• Follow Us on

Home ဂမ္ဘီယာ၏ ဘဂၤါလီအေရး တရားစြဲဆိုမႈအတြက္ ဘဂၤလားေဒ့႐ွ္ႏိုင္ငံက ေဒၚလာ ၅ သိန္းေပးအပ္၊ ထိုအမႈ အတြက္ ရန္ပံုေငြထူေထာင္ရန္ အိုအိုင္စီသေဘာတူ

ဂမ္ဘီယာ၏ ဘဂၤါလီအေရး တရားစြဲဆိုမႈအတြက္ ဘဂၤလားေဒ့႐ွ္ႏိုင္ငံက ေဒၚလာ ၅ သိန္းေပးအပ္၊ ထိုအမႈ အတြက္ ရန္ပံုေငြထူေထာင္ရန္ အိုအိုင္စီသေဘာတူ

Share this post

ဒါကာ၊ ဒီဇင္ဘာ ၁ (People Media)

အစၥလာမ္မစ္ပူးေပါင္းေဆာင္႐ြက္ေရးအဖြဲ႕(အိုအိုင္စီ)ထံ ဘဂၤလားေဒ့႐ွ္ႏိုင္ငံက ေဒၚလာ ၅ သိန္းေပးအပ္ခဲ့သည္။

အေနာက္အာဖရိကမွဂမ္ဘီယာႏိုင္ငံက ျမန္မာႏိုင္ငံကို ဘဂၤါလီ(မူရင္းတြင္႐ိုဟင္ဂ်ာဟုေဖာ္ျပ)မ်ားအေပၚ လူမ်ိဳး တုန္းသတ္ျဖတ္မႈက်ဴးလြန္ခဲ့သည္ဟုဆိုကာ တရားစြဲဆိုမႈအတြက္ေငြေၾကးေထာက္ပံ့ရန္အစီအစဥ္ အဖြဲ႕၀င္ ႏိုင္ငံမ်ား၏ ႏိုင္ငံျခားေရး၀န္ႀကီးမ်ားကစတင္ခဲ့ခ်ိန္တြင္ ေပးအပ္ျခင္းျဖစ္သည္။

ဂမ္ဘီယာႏိုင္ငံက ရန္ပံုေငြအေရးတႀကီးလိုအပ္ေနေၾကာင္းေျပာၿပီးေနာက္ပိုင္း အိုအိုင္စီက အေကာင့္တေကာင့္ ဖြင့္လွစ္ခဲ့ေၾကာင္း ဘီအက္စ္အက္စ္သတင္းဌာနကို ဘဂၤလားေဒ့႐ွ္ႏိုင္ငံ၏ အိုအိုင္စီဆိုင္ရာအၿမဲတမ္းကိုယ္စား လွယ္ မိုဟာမက္ ဂ်ာဗစ္ ပတ္ဝါရီကႏိုင္ဂ်ာႏိုင္ငံတြင္က်င္းပေနသည့္ အိုအိုင္စီႏိုင္ငံျခားေရး၀န္ႀကီးမ်ားေကာင္စီ အစည္းအေ၀းတြင္ ေျပာသည္။

အိုအိုင္စီအဖြဲ႕၀င္ႏိုင္ငံမ်ား၏ စိတ္ပါလက္ပါႏွင့္ လံုလံုေလာက္ေလာက္ အေရးတႀကီးေထာက္ပံ့ေငြေတာင္းခံ သည္ဟု ဂမ္ဘီယာတရားေရး၀န္ႀကီး ေဒၚဒါ ေအ ဂ်ယ္လိုက တရားစြဲဆိုမႈေနာက္ဆံုးအေျခအေနကို တင္ျပစဥ္ ေျပာသည္။

နာမည္သတင္း႐ွိေသာ အေမရိကန္မွေ႐ွ႕ေနအဖြဲ႕တဖြဲ႕ကိုငွားရမ္းထားၿပီး သူတို႔အတြက္ေငြေပးေခ်ရန္ ေဒၚလာ ၅ သန္းနီးပါး လိုအပ္ေနေၾကာင္းလည္း ဂ်ယ္လိုကေျပာသည္။

၂၀၁၉ ခုႏွစ္၊ စက္တင္ဘာတြင္ ထိုေ႐ွ႕ေနအဖြဲ႕ကို စတင္ငွားရမ္းခဲ့ခ်ိန္ကစ၍ ယခုႏွစ္ ႏို၀င္ဘာလအထိ ေဒၚလာ ၃ သိန္းသာေပးထားရၿပီး ထိုပမာဏသည္ ေပးရမည့္ေငြ၏ ၁၀ ရာခိုင္ႏႈန္းပင္မ႐ွိေသးေၾကာင္းလည္းေျပာသည္။
ထိုအမႈသည္ ဘဂၤါလီအၾကပ္အတည္းကို ေရ႐ွည္တည္တံ့ေသာနည္းလမ္းျဖင့္ေျဖ႐ွင္းရန္ရည္႐ြယ္ၿပီး ထိုျဖစ္ ရပ္အတြက္ ႏိုင္ငံတကာတရားရံုး(အိုင္စီေဂ်)တြင္ အိုအိုင္စီ၏ျဖစ္လာႏိုင္ေသာ ၾကား၀င္စြက္ဖက္မႈအားလံုးသည္ ဂမ္ဘီယာႏွင့္ ၫွိႏႈိင္းေဆာင္႐ြက္သင့္ေၾကာင္းလည္းေျပာသည္။

