• Follow Us on

Home “ဂဠုန်ဦးစော”နေရာ၌ ပါဝင်သရုပ်ဆောင်မည့် သရုပ်ဆောင်လစ်လပ်၍ ထပ်မံခေါ်ယူ


Share this post

ရန်ကုန်၊ ဇွန်- ၆

“အောင်ဆန်း” ရုပ်ရှင်ဇာတ်ကားကြီးတွင် ဂဠုန်ဦးစော၏နေရာကို ပါဝင်သရုပ်ဆောင်ရန် ရွေးချယ်ခြင်းခံရသော ဂဠုန်ဦးစောမြစ်တော်စပ်သူ ဇော်ဇော်ပိုင်သည် မိဘအုပ်ထိန်းတို့၏ သဘောဆန္ဒအရ ပါဝင်သရုပ်ဆောင်ရန် မဖြစ်နိုင်တော့သည့်အတွက် ၎င်းနေရာတွင် အစားထိုးရန် ခေါ်ယူနေကြောင်း “အောင်ဆန်း” ရုပ်ရှင်ရိုက်ကူး ထုတ်လုပ်ရေးလုပ်ငန်းကော်မတီက ထုတ်ပြန်ထားသည်။

ယခင်က ဂဠုန်ဦးစော ဇာတ်ကောင်နေရာအား ဇော်ဇော်ပိုင် အနေဖြင့် သဘောတူလက်ခံမှုများရှိခဲ့သော်လည်း ယခုတွင် မိဘအုပ်ထိန်းတို့၏ သဘောဆန္ဒအရ ပါဝင်သရုပ်ဆောင်ရန် မဖြစ်နိုင်တော့သည့်အတွက်ကြောင့် သာအကြောင်းပြန်ခြင်းဖြစ်ကြောင်း “အောင်ဆန်း” ရုပ်ရှင်ရိုက်ကူးထုတ်လုပ်ရေးလုပ်ငန်းကော်မတီမှ သတင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

“အောင်ဆန်း” ရုပ်ရှင်ဇာတ်ကားကို ယခု အစိုးရလက်ထက်တွင် ရိုက်ကူးရန် ဒါရိုက်တာအမျိုးမျိုးအား ပြောင်း လဲထားရပြီး ယခု ၂၀၂၀ ခုနှစ်တွင် အပြီးရိုက်ကူးသွားမည်ဟုလည်း ဒါရိုက်တာ ဦးလူမင်းက မီဒီယာများတွင် ထုတ်ဖော်ပြောဆိုမှုများရှိသည့်အပြင် လက်ရှိတွင် ရိုက်ကူးမှုသည် ၈၀ ရာခိုင်နှုန်းအထိ ပြီးစီးနေပြီဖြစ်ကြောင်း “အောင်ဆန်း” ရုပ်ရှင်ရိုက်ကူးထုတ်လုပ်ရေးလုပ်ငန်းကော်မတီတရားဝင်ထုတ်ပြန်ထားသည်။



(unicode)
“ဂဠုန်ဦးစော”နေရာ၌ ပါဝင်သရုပ်ဆောင်မည့် သရုပ်ဆောင်လစ်လပ်၍ ထပ်မံခေါ်ယူ
……………………………………………………

ရန်ကုန်၊ ဇွန်- ၆

“အောင်ဆန်း” ရုပ်ရှင်ဇာတ်ကားကြီးတွင် ဂဠုန်ဦးစော၏နေရာကို ပါဝင်သရုပ်ဆောင်ရန် ရွေးချယ်ခြင်းခံရသော ဂဠုန်ဦးစောမြစ်တော်စပ်သူ ဇော်ဇော်ပိုင်သည် မိဘအုပ်ထိန်းတို့၏ သဘောဆန္ဒအရ ပါဝင်သရုပ်ဆောင်ရန် မဖြစ်နိုင်တော့သည့်အတွက် ၎င်းနေရာတွင် အစားထိုးရန် ခေါ်ယူနေကြောင်း “အောင်ဆန်း” ရုပ်ရှင်ရိ်ုက်ကူး ထုတ်လုပ်ရေးလုပ်ငန်းကော်မတီက ထုတ်ပြန်ထားသည်။

ယခင်က ဂဠုန်ဦးစော ဇာတ်ကောင်နေရာအား ဇော်ဇော်ပိ်ုင် အနေဖြင့် သဘောတူလက်ခံမှုများရှိခဲ့သော်လည်း ယခုတွင် မိဘအုပ်ထိန်းတို့၏ သဘောဆန္ဒအရ ပါဝင်သရုပ်ဆောင်ရန် မဖြစ်နိုင်တော့သည့်အတွက်ကြောင့် သာအကြောင်းပြန်ခြင်းဖြစ်ကြောင်း “အောင်ဆန်း” ရုပ်ရှင်ရိ်ုက်ကူးထုတ်လုပ်ရေးလုပ်ငန်းကော်မတီမှ သတင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

“အောင်ဆန်း” ရုပ်ရှင်ဇာတ်ကားကို ယခု အစိုးရလက်ထက်တွင် ရိုက်ကူးရန် ဒါရိုက်တာအမျိုးမျိုးအား ပြောင်း လဲထားရပြီး ယခု ၂၀၂၀ ခုနှစ်တွင် အပြီးရိုက်ကူးသွားမည်ဟုလည်း ဒါရိုက်တာ ဦးလူမင်းက မီဒီယာများတွင် ထုတ်ဖော်ပြောဆိုမှုများရှိသည့်အပြင် လက်ရှိတွင် ရိုက်ကူးမှုသည် ၈၀ ရာခိုင်နှုန်းအထိ ပြီးစီးနေပြီဖြစ်ကြောင်း “အောင်ဆန်း” ရုပ်ရှင်ရိ်ုက်ကူးထုတ်လုပ်ရေးလုပ်ငန်းကော်မတီတရားဝင်ထုတ်ပြန်ထားသည်။

“အောင်ဆန်း” ရုပ်ရှင်ဇာတ်ကား ရိုက်ကူးရန်အတွက် အကြိမ်ကြိမ်ဆွေးနွေးမှုများနှင့် ဇာတ်လမ်းအတွက် ပြင် ဆင်ခဲ့ရသော်လည်း ဇာတ်လမ်းရိုက်ကူးရာတွင် ဇာတ်လမ်း၏ ၈၀ ရာခိုင်နှုန်းအား ၂ လ ကျော်ဖြင့် ရိုက်ကူးမှုနှင့် ပတ်သက်၍ ဝေဖန်မှုများလည်းရှိနေကြာင်း သိရသည်။

#PeopleMedia #AungSanMovie


Share this post