• Follow Us on

Home ဂမ္ဘီယာ၏ လူမ်ိဳးတုန္းသတ္ျဖတ္စြပ္စြဲခ်က္ မွန္ကန္မႈမရွိေၾကာင္း ေဒၚေအာင္ဆန္းစုၾကည္ႏွင့္ ျမန္မာကိုယ္စား ျပဳေရွ႕ေနမ်ား ေထာက္ျပျငင္းဆို

ဂမ္ဘီယာ၏ လူမ်ိဳးတုန္းသတ္ျဖတ္စြပ္စြဲခ်က္ မွန္ကန္မႈမရွိေၾကာင္း ေဒၚေအာင္ဆန္းစုၾကည္ႏွင့္ ျမန္မာကိုယ္စား ျပဳေရွ႕ေနမ်ား ေထာက္ျပျငင္းဆို

Share this post

ျမန္မာႏိုင္ငံအေပၚ ဘဂၤါလီအေရးမွာ လူမ်ိဳးတုန္းသတ္ျဖတ္မႈနဲ႔ ဂမ္ဘီယာက တရားစြပ္စြဲထားမႈကို ဒီဇင္ဘာ ၁၁ ရက္ေန႔မွာ ေဒၚေအာင္ဆန္းစုၾကည္ဦးေဆာင္တဲ့ ကိုယ္စားလွယ္အဖြဲ႕က တံု႔ျပန္ေလွ်ာက္လဲခ်က္ေပးခဲ့ပါတယ္။

ျမန္မာႏိုင္ငံကိုယ္စား ေဒၚေအာင္ဆန္းစုၾကည္က နယ္သာလန္ႏိုင္ငံ သည္ဟိတ္ၿမိဳ႕က ႏိုင္ငံတကာတရားခံု႐ုံး ICJ မွာ ေလွ်ာက္လဲခ်က္ေပးခဲ့ရာမွာ ဂမ္ဘီယာရဲ႕လူမ်ိဳးတုန္းသတ္ျဖတ္မႈစြပ္စြဲခ်က္ဟာ ျပည့္စံုမွန္ကန္မရွိ ဘူးလို႔ ေျပာၾကားခဲ့ပါတယ္။

ရခိုင္ျပည္နယ္မွာ ျမန္မာတပ္မေတာ္က နယ္ေျမရွင္းလင္းေရးျပဳလုပ္ရာမွာ လူအခြင့္အေရးခ်ိဳးေဖာက္မႈေတြ ရွိခဲ့ ရင္ ႏုိင္ငံအစိုးရကသာ အေရးယူေဆာင္ရြက္သြားရမွာျဖစ္ၿပီး လက္ရွိအခ်ိန္မွာ စံုစမ္းစစ္ေဆးအေရးယူမႈေတြ ေဆာင္ရြက္ခဲ့တာေတြရွိသလို ဆက္လက္ေဆာင္ရြက္ဖို႔ ႀကိဳးပမ္းေနတာေတြလည္းရွိတယ္လို႔ ေဒၚေအာင္ဆန္းစု ၾကည္က အခ်က္အလက္နဲ႔တကြ ေလွ်ာက္လဲခ်က္ေပးခဲ့ပါတယ္။

ျမန္မာႏုိင္ငံတြင္း လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈေတြကို ႏုိင္ငံရဲ႕ အေျခခံဥပေဒမ်ားအတိုင္း အစိုးရကသာေဆာင္ ရြက္ရမွာျဖစ္ၿပီး ႏုိင္ငံတကာက ၀င္ေရာက္ေဆာင္ရြက္မႈဟာ ႏုိင္ငံရဲ႕တည္ဆဲဥပေဒအေပၚ အမ်ားျပည္သူရဲ႕ ယံုၾကည္မႈကင္းမဲ့ေစမွာျဖစ္တယ္လို႔လည္း ေဒၚေအာင္ဆန္းစုၾကည္က ေျပာပါတယ္။

ဂမ္ဘီယာရဲ႕ စြပ္စြဲခ်က္ေတြကို မမွန္ကန္ေၾကာင္း ေဒၚေအာင္ဆန္းစုၾကည္က ျငင္းဆိုခဲ့သလို အစိုးရရဲ႕ လက္ရွိ အေရးယူေဆာင္ရြက္ေနမႈေတြကိုလည္း ေဒၚေအာင္ဆန္းစုၾကည္က ရွင္းလင္းေျပာၾကားခဲ့ပါတယ္။

ဆက္လက္ၿပီး ဥပေဒေရးရာ ေလွ်ာက္လဲခ်က္မ်ားအတြက္ ျမန္မာႏုိင္ငံရဲ႕ကိုယ္စားလွယ္အဖြဲ႕၀င္တစ္ဦးျဖစ္တဲ့ ႏိုင္ငံတကာဥပေဒပညာရွင္ မစၥတာ William Schabas ဂမ္ဘီယာရဲ႕ စြပ္စြဲခ်က္မ်ားကို အခ်က္အလက္နဲ႔ တံု႔ျပန္ ေခ်ပသြားခဲ့ပါတယ္။

