• Follow Us on
Share this post
Ref; Aljazeera
#PeopleMedia
(Unicode)
ဂမ်ဘီယာမှ ရွှေ့ပြောင်းနေထိုင်သူများ လိုက်ပါလာသော လှေတိမ်းမှောက်၊ ၆၂ ဦးသေဆုံး
……………………………………………………………
ဂမ်ဘီယာနိုင်ငံက ရွှေ့ပြောင်းနေထိုင်သူများလိုက်ပါလာတဲ့ လှေတစ်စီးဟာ တောင်အာဖရိကနိုင်ငံ မော်တီးနီး ယားအနောက်ဘက် အတ္တလန္တိတ်သမုဒ္ဒရာမှာ တိမ်းမှောက်ခဲ့ပြီး အနည်းဆုံး ၆၂ ဦးသေဆုံးခဲ့ပါတယ်။
မတော်တဆမှုဖြစ်ပွားခဲ့တဲ့ ရေလမ်းကြောင်းဟာ အနောက်အာဖရိကကနေ ဥရောပကို သွားရောက်နိုင်တဲ့ အဓိကလမ်းကြောင်းတစ်ခုအဖြစ် ရွှေ့ပြောင်းနေထိုင်သူတွေက ရွေးချယ်လေ့ရှိကြပါတယ်။
အခုမတော်တဆမှုဟာ ၂၀၀၀ ခုနှစ်နောက်ပိုင်း လူသေဆုံးမှုအများဆုံးဖြစ်ရပ်လည်းဖြစ်ပါတယ်။
တိမ်းမှောက်ခဲ့တဲ့ လှေပေါ်မှာ လူ ၁၅၀ နီးပါးလိုက်ပါခဲ့ပြီး ၈၃ ဦးဟာ လှေတိမ်းမှောက်ပြီးနောက် နီးစပ်ကမ်းကို ကူးခတ်ရောက်ရှိခဲ့ပါတယ်။
အသက်ရှင်လွတ်မြောက်သူတစ်ဦးရဲ့ ပြောကြားချက်အရ တိမ်းမှောက်ခဲ့တဲ့လှေဟာ ဂမ်ဘီယာနိုင်ငံက နိုဝင်ဘာ ၂၇ ရက်နေ့မှာ စတင်ထွက်ခွာခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
Ref; Aljazeera
Share this post