• Follow Us on

Home ဂိုလန်ကုန်းမြင့်အနီးတပ်စွဲထားသည့် ဆီးရီးယားတပ်ဖွဲ့ဝင်များကို အစ္စရေးတိုက်လေယာဉ်က ဒုံးကျည်နှစ်စင်း ပစ်ခတ်ခဲ့

ဂိုလန်ကုန်းမြင့်အနီးတပ်စွဲထားသည့် ဆီးရီးယားတပ်ဖွဲ့ဝင်များကို အစ္စရေးတိုက်လေယာဉ်က ဒုံးကျည်နှစ်စင်း ပစ်ခတ်ခဲ့

Share this post

နိုင်ငံတကာ၊ အောက်တိုဘာ ၂၅ (People Media)

 

အစ္စရေးတိုက်လေယာဉ်တစ်စင်းသည် အစ္စရေးနယ်စပ်၊ ဂိုလန်ကုန်းမြင့်အနီး အခြေစိုက်ထားသော ဆီးရီးယား တပ်ဖွဲ့ဝင်များကို အောက်တိုဘာလ ၂၅ ရက်နေ့ အစောပိုင်းက ဒုံးကျည်နှစ်စင်းနှင့်ပစ်ခတ်ခဲ့ကြောင်းသိရသည်။

 

ဆီးရီးယားနိုင်ငံတောင်ပိုင်း အဲလ်ဘာ့သ်မြို့အပြင်ဘက်ရှိ ဆီးရီးယားအစိုးရတပ်ဖွဲ့များနှင့် မဟာမိတ်များကို ပစ် မှတ်ထား၍ အစ္စရေးတိုက်လေယာဉ်က ဒုံးကျည်များပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဆီးရီးယားနိုင်ငံလူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့က ပြောသည်။

 

အစ္စရေးတိုက်ခိုက်မှုကြောင့် အဆောက်အဦများထိခိုက်ပျက်စီးသွားသော်လည်း ဆီးရီးယားတပ်ဖွဲ့ဝင်များ ထိ ခိုက်ကျဆုံးမှုအကြောင်း မကြားရသေးကြောင်း စစ်ပွဲစောင့်ကြည့်လေ့လာသူတစ်ဦးကပြောသည်။ အဆိုပါတိုက် ခိုက်မှုနှင့်ပတ်သက်၍ အစ္စရေးကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားချက်ထွက်ပေါ်မလာသေးပေ။

 

ဆီးရီးယားစစ်ပွဲကာလအတွင်း အစ္စရေးနိုင်ငံက ဆီးရီးယားနိုင်ငံတွင်းရှိပစ်မှတ်များကို အကြိမ်ရေရာနှင့်ချီ၍ လေ ကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့သည်။ အီရန်အစိုးရကျောထောက်နောက်ခံပြုထားသည့် လက်ဘနွန်မှ ဟစ်ဘို လာအကြမ်းဖက်အဖွဲ့အတွက် လက်နက်များသယ်ယူပို့ဆောင်နေသည်ဟု အကြောင်းပြ၍ အစ္စရေးနိုင်ငံကလေ ကြောင်းမှတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ယင်းလေကြောင်းတိုက်ခိုက်မှုစစ်ဆင်ရေးနှင့်ပတ်သက်၍ အစ္စရေးနိုင်ငံက အသိအမှတ်ပြုခြင်း၊ ဆွေးနွေးခြင်းများ မပြုလုပ်ခဲ့ပေ။

 

ဒေသတွင်းခြေကုပ်ယူရန် ကြိုးစားနေသော ဟစ်ဘိုလာနှင့် အီရန်တပ်ဖွဲ့များကိုလည်း နယ်စပ်တစ်လျှောက် အစ္စရေးနိုင်ငံက အကြိမ်ပေါင်းများစွာတိုက်ခိုက်ခဲ့ရာ လွန်ခဲ့သည့်သီတင်းပတ်က ဆီးရီးယားထောက်လှမ်းရေး တစ်ဦးကို စနိုက်ပါဖြင့် ချောင်းမြောင်းပစ်ခတ်ခဲ့ကြောင်းသိရသည်။

 

ဆီးရီးယားနိုင်ငံတွင် လူသိများသော မစ်ဒ်ဟက်အက်စ်ဆာလက်ဆိုသူမှာ ဂိုလန်ကုန်းမြင့်အနီး အစ္စရေးနယ်စပ် အနီး ရွာတစ်ရွာဖြစ်သော အင်အယ်လ်တီနာကျေးရွာတွင် အစ္စရေးစနိုက်ပါသမားတစ်ဦး၏ လုပ်ကြံသတ်ဖြတ်မှု ကိုခံခဲ့ရကြောင်း ဆီးရီးယားအစိုးရကပြောသည်။ ယင်းကိစ္စနှင့်ပတ်သက်၍ အစ္စရေးတပ်မတော်က ရေငုံနှုတ် ဆိတ်နေခဲ့သည်။

 

Ref: Israeli missiles said to target Syrian forces near Golan Heights border

 

#PeopleMedia

 

(unicode)


……………………………………………………………………….

 


 


 


 


 


 


 


 

Ref: Israeli missiles said to target Syrian forces near Golan Heights border

 

#PeopleMedia


Share this post