• Follow Us on

Home ဂီနီစစ်အာဏာသိမ်းမှုကြောင့် ကမ္ဘာ့အလူမီနီယမ်ဈေး မြင့်တက်သွား

ဂီနီစစ်အာဏာသိမ်းမှုကြောင့် ကမ္ဘာ့အလူမီနီယမ်ဈေး မြင့်တက်သွား

Share this post

နိုင်ငံတကာ၊ စက်တင်ဘာ ၆ (People Media)

 

ဂီနီနိုင်ငံမှ နိုင်ငံရေးမတည်ငြိမ်မှုကြောင့် ဆယ်စုနှစ်တစ်ခုကျော်ကာလအတွင်း အလူမီနီယမ်ဈေးနှုန်း အမြင့်ဆုံး အထိတက်ခဲ့သဖြင့် သတ္တုပြုလုပ်ရာတွင်လိုအပ်သည့် ကုန်ကြမ်းထောက်ပံ့ရေးအတွက် စိုးရိမ်ပူပန်မှုများ မြင့် တက်လျက်ရှိသည်။

 

ဂီနီအထူးတပ်ဖွဲ့ခေါင်းဆောင် မယ်မဒီဒမ်းဘူရီယားဦးဆောင်သော ဂီနီစစ်တပ်က နိုင်ငံတော်အာဏာကို သိမ်း ပိုက်လိုက်ပြီးနောက် ဖွဲ့စည်းပုံအခြေခံဥပေဒကို ရပ်ဆိုင်းထားလိုက်ရာ နိုင်ငံတကာအလူမီနီယမ်ဈေးကွက်တွင် ၁၀ နှစ်အတွင်း အမြင့်ဆုံးစံချိန်အထိ ဈေးနှုန်းများထိုးတက်သွားခဲ့ပြီး တရုတ်နိုင်ငံတွင် ၂၀၀၆ ခုနှစ်ကတည်းက ဈေးနှုန်းများတက်လာရာ ယခုအချိန်တွင် အမြင့်ဆုံးအထိထိုးတက်သွားခဲ့သည်။ နိုင်ငံရေးမတည်ငြိမ်မှုကြောင့် နိုင်ငံတကာ ဘောက်ဆိုဒ်သတ္တု (၎င်းမှ ဒန်သတ္တုထုတ်ယူရရှိသည်။) တင်ပို့မှုဈေးကွက်ကမောက်ကမဖြစ်လာ မည့် အလားအလာများတွေ့မြင်နေရကြောင်းသိရသည်။

 

လန်ဒန်တွင် အလူမီနီယမ်ဈေးနှုန်းမှာ ယခုနှစ်အတွင်း ၄၀% မြင့်တက်ခဲ့ရာ ကာဗွန်ာဓာတ်ငွေ့ထိန်းချုပ်နိုင်ရေး ကြိုးစားနေသည့် တရုတ်နိုင်ငံမှ သတ္တုအရည်ကျိုစက်ရုံများတွင်လည်း ဝယ်လိုအားမြင့်တက်ခဲ့သည်။ ဘောက် ဆိုဒ်သတ္တုသည် အလူမီနီယမ်သတ္တုအဖြစ် ထပ်မံပြုလုပ်ရသည့် အလူမီနာသတ္တုပြုလုပ်ရာတွင် အသုံးပြုသော ကုန်ကြမ်းသတ္တုဖြစ်ပြီး ဂီနီနိုင်ငံသည် တရုတ်နိုင်ငံကတင်သွင်းနေသည့် ဘောက်ဆိုဒ်သတ္တုအားလုံး၏ တစ်ဝက် ကိုတင်သွင်းနေသောနိုင်ငံဖြစ်သည်။ ဂီနီနိုင်ငံမှ စစ်အာဏာသိမ်းဖြစ်ရပ်ကြောင့် ဈေးကွက်တစ်ခုလုံး ထိတ်လန့် တုန်လှုပ်သွားကြောင်း ကမ္ဘာ့ဒုတိယအကြီးဆုံးအလူမီနီယမ်ကုမ္ပဏီဖြစ်သော United Co. Rusal တည်ထောင် သူ အိုလက်ချ်ဒီရီပက်စ်ကာကပြောသည်။

 

London Metal Exchange ဈေးကွက်တွင် တစ်တန်လျှင် ဒေါ်လာ ၂,၇၇၅.၅၀ အထိဈေးတက်သွားပြီး ယင်း ပမာဏမှာ ၁.၈% ထိဈေးတက်သွားခြင်းဖြစ်သည်။ ရှန်ဟိုင်းဈေးကွက်တွင် နံနက် ၁၁ နာရီ ၄၅ မိနစ်အထိ တစ်တန်လျှင် ဒေါ်လာ ၂၇၅၀ အထိ အရောင်းအဝယ်ဖြစ်နေခဲ့သည်။ တရုတ်နိုင်ငံတွင် ၂၀၀၆ ခုနှစ်ကတည်းက ယနေ့အချိန်အထိ အမြင့်ဆုံး ၃.၄% အထိ တက်သွားကြောင်းသိရသည်။

“သတ္တုတင်ပို့မှု ကမောက်ကမဖြစ်တဲ့သတင်းတွေ မကြားရသေးပေမဲ့ တရုတ်နိုင်ငံက ဘောက်ဆိုဒ်သတ္တုအများ အပြားဝယ်နေတော့ ရင်းနှီးမြှုပ်နှံသူတွေက အတိုင်းအတာတစ်ခုအထိ စိုးရိမ်နေကြတယ်။ အကျိုးသက်ရောက်မှု အတိုင်းအတာကတော့ အခြေအနေတိုးတက်လာမှုအပေါ်မှာ မူတည်နေပါတယ်။” ဟု Beijing Antaike Information Development Co မှ အလူမီနီယမ်ဆန်းစစ်လေ့လာရေးအဖွဲ့အကြီးအကဲ စီယောင်ဝှေးက ပြောသည်။

 

Ref: Reports of Guinea unrest send aluminium prices to 10-year high

 

#PeopleMedia

 

(unicode)

ဂီနီစဈအာဏာသိမျးမှုကွောင့ျ ကမ်ဘာ့အလူမီနီယမျစြေး မွင့ျတကျသှား

………………………………………………………………..

 


 


 


 


 



 

Ref: Reports of Guinea unrest send aluminium prices to 10-year high

 

#PeopleMedia


Share this post