• Follow Us on
Latest News

Home ဂရိနှင့် ပြင်သစ် ကာကွယ်ရေးစာချုပ် အမေရိကန်ကြိုဆို

ဂရိနှင့် ပြင်သစ် ကာကွယ်ရေးစာချုပ် အမေရိကန်ကြိုဆို

Share this post

နိုင်ငံတကာ၊ စက်တင်ဘာ ၂၉ (People Media)

 

ဂရိနိုင်ငံက ပြင်သစ်နိုင်ငံနှင့် ကာကွယ်ရေးစာချုပ်အသစ်ချုပ်ဆိုလိုက်ခြင်းအား အမေရိကန်အစိုးရက ကြိုဆို လိုက်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက စက်တင်ဘာလ ၂၈ ရက်နေ့ကကြေညာလိုက်သည်။

 

“ဒေသတွင်း တည်ငြိမ်မှုရရှိအောင်ကြိုးပမ်းရာမှာ ဂရိနိုင်ငံရဲ့အခန်းကဏ္ဍကို ကျွန်တော်တို့ အပြည့်အဝထောက်ခံ ပါတယ်။ ပြီးတော့ ဂရိရေတပ်နဲ့ ကျွန်တော်တို့ရဲ့ ခိုင်မြဲတည်တံ့တဲ့ဆက်ဆံရေးကတစ်ဆင့်အပါအဝင် ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ ကြွယ်ဝချမ်းသာရေးအတွက် ကျွန်တော်တို့အတူမျှဝေခံစားရတဲ့ရည်ရွယ်ချက်တွေကို ပိုမိုကောင်း မွန်တိုးတက်စေဖို့ ဂရိနိုင်ငံနဲ့ ဆက်လက်လက်တွဲဆောင်ရွက်သွားဖို့ မျှော်လင့်ထားပါတယ်။” ဟု နိုင်ငံခြားရေးဝန် ကြီးဌာနပြောခွင့်ပုဂ္ဂိုလ်ကပြောသည်။

 

“ဂရိနိုင်ငံနဲ့ ပြင်သစ်နိုင်ငံတို့ရဲ့ ကာကွယ်ရေးစာချုပ်သစ်ကို အသေးစိတ်မသိရပေမဲ့လည်း ဂရိနိုင်ငံနဲ့ ကျွန်တော် တို့နိုင်ငံရဲ့ နှစ်နိုင်ငံအကျိုးစီးပွားနဲ့ ဒေသတွင်းလုံခြုံရေးအတွက် အမေရိကန်-ဂရိ နှစ်နိုင်ငံကာကွယ်ရေးပူးပေါင်း ဆောင်ရွက်ရေးသဘောတူစာချုပ် (MDCA) ကို ၂၀၁၉ ခုနှစ်မှာ အဆင့်မြှင့်တင်ချုပ်ဆိုခဲ့တာကို ကျွန်တော်တို့ အထူးသတိ ပြုမှတ်သားထားပါတယ်။” ဟု ၎င်းကပြောသည်။

 

ဂရိနိုင်ငံနှင့် ပြင်သစ်နိုင်ငံတို့သည် အင်္ဂါနေ့ (စက်တင်ဘာလ ၂၈ ရက်) က “မဟာဗျူဟာမြောက်မိတ်ဖက်နိုင်ငံ” အဖြစ် မဟာမိတ်စာချုပ်သဘောတူလက်မှတ်ရေးထိုးခဲ့သည်။ အဆိုပါသဘောတူညီချက်နှင့်အတူ ပြင်သစ် နိုင် ငံက ဂရိနိုင်ငံထံ ဖရီးဂိတ်စစ်သင်္ဘောသုံးစင်းရောင်းချပေးသွားမည်ဖြစ်ပြီး ယင်းရောင်းချမှုမှာ စတုတ္ထအကြိမ် မြောက်ရောင်းချခြင်းဖြစ်ကြောင်းသိရသည်။

 