William Schabas ဟာ ဦးစြာ လူမ်ိဳးတုန္းသတ္ျဖတ္မႈဆိုင္ရာ ဥပေဒေၾကာင္းကို ႏိုင္ငံတကာတြင္ျဖစ္ပြားေနတဲ့ သာဓကေတြနဲ႔ ေထာက္ျပရွင္းလင္းခဲ့ၿပီး ရခိုင္ျပည္နယ္မွာ ျဖစ္ပြားခဲ့တဲ့ ဘဂၤါလီအေရးမွာ အစိုးရရဲ႕ ရည္ရြယ္ ခ်က္ရွိရွိလုပ္ေဆာင္ခ်က္မရွိေၾကာင္း၊ ဂမ္ဘီယာရဲ႕ စြပ္စြဲခ်က္ေတြဟာ ကုလစံုစမ္းစစ္ေဆးေရးအဖြဲ႕ရဲ႕ အေထာက္အထားေတြကိုသာ ကိုးကားထားျခင္းျဖစ္ေၾကာင္း၊ ယင္းသို႔ ကိုးကားထားတဲ့ အစီစဥ္ခံစာမွာလည္း ရခိုင္ျပည္နယ္တြင္း လူမ်ိဳးတုန္းသတ္ျဖတ္မႈျဖစ္ႏိုင္ဖြယ္ရွိသည္ဟုသာ ညႊန္းဆိုခဲ့ေၾကာင္း၊ ဂမ္ဘီယာ၏ စြပ္စြဲခ်က္ မ်ားမွာလည္း တခ်ိဳ႕ေနရာေတြမွာ ကုလစုံစမ္းစစ္ေဆးေရးအဖြဲ႕ရဲ႕ အခ်က္အလက္ေတြနဲ႕ ကြဲလြဲမႈရွိေနေၾကာင္း၊ ကုလစံုစမ္းစစ္ေဆးေရးအစီရင္ခံစာ စာမ်က္ႏွာ ၄၀၀ ေက်ာ္တြင္ ျမန္မာႏုိင္ငံ၌ လူမ်ိဳးတုန္းသတ္ျဖတ္ႏုိင္မႈ ျဖစ္ႏိုင္ေခ်ရွိဟူေသာ အသံုးအႏႈန္း ၁၀၀ ေက်ာ္သံုးႏႈန္းထားေၾကာင္း၊ ဂမ္ဘီယာ၏ လူမ်ိဳးတုန္းသတ္ျဖတ္မႈ စြပ္စြဲခ်က္မွာလည္း အခ်က္အလက္ခိုင္လံုမႈမေၾကာင္းနဲ႔ ICJ တရားခံု႐ုံး တရားသူႀကီးမ်ားအေနနဲ႔ ႏုိင္ငံတကာက လူမ်ိဳးတုန္းသတ္ျဖတ္မႈျဖစ္ရပ္မ်ားတြင္ တရားစီရင္မႈမ်ားကို နားလည္တက္ကၽြမ္းသူမ်ားျဖစ္၍ အထူးတလည္ ေျပာေနစရာမလိုေၾကာင္း တံု႔ျပန္ေခ်ပခဲ့ပါတယ္။

Ref;ICJ

#PeopleMedia

(ျပည္တြင္းျပည္ပ စစ္ေရး၊ ႏိုင္ငံေရး၊ လူမႈေရးစသည့္ သတင္းမ်ား အသစ္တင္တိုင္း သိရွိရန္ PeopleMedia သတင္းဌာန Page ကို like လုပ္ဖို႔ ေမတၱာရပ္ခံပါတယ္)

(Unicode)
ဂမ်ဘီယာ၏ လူမျိုးတုန်းသတ်ဖြတ်စွပ်စွဲချက် မှန်ကန်မှုမရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာကိုယ်စား ပြုရှေ့နေများ ထောက်ပြငြင်းဆို
………………………………………………………

မြန်မာနိုင်ငံအပေါ် ဘင်္ဂါလီအရေးမှာ လူမျိုးတုန်းသတ်ဖြတ်မှုနဲ့ ဂမ်ဘီယာက တရားစွပ်စွဲထားမှုကို ဒီဇင်ဘာ ၁၁ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့က တုံ့ပြန်လျှောက်လဲချက်ပေးခဲ့ပါတယ်။

မြန်မာနိုင်ငံကိုယ်စား ဒေါ်အောင်ဆန်းစုကြည်က နယ်သာလန်နိုင်ငံ သည်ဟိတ်မြို့က နိုင်ငံတကာတရားခုံရုံး ICJ မှာ လျှောက်လဲချက်ပေးခဲ့ရာမှာ ဂမ်ဘီယာရဲ့လူမျိုးတုန်းသတ်ဖြတ်မှုစွပ်စွဲချက်ဟာ ပြည့်စုံမှန်ကန်မရှိ ဘူးလို့ ပြောကြားခဲ့ပါတယ်။

