• Follow Us on

Home ဂမ္ဘီယာႏိုင္ငံအတြက္ အိုအိုင္စီအဖြဲ႕ ေဒၚလာ ၁၂ သိန္းေထာက္ပံ့

ဂမ္ဘီယာႏိုင္ငံအတြက္ အိုအိုင္စီအဖြဲ႕ ေဒၚလာ ၁၂ သိန္းေထာက္ပံ့

Share this post

ဒါကာ၊ ဒီဇင္ဘာ ၇ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
 
ႏိုင္ငံတကာတရား႐ံုး(အိုင္စီေဂ်)တြင္ ျမန္မာႏိုင္ငံသည္ ဘဂၤါလီ(မူရင္းတြင္႐ိုဟင္ဂ်ာဟုေဖာ္ျပ)မ်ားအေပၚ လူမ်ိဳးတုန္းသတ္ျဖတ္မႈမ်ားက်ဴးလြန္ခဲ့သည္ဟုဆိုကာ တရားစြဲဆိုျခင္းအတြက္ ဂမ္ဘီယာႏိုင္ငံကိုေထာက္ပံ့ရန္ အစၥလာမ္မစ္ပူးေပါင္းေဆာင္႐ြက္ေရးအဖြဲ႔(အိုအိုင္စီ)က ရန္ပံုေငြထူေထာင္ထားရာ ေဒၚလာ ၁.၂ သန္းရ႐ွိထားၿပီျဖစ္သည္။
 
မြတ္ဆလင္အမ်ားစု႐ွိသည့္ႏိုင္ငံ ၅၇ ႏိုင္ငံပါ၀င္ေသာအဖြဲ႔၏ရန္ပံုေငြတြင္ ဘဂၤလားေဒ့႐ွ္ႏိုင္ငံက ေဒၚလာ ၅ သိန္းလွဴဒါန္းထားၿပီး အမ်ားဆံုးလွဴဒါန္းထားသည့္ႏိုင္ငံဟု အိုအိုင္စီအေထြေထြအတြင္းေရးမွဴးခ်ဳပ္႐ံုးက ထုတ္ျပန္သည္။
 
ေဆာ္ဒီအာေရဗ်က ေဒၚလာ ၃၀၀၀၀၀၊ တူရကီ၊ ႏိုင္ဂ်ီးရီးယားႏွင့္ မေလးရွားတို႔က ေဒၚလာ ၁၀၀၀၀၀ စီ ထည့္၀င္ၾကၿပီး အစၥလာမ္မစ္ညီညြတ္ေရးအတြက္ OIC ၏ အထူးရန္ပံုေငြမွ ေဒၚလာ ၁၀၀၀၀၀ လွဴဒါန္းထားသည္။
 
အိုင္စီေဂ်တြင္ ဂမ္ဘီယာအတြက္ ဝါ႐ွင္တန္အေျခစိုက္ေ႐ွ႕ေနလုပ္ငန္းက အမႈလိုက္ေပးၿပီး ထိုအဖြဲ႔အတြက္ ေဒၚလာ ၅ သန္းေပးရန္ အေရးတႀကီးလိုအပ္ေနေၾကာင္း ဂမ္ဘီယာကေျပာထားသည္။
 
ထိုအဖြဲ႕ကလည္း ကုန္က်စရိတ္မ်ားေပးေခ်ရန္ဖိအားေပးေနၿပီး တရားခြင္အတြက္ စရိတ္ေဒၚလာ ၁၀ သန္း ေက်ာ္ကုန္ႏိုင္ေၾကာင္း ဂမ္ဘီယာတရားေရး၀န္ႀကီး ေဒၚဒါ ေအ ဂ်ယ္လိုက ၿပီးခဲ့သည့္တပတ္တြင္ ႏိုင္ဂ်ာႏိုင္ငံ၌က်င္းပခဲ့သည့္ အိုအိုင္စီႏိုင္ငံျခားေရး၀န္ႀကီးမ်ားအစည္းအေ၀းတြင္ BSS သတင္းေအဂ်င္စီကို ေျပာသည္။
 
ထိုအစည္းအေ၀းတြင္ ဘဂၤလားေဒ့႐ွ္ႏွင့္ဂမ္ဘီယာႏိုင္ငံတို႔က ေငြေၾကးေထာက္ပံ့ရန္အင္တိုက္အားတိုက္ပန္ ၾကားခဲ့ၿပီးေနာက္ အိုအိုင္စီအေထြေထြအတြင္းေရးမွဴးခ်ဳပ္႐ံုးက ရန္ပံုေငြထူေထာင္ခဲ့ျခင္းျဖစ္သည္။
 
၂၀၁၉ ခုႏွစ္၊ ႏို၀င္ဘာလတြင္ ဂမ္ဘီယာႏိုင္ငံက ျမန္မာႏိုင္ငံကို တရားစြဲဆိုခဲ့ျခင္းျဖစ္သည္။
 