အဖြဲ႕၀င္ႏိုင္ငံ ၅၇ ႏိုင္ငံအနက္ ဘဂၤလားေဒ့႐ွ္မွအပ ေဆာ္ဒီအာေရဗ်၊ တူရကီႏွင့္ ႏိုင္ဂ်ီးရီးယားတို႔က ဂမ္ဘီယာ အတြက္ေငြေၾကးေထာက္ပံ့ထားေၾကာင္း အိုအိုင္စီအေထြေထြအတြင္းေရးမွဴးကေျပာသည္။

Ref : Bangladesh disburses $500,000 to OIC for Gambia’s case over Rohingya genocide

#PeopleMedia

(unicode)
ဂမ်ဘီယာ၏ ဘင်္ဂါလီအရေး တရားစွဲဆိုမှုအတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒေါ်လာ ၅ သိန်းပေးအပ်၊ ထိုအမှု အတွက် ရန်ပုံငွေထူထောင်ရန် အိုအိုင်စီသဘောတူ
………………………………………………………………

ဒါကာ၊ ဒီဇင်ဘာ ၁ (People Media)

အစ္စလာမ်မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(အိုအိုင်စီ)ထံ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒေါ်လာ ၅ သိန်းပေးအပ်ခဲ့သည်။

အနောက်အာဖရိကမှဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို ဘင်္ဂါလီ(မူရင်းတွင်ရိုဟင်ဂျာဟုဖော်ပြ)များအပေါ် လူမျိုး တုန်းသတ်ဖြတ်မှုကျူးလွန်ခဲ့သည်ဟုဆိုကာ တရားစွဲဆိုမှုအတွက်ငွေကြေးထောက်ပံ့ရန်အစီအစဉ် အဖွဲ့ဝင် နိုင်ငံများ၏ နိုင်ငံခြားရေးဝန်ကြီးများကစတင်ခဲ့ချိန်တွင် ပေးအပ်ခြင်းဖြစ်သည်။

ဂမ်ဘီယာနိုင်ငံက ရန်ပုံငွေအရေးတကြီးလိုအပ်နေကြောင်းပြောပြီးနောက်ပိုင်း အိုအိုင်စီက အကောင့်တကောင့် ဖွင့်လှစ်ခဲ့ကြောင်း ဘီအက်စ်အက်စ်သတင်းဌာနကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ အိုအိုင်စီဆိုင်ရာအမြဲတမ်းကိုယ်စား လှယ် မိုဟာမက် ဂျာဗစ် ပတ်ဝါရီကနိုင်ဂျာနိုင်ငံတွင်ကျင်းပနေသည့် အိုအိုင်စီနိုင်ငံခြားရေးဝန်ကြီးများကောင်စီ အစည်းအဝေးတွင် ပြောသည်။

အိုအိုင်စီအဖွဲ့ဝင်နိုင်ငံများ၏ စိတ်ပါလက်ပါနှင့် လုံလုံလောက်လောက် အရေးတကြီးထောက်ပံ့ငွေတောင်းခံ သည်ဟု ဂမ်ဘီယာတရားရေးဝန်ကြီး ဒေါ်ဒါ အေ ဂျယ်လိုက တရားစွဲဆိုမှုနောက်ဆုံးအခြေအနေကို တင်ပြစဉ် ပြောသည်။

နာမည်သတင်းရှိသော အမေရိကန်မှရှေ့နေအဖွဲ့တဖွဲ့ကိုငှားရမ်းထားပြီး သူတို့အတွက်ငွေပေးချေရန် ဒေါ်လာ ၅ သန်းနီးပါး လိုအပ်နေကြောင်းလည်း ဂျယ်လိုကပြောသည်။

၂၀၁၉ ခုနှစ်၊ စက်တင်ဘာတွင် ထိုရှေ့နေအဖွဲ့ကို စတင်ငှားရမ်းခဲ့ချိန်ကစ၍ ယခုနှစ် နိုဝင်ဘာလအထိ ဒေါ်လာ ၃ သိန်းသာပေးထားရပြီး ထိုပမာဏသည် ပေးရမည့်ငွေ၏ ၁၀ ရာခိုင်နှုန်းပင်မရှိသေးကြောင်းလည်းပြောသည်။
ထိုအမှုသည် ဘင်္ဂါလီအကြပ်အတည်းကို ရေရှည်တည်တံ့သောနည်းလမ်းဖြင့်ဖြေရှင်းရန်ရည်ရွယ်ပြီး ထိုဖြစ် ရပ်အတွက် နိုင်ငံတကာတရားရုံး(အိုင်စီဂျေ)တွင် အိုအိုင်စီ၏ဖြစ်လာနိုင်သော ကြားဝင်စွက်ဖက်မှုအားလုံးသည် ဂမ်ဘီယာနှင့် ညှိနှိုင်းဆောင်ရွက်သင့်ကြောင်းလည်းပြောသည်။

အဖွဲ့ဝင်နိုင်ငံ ၅၇ နိုင်ငံအနက် ဘင်္ဂလားဒေ့ရှ်မှအပ ဆော်ဒီအာရေဗျ၊ တူရကီနှင့် နိုင်ဂျီးရီးယားတို့က ဂမ်ဘီယာ အတွက်ငွေကြေးထောက်ပံ့ထားကြောင်း အိုအိုင်စီအထွေထွေအတွင်းရေးမှူးကပြောသည်။

Ref : Bangladesh disburses $500,000 to OIC for Gambia’s case over Rohingya genocide

#PeopleMedia


Share this post