ရခိုင်ပြည်နယ်မှာ မြန်မာတပ်မတော်က နယ်မြေရှင်းလင်းရေးပြုလုပ်ရာမှာ လူအခွင့်အရေးချိုးဖောက်မှုတွေ ရှိခဲ့ ရင် နိုင်ငံအစိုးရကသာ အရေးယူဆောင်ရွက်သွားရမှာဖြစ်ပြီး လက်ရှိအချိန်မှာ စုံစမ်းစစ်ဆေးအရေးယူမှုတွေ ဆောင်ရွက်ခဲ့တာတွေရှိသလို ဆက်လက်ဆောင်ရွက်ဖို့ ကြိုးပမ်းနေတာတွေလည်းရှိတယ်လို့ ဒေါ်အောင်ဆန်းစု ကြည်က အချက်အလက်နဲ့တကွ လျှောက်လဲချက်ပေးခဲ့ပါတယ်။

မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေကို နိုင်ငံရဲ့ အခြေခံဥပဒေများအတိုင်း အစိုးရကသာဆောင် ရွက်ရမှာဖြစ်ပြီး နိုင်ငံတကာက ဝင်ရောက်ဆောင်ရွက်မှုဟာ နိုင်ငံရဲ့တည်ဆဲဥပဒေအပေါ် အများပြည်သူရဲ့ ယုံကြည်မှုကင်းမဲ့စေမှာဖြစ်တယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ဂမ်ဘီယာရဲ့ စွပ်စွဲချက်တွေကို မမှန်ကန်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ငြင်းဆိုခဲ့သလို အစိုးရရဲ့ လက်ရှိ အရေးယူဆောင်ရွက်နေမှုတွေကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ရှင်းလင်းပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး ဥပဒေရေးရာ လျှောက်လဲချက်များအတွက် မြန်မာနိုင်ငံရဲ့ကိုယ်စားလှယ်အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ နိုင်ငံတကာဥပဒေပညာရှင် မစ္စတာ William Schabas ဂမ်ဘီယာရဲ့ စွပ်စွဲချက်များကို အချက်အလက်နဲ့ တုံ့ပြန် ချေပသွားခဲ့ပါတယ်။

William Schabas ဟာ ဦးစွာ လူမျိုးတုန်းသတ်ဖြတ်မှုဆိုင်ရာ ဥပဒေကြောင်းကို နိုင်ငံတကာတွင်ဖြစ်ပွားနေတဲ့ သာဓကတွေနဲ့ ထောက်ပြရှင်းလင်းခဲ့ပြီး ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ဘင်္ဂါလီအရေးမှာ အစိုးရရဲ့ ရည်ရွယ် ချက်ရှိရှိလုပ်ဆောင်ချက်မရှိကြောင်း၊ ဂမ်ဘီယာရဲ့ စွပ်စွဲချက်တွေဟာ ကုလစုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့ အထောက်အထားတွေကိုသာ ကိုးကားထားခြင်းဖြစ်ကြောင်း၊ ယင်းသို့ ကိုးကားထားတဲ့ အစီစဉ်ခံစာမှာလည်း ရခိုင်ပြည်နယ်တွင်း လူမျိုးတုန်းသတ်ဖြတ်မှုဖြစ်နိုင်ဖွယ်ရှိသည်ဟုသာ ညွှန်းဆိုခဲ့ကြောင်း၊ ဂမ်ဘီယာ၏ စွပ်စွဲချက် များမှာလည်း တချို့နေရာတွေမှာ ကုလစုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့ အချက်အလက်တွေနဲ့ ကွဲလွဲမှုရှိနေကြောင်း၊ ကုလစုံစမ်းစစ်ဆေးရေးအစီရင်ခံစာ စာမျက်နှာ ၄၀၀ ကျော်တွင် မြန်မာနိုင်ငံ၌ လူမျိုးတုန်းသတ်ဖြတ်နိုင်မှု ဖြစ်နိုင်ချေရှိဟူသော အသုံးအနှုန်း ၁၀၀ ကျော်သုံးနှုန်းထားကြောင်း၊ ဂမ်ဘီယာ၏ လူမျိုးတုန်းသတ်ဖြတ်မှု စွပ်စွဲချက်မှာလည်း အချက်အလက်ခိုင်လုံမှုမကြောင်းနဲ့ ICJ တရားခုံရုံး တရားသူကြီးများအနေနဲ့ နိုင်ငံတကာက လူမျိုးတုန်းသတ်ဖြတ်မှုဖြစ်ရပ်များတွင် တရားစီရင်မှုများကို နားလည်တက်ကျွမ်းသူများဖြစ်၍ အထူးတလည် ပြောနေစရာမလိုကြောင်း တုံ့ပြန်ချေပခဲ့ပါတယ်။

Ref;ICJ

#PeopleMedia

(ပြည်တွင်းပြည်ပ စစ်ရေး၊ နိုင်ငံရေး၊ လူမှုရေးစသည့် သတင်းများ အသစ်တင်တိုင်း သိရှိရန် PeopleMedia သတင်းဌာန Page ကို like လုပ်ဖို့ မေတ္တာရပ်ခံပါတယ်)


Share this post