ကာကွယ်ရေးသဘောတူစာချုပ်သည် နှစ်နိုင်ငံလုံခြုံရေးနယ်ပယ်တွင် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်သွား မည်ဖြစ်ပြီး နှစ်နိုင်ငံ အချုပ်အခြာပိုင်ဆိုင်ရေးနှင့် နယ်မြေတည်တံ့ခိုင်မြဲရေးတို့ကို ကာကွယ်စောင့်ရှောက်ရေး အ တွက် ကူညီဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယင်းစာချုပ်မှာ ဥရောပကာကွယ်ရေးတွင် အရေးကြီးသောသမိုင်း မှတ်တိုင်တစ်ခုလည်းဖြစ်ကြောင်း ပြင်သစ်သမ္မတ အီမယ်နျူရယ်မက်ခရွန်ကပြောသည်။

 

“ဒီနေ့ဟာ ဂရိနိုင်ငံနဲ့ ပြင်သစ်နိုင်ငံတို့အတွက် သမိုင်းဝင်နေ့တစ်နေ့ဖြစ်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ နယ် ပယ်အားလုံးမှာ စည်းလုံးညီညွတ်မှု၊ နှစ်နိုင်ငံအထောက်အကူဖြစ်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှုတို့အတွက် ကျွန် တော်တို့နိုင်ငံတွေရဲ့ အသင့်ဖြစ်တည်မှုကို မြှင့်တင်နေစဉ်အတွင်းမှာ နှစ်နိုင်ငံကာကွယ်ရေးပူးပေါင်းဆောင်ရွက် မှုကို မြှင့်တင်ဆောင်ရွက်ဖို့ သမ္မတမက်ခရွန်နဲ့အတူ ဆုံးဖြတ်ခဲ့ကြလို့ပဲဖြစ်ပါတယ်။” ဝန်ကြီးချုပ် ကရိယာကိုးမစ် ဆိုတာကီကပြောသည်။

 

ဂရိ-ပြင်သစ် ကာကွယ်ရေးစာချုပ်အရ ဂရိနိုင်ငံကိုလည်းကောင်း ပြင်သစ်နိုင်ငံကိုလည်းကောင်း တတိယနိုင်ငံ တစ်ခုခုက လာရောက်တိုက်ခိုက်ခဲ့လျှင် အဆိုပါနိုင်ငံသည် အတိုက်မခံရသည့်နိုင်ငံနှင့် မဟာမိတ်နိုင်ငံဖြစ်နေ သည့်တိုင်အောင် (ဥပမာ နေတိုးအဖွဲ့ဝင်တူရကီနိုင်ငံဖြစ်နေသည့်တိုင်အောင်) အတိုက်မခံရသည့် နိုင်ငံက အ တိုက်ခံရသည့်နိုင်ငံကို စစ်ရေးအရအကူအညီပေးရန် ပြင်သစ်နိုင်ငံက ကတိပေးထားသည်။

 

ဂရိနိုင်ငံကဝယ်ယူမည့်စစ်သင်္ဘောများမှာ တန်ချိန် ၄၅၀၀ ဖရီးဂိတ်သင်္ဘောများဖြစ်ပြီ။ နောက်ဆုံးပေါ်အကောင်း ဆုံးရေဒါများ၊ ဆိုနာများ၊ မြေပြင်မှ ဝေဟင်ပစ်ဒုံးကျည်များ၊ တာတိုပစ်ဒုံးကျည်များ၊ သင်္ဘောဖျက်ဒုံးကျည်များ၊ တော်ပီဒိုများ၊ အဝေးထိန်းအလိုအလျောက်စက်အမြောက်နှစ်လက်နှင့်အတူ ၇၆ မမ သေနတ်တစ်လက် တပ် ဆင်ထားကြောင်းသိရသည်။

 

Ref: US State Department Welcomes Greece-France Defense Deal

 

#PeopleMedia

 

(unicode)


…………………………………………………………….

 


 


 


 


 


 


 


 


 


 

Ref: US State Department Welcomes Greece-France Defense Deal

 

#PeopleMedia


Share this post