ဂမ္ဘီယာႏိုင္ငံ၏တရားစြဲဆိုမႈကိုေထာက္ခံသည့္အေနျဖင့္ၾကား၀င္သြားမည္ဟု နယ္သာလန္ႏွင့္ကေနဒါႏိုင္ငံ တို႔ကေျပာသည္။
 
Ref : OIC draws $1.2m for Gambia to run Rohingya genocide case
 
#PeopleMedia
 
(unicode)
ဂမ်ဘီယာနိုင်ငံအတွက် အိုအိုင်စီအဖွဲ့ ဒေါ်လာ ၁၂ သိန်းထောက်ပံ့
…………………………………………
 
ဒါကာ၊ ဒီဇင်ဘာ ၇ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
 
နိုင်ငံတကာတရားရုံး(အိုင်စီဂျေ)တွင် မြန်မာနိုင်ငံသည် ဘင်္ဂါလီ(မူရင်းတွင်ရိုဟင်ဂျာဟုဖော်ပြ)များအပေါ် လူမျိုးတုန်းသတ်ဖြတ်မှုများကျူးလွန်ခဲ့သည်ဟုဆိုကာ တရားစွဲဆိုခြင်းအတွက် ဂမ်ဘီယာနိုင်ငံကိုထောက်ပံ့ရန် အစ္စလာမ်မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(အိုအိုင်စီ)က ရန်ပုံငွေထူထောင်ထားရာ ဒေါ်လာ ၁.၂ သန်းရရှိထားပြီဖြစ်သည်။
 
မွတ်ဆလင်အများစုရှိသည့်နိုင်ငံ ၅၇ နိုင်ငံပါဝင်သောအဖွဲ့၏ရန်ပုံငွေတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒေါ်လာ ၅ သိန်းလှူဒါန်းထားပြီး အများဆုံးလှူဒါန်းထားသည့်နိုင်ငံဟု အိုအိုင်စီအထွေထွေအတွင်းရေးမှူးချုပ်ရုံးက ထုတ်ပြန်သည်။
 
ဆော်ဒီအာရေဗျက ဒေါ်လာ ၃၀၀၀၀၀၊ တူရကီ၊ နိုင်ဂျီးရီးယားနှင့် မလေးရှားတို့က ဒေါ်လာ ၁၀၀၀၀၀ စီ ထည့်ဝင်ကြပြီး အစ္စလာမ်မစ်ညီညွတ်ရေးအတွက် OIC ၏ အထူးရန်ပုံငွေမှ ဒေါ်လာ ၁၀၀၀၀၀ လှူဒါန်းထားသည်။
 
အိုင်စီဂျေတွင် ဂမ်ဘီယာအတွက် ဝါရှင်တန်အခြေစိုက်ရှေ့နေလုပ်ငန်းက အမှုလိုက်ပေးပြီး ထိုအဖွဲ့အတွက် ဒေါ်လာ ၅ သန်းပေးရန် အရေးတကြီးလိုအပ်နေကြောင်း ဂမ်ဘီယာကပြောထားသည်။
 
ထိုအဖွဲ့ကလည်း ကုန်ကျစရိတ်များပေးချေရန်ဖိအားပေးနေပြီး တရားခွင်အတွက် စရိတ်ဒေါ်လာ ၁၀ သန်း ကျော်ကုန်နိုင်ကြောင်း ဂမ်ဘီယာတရားရေးဝန်ကြီး ဒေါ်ဒါ အေ ဂျယ်လိုက ပြီးခဲ့သည့်တပတ်တွင် နိုင်ဂျာနိုင်ငံ၌ကျင်းပခဲ့သည့် အိုအိုင်စီနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးတွင် BSS သတင်းအေဂျင်စီကို ပြောသည်။
 
ထိုအစည်းအဝေးတွင် ဘင်္ဂလားဒေ့ရှ်နှင့်ဂမ်ဘီယာနိုင်ငံတို့က ငွေကြေးထောက်ပံ့ရန်အင်တိုက်အားတိုက်ပန် ကြားခဲ့ပြီးနောက် အိုအိုင်စီအထွေထွေအတွင်းရေးမှူးချုပ်ရုံးက ရန်ပုံငွေထူထောင်ခဲ့ခြင်းဖြစ်သည်။
 
၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလတွင် ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။
 
ဂမ်ဘီယာနိုင်ငံ၏တရားစွဲဆိုမှုကိုထောက်ခံသည့်အနေဖြင့်ကြားဝင်သွားမည်ဟု နယ်သာလန်နှင့်ကနေဒါနိုင်ငံ တို့ကပြောသည်။
 
Ref : OIC draws $1.2m for Gambia to run Rohingya genocide case
 
#PeopleMedia

Share this post