• Follow Us on

Home ဂမ်ဘီယာနိုင်ငံ၏ စွပ်စွဲချက်များကို ဒီဇင်ဘာ ၁၁ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်တုံ့ပြန်ချေပမည်


Share this post





photo-ရိုက်တာ

#PeopleMedia #ICJ

[Unicode]
ဂမ်ဘီယာနိုင်ငံ၏ စွပ်စွဲချက်များကို ဒီဇင်ဘာ ၁၁ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်တုံ့ပြန်ချေပမည်
…………………………………………………………..

မြန်မာနိုင်ငံ၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ နယ်သာလန်နိုင်ငံ သည်ဟိတ်မြို့ အခြေစိုက် နိုင်ငံတကာတရားခုံရုံးမှာ မြန်မာနိုင်ငံအပေါ် ဂမ်ဘီယာနိုင်ငံရဲ့ လူမျိုးသုန်းသတ်ဖြတ်မှုစွပ်စွဲချက်ကို နို၀င်ဘာ ၁၀ ရက်နေ့မှာ စတင်တရားရင်ဆိုင်နေပြီဖြစ်ပါတယ်။

ဒီဇင်ဘာ ၁၀ ရက်နေ့မှာ ICJ ကို ရောက်ရှိလာတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ စောင့်ဆိုင်းနေတဲ့ သတင်းမီဒီယာတွေကို တစ်စုံတစ်ရာမှတ်ချက်ပေးဖြေကြားမှုမရှိခဲ့ပါဘူး။

ဒီဇင်ဘာ ၁၀ ရက်နေ့မှာ ဂမ်ဘီယာနိုင်ငံကို ကိုယ်စားပြုတဲ့ ရှေ့နေက မြန်မာနိုင်ငံအနေနဲ့ လူမျိုးတုန်းသတ်ဖြတ်မှုတွေကို ချက်ချင်းရပ်တန့်ပေးဖို့ တောင်းဆိုထားပါတယ်။

မြန်မာနိုင်ငံကို ကိုယ်စားပြုပြီး တရားရင်ဆိုင်မယ့် ဒေါ်အောင်ဆန်းစုကြည်ဟာ ဂမ်ဘီယာရဲ့ စွပ်စွဲချက်တွေကို မနက်ဖြန်(ဒီဇင်ဘာ ၁၁ ရက်)နေ့မှာ တုံ့ပြန်ချေပသွားမှာဖြစ်ပါတယ်။

photo-ရိုက်တာ

#PeopleMedia #ICJ


Share this post