• Follow Us on

Home ဂိုလန်ကုန်းမြင့်ဒေသက ထွက်ခွာရန် အစ္စရေးကို ကုလ တရားဝင်တောင်းဆို


Share this post






[Unicode]
ဂိုလန်ကုန်းမြင့်ဒေသက ထွက်ခွာရန် အစ္စရေးကို ကုလ တရားဝင်တောင်းဆို
……………………………………………………………………………..

ဆီးရီးယားမှာ သိမ်းပိုက်ထားတဲ့ ဂိုလန်ကုန်းမြင့်က အစ္စရေးကို ထွက်ခွာဖို့ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ တရားဝင်တောင်းဆိုလိုက်ပြီဖြစ်ပါတယ်။

ကုလအဖွဲ့ဝင်နိုင်ငံတွေက မဲခွဲဆုံးဖြတ်ရာမှာ အဖွဲ့ဝင်နိုင်ငံ ၉၁ နိုင်ငံက အခုဆုံးဖြတ်ချက်ကို ထောက်ခံခဲ့ပြီး ၉ နိုင်ငံက ကန့်ကွက်ခဲ့ကာ ၆၅ နိုင်ငံက ကြားနေခဲ့ကြပါတယ်။

ကုလရဲ့ စည်းမျဉ်းစည်းကမ်းတွေအရ အစ္စရေးအနေနဲ့ ၁၉၆၇ ခုနှစ်၊ဇွန်လမှာ သိမ်းပိုက်ခဲ့တဲ့ ဂိုလန်ကုန်းမြင့်ဒေသက အလုံးစုံ ဆုတ်ခွာပေးရမှာဖြစ်ပါတယ်။

အမေရိကန်ကတော့ ဂိုလန်ကုန်းမြင့်ဒေသနဲ့ ပတ်သက်ပြီး အစ္စရေးရဲ့ နယ်မြေပိုင်နက်ကို ပြန်လည်သတ်မှတ်ဖို့ အချိန်တန်ပြီလို့ ပြောကြားထားခဲ့ပါတယ်။

Ref; middleeastmonitor

#PeopleMedia


Share this post