိုထိခိုက်အောင် ကြိုးပမ်း ဆောင်ရွက်ခဲ့တာဖြစ်တယ်။ တပ်မတော်ဟာ နိုင်ငံတော်ကိုကာကွယ်ဖို့ ပြည်သူတွေရဲ့ အသက်၊ အိုးအိမ်၊ စည်းစိမ်ကို ကာကွယ်ဖို့ဖြစ်တယ်” ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောသည်။

 

မိမိတို့နိုင်ငံကို အပြည်ပြည်ဆိုင်ရာတရားရုံးတွင် ဂမ်ဘီယာနိုင်ငံ၏  တရားစွဲဆိုမှုနှင့်ပတ်သက်၍လည်း ဘင်္ဂ လားဒေ့ရှ်နိုင်ငံနှင့်ပတ်သက်သည့် အိမ်နီးနားချင်းနိုင်ငံ ဆက်ဆံရေးမှစတင်ခဲ့ခြင်းဖြစ်ကြောင်း၊ ကိုလိုနီခေတ်တွင် စတင်ခဲ့သည့်ပြဿနာ တစ်ရပ်ဖြစ်ပြီး အဆိုပါလူဝင်မှုပြဿနာများမှ ယခုအခါ အဆိုပါတရားစွဲဆိုမှုပြဿနာ အထိ ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်း၊ ယခုကဲ့သို့ အပြည်ပြည်ဆိုင်ရာတရားရုံးတွင် သွားရောက်ရင်ဆိုင်ချိန်တွင် လည်း အင်အားကိုရအောင်တည်ဆောက်၍ ဆောင်ရွက်ခဲ့ရကြောင်း၊ အပြည်ပြည်ဆိုင်ရာတရားရုံးတွင် မြန်မာနိုင်ငံကို ကိုယ်စားပြု၍ ပြန်လည်ရှင်းလင်းပြောဆိုမှုများသည် နိုင်ငံအတွက်အားများစွာ ဖြစ်စေသည်ကို တွေ့ ရှိရကြောင်း၊ ထို့ကြောင့်တာဝန်ရှိသူများကိုလည်း ချီးကျူးဂုဏ်ပြုပါကြောင်း၊ နိုင်ငံခြားရေးဝန်ကြီးဌာန၏ လုပ်ဆောင်မှုသည် နိုင်ငံတကာဆက်ဆံရေး၏ ပင်မအလုပ်ဖြစ်သဖြင့် လုပ်ငန်းများကို အောင်မြင်အောင် ဆောင်ရွက်နိုင်ခြင်းဖြင့် မိမိတို့၏ အမျိုးသားနိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍသည် ပိုမိုခိုင်မာမှုရှိစေမည် ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောကြားသည်။

 

#PeopleMedia

 

(unicode)


……………………………………

 


 


 


 


 


 

#PeopleMedia


Share this post